ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကကြေညာထားပေမဲ့ ကမ္ဘာတဝှမ်း ကူးစက်ပျံ့နှံ့တဲ့ အဆင့်အထိတော့ တရားဝင် သတ်မှတ်မထားသေးပါဘူး။
(Zawgyi/ Unicode) ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် တရုတ်နိုင်ငံမှာ မြို့ကြီးတော်တော်များများမှာ အသွားအလာတွေ တားမြစ်ထားပြီး စီးပွားရေး လုပ်ငန်းတွေလည်း ပိတ်ထားရတဲ့အတွက် ကမ္ဘာ့စီးပွားရေးအပေါ် ရိုက်ခတ်လာမှာ စိုးရိမ်နေပါတယ်။
မြန်မာနိုင်ငံကနေ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ICC အထောက်အထား စုဆောင်းတဲ့ လုပ်ငန်းတွေ စတင်လိုက်ပါပြီ။ မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်တဲ့အတွက် ရိုဟင်ဂျာတွေ ရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ စုံစမ်းမှုတွေ စတင်လိုက်တာပါ။
လူမျိုးတုံးမယ့် လုပ်ရပ်တွေကို ဟန့်တားနိုင်အောင် မြန်မာအစိုးရက ဆောင်ရွက်သွားဖို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရဲ့ ကြားဖြတ်ဆုံးဖြတ်ချက်ဟာ မျှတပါရဲ့လား၊ ဘယ်လိုအကျိုးဆက်တွေ မျှော်လင့်နိုင်ပါသလဲ ဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။
မြန်မာနိုင်ငံကို ရောက်လာတဲ့ တရုတ်သမ္မတ Xi Jinping ရဲ့ ခရီးစဉ်က ဘယ်သူ့အတွက် ပိုအမြတ်ထွက်ခဲ့ပါသလဲ အပြန်အလှန် လိုအပ်ချက်တွေ ရှိနေတဲ့ ၂ နိုင်ငံမှာ ဘယ်နိုင်ငံရဲ့ လိုအပ်ချက်က ပိုကြီးမားနေသလဲ ဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။
အီရန်နိုင်ငံရဲ့ ထိပ်တန်းတပ်မှူး တယောက်ကို အဝေးထိန်းဒရုန်းယာဉ်နဲ့ သုတ်သင်တိုက်ခိုက်ဖို့ မကြာသေးခင်ကပဲ သမ္မတ Donald Trump အမိန့်ပေးခဲ့တဲ့အပေါ် မေးခွန်းတွေ ဆက်လက် ထွက်ပေါ်နေပါတယ်။ ဗွီအိုအေ သတင်းထောက် Brian Padden သတင်းပေးပို့ထားတာကို ကိုအောင်လွင်ဦးက ပြောပြပေးပါမယ်။
ဥပဒေပြုရေးမှာ အခရာကျတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ မှာ ဘာတွေ စွမ်းဆောင်နိုင်ခဲ့ကြပါသလဲ၊ ဘယ်လိုအခက်အခဲတွေ စိန်ခေါ်မှုတွေ ကြုံခဲ့ရပါသလဲ ၂၀၂၀ နှစ်သစ်မှာရော ဘာတွေ မျှော်လင့်နိုင်မလဲ ဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။
အီရန်အထူးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်ကို အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်သုတ်သင်လိုက်တဲ့အပေါ် အမေရိကန်က အဓိက နိုင်ငံရေးပါတီကြီးနှစ်ခုက လွှတ်တော်အမတ်တွေကြား သဘောထား ကွဲပြားနေကြပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ တခြားလူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂက ချမှတ်လိုက်ပါတယ်။
အမေရိကန်မှာ နိုင်ငံရေး အားပြိုှုင်မှုတွေကအစ ကိုရီးယားကျွန်းဆွယ်က နျူကလီးယားပြဿနာအဆုံး ကမ္ဘာတဝှမ်းမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ထဲ နိုင်ငံရေးပြဿနာပေါင်းစုံ ကြုံခဲ့ရပါတယ်။ ဒီလို ကမ္ဘာတဝှမ်း ၂၀၁၉ မှာ ထိပ်တန်းရောက်ခဲ့တဲ့ သတင်းတွေကို စုစည်းပြီး ကိုအောင်လွင်ဦးနဲ့ မဆုမွန်တို့က တင်ဆက်ပေးထားပါတယ်။
၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အောင်မြင်မှုတွေ၊ ဆုံးရှုံးမှုတွေ ဘာတွေရှိခဲ့သလဲ၊ ရှေ့လာမယ့် နှစ်သစ်မှာရော ဘာတွေ မျှော်လင့်နိုင်မလဲဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦး ကဆွေးနွေးတင်ဆက် ထားပါတယ်။
ပြီးခဲ့တဲ့နှစ်ထဲ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူ့အခွင့်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အခြေအနေတွေဟာ အတက်နဲ့အကျ ဘယ်ဖက်ကို ဦးတည်ခဲ့ပါသလဲ၊ သင်ခန်းစာ ယူစရာ ဘာတွေများ ကျန်ခဲ့ပါသလဲ ဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။
ICJ နိုင်ငံတကာ တရားရုံးအထိ ရောက်ခဲ့တဲ့ အမှုကြောင့် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို ပိုအလေးထား လာနိုင်သလား၊ ဒီလိုအဖြစ်မျိုး နောင်မကြုံရအောင် ဘာတွေလုပ်ဖို့ လိုမလဲ ဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။
စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ညီလာခံမှာ ကမ္ဘာတဝန်း ရာသီဥတု ဖောက်ပြန်မှုတွေကို ဟန့်တားနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးနေကြပါတယ်။ ဒီအကြောင်း AP သတင်းဆောင်းပါးကိုတော့ ကိုအောင်လွင်ဦးက ပြောပြပေးမှာပါ။
အမေရိကန်သမ္မတ Donald Trump ကို အရေးယူသင့်-မသင့် စုံစမ်းစစ်ဆေးနေတဲ့ အောက်လွှတ်တော် ကြားနာပွဲကို စိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ အမေရိကန် နိုင်ငံသား သန်းပေါင်းများစွာကြားမှာ သဘောထား အမြင်တွေလည်း အမျိုးမျိုး ကွဲနေကြပါတယ်။ ဗွီအိုအေ သတင်းထောက် Mike O'Sullivan ရဲ့ သတင်းလွှာကို ကိုအောင်လွင်ဦးက တင်ပြပေးပါမယ်။
နိုင်ငံတကာက ထင်ရှားတဲ့ ဥပဒေရေးရာ အဖွဲ့အစည်းတွေက မြန်မာနိုင်ငံအပေါ် အရေးယူဖို့ ပြင်ဆင်လာတာတွေဟာ ဘယ်လောက်အထိ ဖြစ်နိုင်ချေရှိသလဲ၊ နောက်ဆက်တွဲ နိုင်ငံရေး၊ သံတမန်ရေး အကျိုးဆက် ဘာတွေဖြစ်လာနိုင်သလဲ၊ ဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။
အိန္ဒိယအစိုးရက ဂျမူး၊ ကက်ရှ်မီးယား ပြည်နယ်ကို အထူးအုပ်ချုပ်ခွင့်ရ ဒေသအဖြစ်ကနေ ပယ်ဖျက်ဖို့ ခရီးသွားရာသီ အားကောင်းဆုံးအချိန် သြဂုတ်လထဲက ဆုံးဖြတ်ခဲ့ ပေမဲ့ အခု ဆောင်းရာသီ ခရီးသွားရာသီ နီးကပ်လာချိန်မှာတော့ အစိုးရက ခရီးသွားတွေကို ဖိတ်ခေါ်နေပါတယ်။ Ritul Joshi ရဲ့သတင်းလွှာကို ကိုအောင်လွင်ဦး ပြောပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်