ရီပတ်ဘလစ်ကန်ပါတီကိုယ်စားပြုသမ္မတကိုယ်စားလှယ်လောင်းတွေရဲ့ စကားစစ်ထိုးပွဲ ကျင်းပတာမှာ သမ္မတဟောင်း Donald Trump က သူပါဝင်မှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ သူ့ပြိုင်ဘက်တွေထဲက တချို့ကတော့ ဒါဟာ သူရဲဘောကြောင်တဲ့လုပ်ရပ်ပဲဆိုပြီး ပြစ်တင်ဝေဖန်ပါတယ်။ ကိုအောင်အောင်က စုစည်းတင်ပြထားပါတယ်။
အိမ်ဝယ်ပြီးနေတာဟာ ရင်းနှီးမြှပ်နှံမှုတမျိုးပဲလို့ အိမ်ခြံမြေအကျိုးဆောင်လည်းဖြစ် ငွေချေးငှား ဝန်ဆောင်မှုပေးတဲ့ မတင်လေးသွယ်က ပြောပါတယ်။ တွေ့ဆုံမေမြန်းခန်း အပိုင်း ၁ မှာ အိမ်ဝယ်ဖို့ ငွေမချေးခင်မှာ ဘာတွေပြင်ဆင်ဖို့လိုမလဲ၊ ဘယ်လိုဒေသတွေမှာ အိမ်စျေးတွေ သက်သာလဲဆိုတာတွေကို ကိုအောင်အောင် မေးမြန်းထားပါတယ်။
အမေရိကန်သမ္မတ Joe Biden နဲ့ ဇနီး Jill Biden တို့ဟာ ဒီကနေ့ တနင်္လာနေ့မှာ Maui ကျွန်းက တောမီးကြောင့် ပျက်စီးဆုံးရှုံးတာတွေကို သွားရောက်ကြည့်ရှုမှာပါ။ Arash Arabasadi ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
အီတလီနိုင်ငံ ဗင်းနစ်စ်မြို့မှာ Foundation Course တက်နေတဲ့ မလဲ့ရည်ပွင့်ဉီး ပြောပြတဲ့ သူ့ရဲ့ ပညာရေးခရီးလမ်းနဲ့ အကောင်အထည်ဖေါ်မယ့် အိပ်မက်တွေအကြောင်းကို ကိုအောင်အောင် ရိုက်ကူးတင်ပြထားပါတယ်။
ဟာဝိုင်အီကျွန်းစုက လဟိုင်နာမြို့မှာ နေထိုင်သူ မြန်မာအားလုံး ဘေးရန်ကင်းကြတယ်လို့ လဟိုင်နာမှာ အလုပ်လုပ်ကိုင်တဲ့ ကိုဂျွန်လဖိုင်က ပြောပါတယ်။ မော်ဝီကျွန်းမှာ နေထိုင်သူ ကိုဂျွန်လဖိုင်ကို ကိုအောင်အောင်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
သမ္မတဟောင်း Donald Trump အပေါ် စွဲဆိုချက်တွေနဲ့ ပတ်သတ်ပြီး ဒီသီတင်းပတ်အတွင်း ဂျော်ဂျီယာပြည်နယ် အစိုးရရှေ့နေက ဂရန်း ဂျူရီ အဖွဲ့ရှေ့မှောက်မှာ လျှောက်လှဲဖို့ ရှိနေပါတယ်။ VOA သတင်းထောက် Veronica Balderas Iglesias ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
၈၈၈၈ အရေးတော်ပုံကာလအတွင်း ဂန္တဝင် တေးသံရှင်ကြီး ဒေါ်မာမာအေးအပါအဝင် တခြား ဂီတနဲ့ အနုပညာရှင်တွေ မြန်မာသံစဥ် ဒီမိုကရေစီရေး တေးသီချင်းတွေ ဘယ်လို သီဆိုအသံသွင်းခဲ့ကြလဲ ဆိုတာကို ၈လေးလုံး ၃၅ နှစ် အမှတ်တရအဖြစ် ဒေါ်မာမာအေးက ပြောပြပေးထားပါတယ်။ ကိုအောင်အောင် ရိုက်ကူး မေးမြန်းတင်ဆက်ထားပါတယ်။
သမ္မတဟောင်း Donald Trump အပေါ် စွဲချက်တွေတင်ထားတာတွေကို လူသိရှင်ကြား ထုတ်ဖေါ်ပြောဆိုခွင့် ကန့်သတ်ဖို့ အစိုးရရှေ့နေတွေက တောင်းဆိုထားတာကို ထရမ့်ရဲ့ ရှေ့နေအဖွဲ့က လက်မခံဘဲ ဆန့်ကျင်သွားမယ်ဆိုပြီး ပြောပါတယ်။ ကိုအောင်အောင် တင်ပြပေးပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စုကအခြေခံပညာကျောင်းတချို့မှာ စာအုပ်တချို့ကို မဖတ်ရဆိုပြီး တာဆီးပိတ်ပင်ထားပါတယ်။PEN America လိုလွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်အလေးထားတဲ့ အသင်းကြီးကတော့ အခုလိုတားဆီးပိတ်ပင်မှုတွေကို စောင့်ကြည့်လေ့လာနေပါတယ်။ဒီလိုတားဆီးပိတ်ပင်မှုတွေဟာဥပဒေနဲ့ ကိုက်ညီရဲ့လား။ကိုအောင်အောင်တင်ပြပေးထားပါတယ်။
နယူးယောက်မြို့ဝန်းကျင်နဲ့ နယူးယောက်နဲ့ ကပ်လျပ်နယူးဂျာစီပြည်နယ်ဒေသတချို့မှာ ယာဉ်ကျောပိတ်ဆို့တာကို ဖြေရှင်းဖို့နဲ့ မော်တော်ကားကထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် လျှော့ချဖို့ ခုအခါအာဏာပိုင်တွေကကြိုးပမ်းလာသလို လမ်းအသုံးပြုခထပ်မံပေးဆောင်ဖို့ နယူးယောက်အာဏာပိုင်တွေကစီစဉ်နေပါတယ်။ကိုအောင်အောင် တင်ပြပေးထားပါတယ်။
အမေရိကန်သမ္မတဟောင်း Donald Trump ဟာ သူ့အပေါ် နောက်ထပ် စွဲချက်တင်ထားတွေနဲ့ ပတ်သတ်ပြီး ဒါဟာ နိုင်ငံရေးအရထိုးနှက်မှုအဖြစ် ပုံဖေါ်ပြောဆိုပါတယ်။ သတင်းထောက် Veronica Balderas Iglesias ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်တင်ပြပေးထားပါတယ်။
အင်ဒီယားနားပြည်နယ် ဖော့ဝိန်းမြို့က မြန်မာတွေ ဖွင့်ထားတဲ့ လက်သည်းခြေသည်း အလှပြင်ဆိုင် တခုအကြောင်းကို တင်ပြပေးပါမယ်။အမေရိကမှာ အခြေချနေထိုင်လာသူတွေဟာ ခုအခါ ကိုယ်ပိုင်လုပ်ငန်းတွေဖွင့်လှစ်လုပ်ကိုင်နိုင်ဖို့ အမေရိကန်အိပ်မက်တခုဖြစ်တာကြောင့်လည်း ခုလို အကောင်အထည်ဖေါ်တာလို့ဆိုပါတယ်။ ကိုအောင်အောင် တင်ပြပါမယ်။
ကမ္ဘာတလွှား စံချိန်တင်လောက်အောင် အပူချိန် ဆက်လက်မြင့်မားနေပါတယ်။ ဒါဟာ မော်တော်ကားတွေ စက်ရုံတွေက အမြောက်အများ ထုတ်လွှတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ကြောင့် ဖြစ်ပေါ်လာတဲ့ ရာသီဥတုဖေါက်ပြန်ပြောင်းလဲမှုပြဿနာနဲ့ ဆက်စပ်နေတယ်လို့ သိပ္ပံပညာရှင်တွေက ထောက်ပြကြပါတယ်။ ကိုအောင်အောင် တင်ပြပေးထားပါတယ်။
အင်ဒီယားနားပြည်နယ် အစိုးရက ဇူလိုင်လကို မြန်မာ အမေရိကန်လ အဖြစ် သတ်မှတ်လိုက်တာကို ပြည်နယ်တွင်းမှာနေထိုင်ကြတဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်းအခြေချနေထိုင်ကြသူတွေကကြိုဆိုကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ မြန်မာလအဖြစ်သတ်မှတ်ပေးလာအောင် ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းပါတယ်။ကိုအောင်အောင် တင်ပြပေးထားပါတယ်။
ယူကရိန်းအနေနဲ့ NATO အဖွဲ့ဝင်ဖြစ်ဖို့ ရည်မှန်းချက် မအောင်မြင်သေးပေမယ့် ပြီးခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲအတွင်း မဟာမိတ်နိုင်ငံတွေဘက်က ရေရှည် စစ်ရေးအရအကူအညီပေး မယ်ဆိုတဲ့ ကတိ ရရှိခဲ့ပါတယ်။ သမ္မတ Joe Biden အစိုးရကလည်း ယူကရိန်းကိုကူညီပေးသွားမယ်ဆိုပြီး ထပ်လောင်းပြောခဲ့ပါတယ်။ ကိုအောင်အောင် တင်ပြပေးထားပါတယ်။
အင်ဒီယာနာပြည်နယ်၊ဖော့ဝိန်းမြို့မှာကျင်းပနေတဲ့အလှပြချီတက်လမ်းလျှောက်ပွဲမှာ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ကဒေါင်းဝတ်စုံနဲ့ ချီတက်လမ်းလျှောက်သူတွေလည်းပါဝင်ပါတယ်။ဒါ့အပြင် Miss Indiana Teen 2022 USAကလည်းမြန်မာမိန်းကလေးငယ်တွေ အဘက်ဘက်ကကြိုးစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ကိုအောင်အောင်ရိုက်ကူးတင်ပြထားပါတယ်။
အမေရိကန်ပြည်နယ် ၁၃ ပြည်နယ်နဲ့ ဝါရှင်တန်ဒီစီမှာ သက်ဆိုင်ရာ လူမျိုးအလိုက် မိခင်ဘာသာစကား သင်ကြားပေးသူတွေထဲမှာ အခုဆိုရင် မင်နီဆိုးတာပြည်နယ်မှာ ကရင်ဘာသာနဲ့ သင်ကြားပေးမယ့် အစီအစဉ်လည်း ပါဝင်လာပါတယ်။ သုတစုံလင် အမေရိကန်တခွင် အစီအစဉ်မှာ ကိုအောင်အောင် တင်ပြပေးထားပါတယ်။
တရုတ် တပ်မတော်ကိုယ်စားလှယ်တွေ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ကံပိုင်တည် ကတဆင့်လာတဲ့ လမ်းခရီးမှာတော့ လုံခြုံရေး ရှေ့ပြေးယာဉ် ပစ်ခတ် တိုက်ခိုက်ခံခဲ့ရတာရှိပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ KIA က တိုက်ခိုက်ခဲ့တာလို့ စွပ်စွဲပါတယ်။
ရုရှားသမ္မတဗလာဒီမီယာပူတင်နဲ့ သူ့ရဲ့ လက်တွဲဖက် ဗက်ဂနာကြေးစားတပ်ခေါင်းဆောင်တို့ကြား ပဋိပက္ခတွေဖြစ်နေချိန်မှာ အမေရိကန်ပြည်ထောင်စုကတော့ ယူကရိန်းကို ဆက်လက်ကူညီသွားဖို့ အာရုံစိုက်လုပ်ဆောင်နေပါတယ်။ရုရှား အတွင်းပိုင်း ပဋိပက္ခဟာ ယူကရိန်းစစ်အပေါ်ဘယ်လို သက်ရောက်မှု ရှိမလဲဆိုတာ ကိုအောင်အောင် တင်ပြပေးထားပါတယ်။
နိုင်ငံတော်အပေါ် သစ္စာဖေါက်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ရုရှားသမ္မတ Vladimir Putin က ဒီကနေ့မှာ သတိပေးလိုက်ပါတယ်။ ယူကရိန်းစစ်မှာ ရုရှားဘက်က ဝင်တိုက်ပေးတဲ့ Wagner အုပ်စုက မော်စကိုအထိ ချီတက်မယ်လို့ ခြိမ်းခြောက်ထားစဉ်မှာ Putin က ခုလိုပြောလိုက်တာပါ။ ကိုအောင်အောင် တင်ပြပေးထားပါတယ်
နောက်ထပ်ကြည့်ရှုရန်