ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေလို ငြိမ်းချမ်းရေး၊ ညီညွတ်ရေးအတွက် ပြည်တွင်း၊ ပြည်ပ လှုပ်ရှားမှုတွေက သင့်မြတ်ရေးအတွက် ဘယ်လောက်အထိ တွန်းအားဖြစ်လာနိုင်မလဲ၊ ညီညွတ်ရေးအတွက် နောက်ထပ် ဘာတွေလုပ်နိုင်ဦးမလဲ ဆိုတာကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။
အင်အားပြင်း ဟာရီကိန်း မုန်တိုင်းနှစ်ခုဒဏ်ကို ဆက်တိုက်ဆိုသလို ခံခဲ့ရတဲ့အတွက် အမေရိကန် ပြည်ထောင်စုမှာ မျှော်လင့်ထားတာထက် အလုပ်အကိုင်တွေ လက်လွတ်ဆုံးရှုံးခဲ့ကြရပြီး၊ စက်တင်ဘာလထဲ အလုပ်နေရာပေါင်း ၃,၃၀၀ ဆုံးရှုံးခဲ့ရပါတယ်။ ဒီအကြောင်း Mil Arcega ရဲ့ သတင်းဆောင်းပါးကို ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်က ပြဿနာတွေကြောင့် မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ ဆက်ဆံရေးအပေါ် ရိုက်ခတ်လာနိုင်တဲ့ အလားအလာတွေကို ဗွီအိုအေ မြန်မာပိုင်းရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦး က ဆွေးနွေးတင်ဆက် ထားပါတယ်။
ရခိုင်ပြည်နယ်မှာ ကြုံနေရတဲ့ ပြဿနာရဲ့ အခြေခံကို ဘယ်လိုအဓိပ္ပါယ် ဖွင့်ဆိုပြီး၊ ကုစားကြမလဲ ဆိုတာကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ မြန်မာ့အရေး အကဲခတ်တွေ ဖြစ်ကြတဲ့ ဦးမောင်မောင်စိုး၊ ဦးအောင်သူငြိမ်း တို့နဲ့အတူ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက်ထားပါတယ်။
သမ္မတနဲ့ သမ္မတရဲ့စွမ်းဆောင်နိုင်စွမ်းအပေါ် လူထုရဲ့ခံစားချက်တွေ၊ သဘောထားအမြင်တွေကို ဆန်းစစ်တာဟာ အရေးကြီးသလို၊ နောက်ဆက်တွဲ အကျိုးဆက်တွေလည်း ကြုံရတတ်တဲ့အကြောင်း နာမည်ကျော် Gallup သုတေသန စစ်တမ်း ကောက်ယူသူတွေက ပြောကြပါတယ်။ ဒီအကြောင်း Jela de Franceschi ရဲ့သတင်းကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
လူမှုအသိုက်အဝန်းကြား မတူကွဲပြားမှုတွေ ရှိနေပေမဲ့ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေနိုင်အောင် ဘယ်လိုလုပ်နိုင်မလဲ ဆိုတာကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။
ကမ္ဘာတဝှမ်းက ပြဿနာပေါင်းစုံနဲ့ ပတ်သက်လို့ နယူးယောက် ကုလသမဂ္ဂရုံးချုပ်မှာ မကြာခင် ကျင်းပမယ့် ကုလသမဂ္ဂ နှစ်ပတ်လည် အထွေထွေ ညီလာခံမှာ နိုင်ငံတကာ ခေါင်းဆောင်တွေ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ဒီနှစ်ကုလသမဂ္ဂ အထွေထွေညီလာခံကို ဒေါ်အောင်ဆန်းစုကြည် မတတ်တဲ့အတွက် နိုင်ငံတကာမှာ ရခိုင်ပြည်နယ်အရေး ထိထိရောက်ရောက် ရှင်းပြနိုင်မယ့် အခွင့်အရေး ထိခိုက်နိုင်သလား၊ ပြည်တွင်းရေးကို အာရုံစိုက်ဖို့ ပိုအရေးကြီးနေသလား ဆိုတာကို စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေး တင်ဆက်ထားပါတယ်။
တက္ကဆက်ပြည်နယ်မှာဝင်ရောက်ခဲ့တဲ့Harveyနဲ့ဖလော်ရီဒါပြည်နယ်ကိုတိုက်ခတ်နေတဲ့Irmaအင်အားပြင်းမုန်တိုင်းတွေကြောင့်အမေရိကန်စီးပွားရေးနဲ့ကုန်ထုတ်လုပ်မှုအပေါ်အကြီးအကျယ်ရိုက်ခတ်နိုင်ပေမဲ့ ရေတိုအတွက်သာဖြစ်မယ်လို့ စီးပွားရေးပညာရှင်တွေပြောပါတယ်။ Mil Arcega ပေးပို့တဲ့သတင်းကို ကိုအောင်လွင်ဦး တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်အရေးမှာ သတင်းမှားတွေ၊ အတုအယောင်တွေကြောင့် သွေးထိုးလှုံဆော်မှုတွေ မဖြစ်အောင် ဘာတွေလုပ်နိုင်မလဲ၊ နိုင်ငံတကာမှာ မြန်မာနိုင်ငံရဲ့ပုံရိပ် မထိခိုက်အောင် လုပ်နိုင်မယ့် နည်းလမ်းတွေ ဘာတွေ ရှိမလဲ ဆိုတာကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။
ကမ္ဘာပေါ်ကကျန်းမာရေးပြဿနာတွေကို သုတေသနလေ့လာရာမှာအသုံးပြုတဲ့ဘဏ္ဍာရေးအသုံးစရိတ်ကို အကြီးအကျယ် ဖြတ်တောက်မယ့် သမ္မတ Trump ရဲ့ အစီအစဉ်ကြောင့် AIDS၊ ငှက်ဖျားနဲ့ တခြားကူးစက်ရောဂါဆိုးတွေ အဆုံးသတ်ရေး ကြိုးပမ်းမှုတွေမှာ ထိခိုက်မယ့်အလားအလာရှိနေပါတယ်။ Carol Pearson ပေးပို့တဲ့သတင်းကို ကိုအောင်လွင်ဦး တင်ပြပေးထားပါတယ်။
မြန်မာ့တပ်မတော်အနေနဲ့ အရပ်ဘက် အုပ်ချုပ်မှုအောက် ဘယ်အချိန်ရောက်မှ ပြောင်းလဲနိုင်မလဲ ဘယ်လိုအခြေအနေရောက်မှ ပြောင်းလဲလာမလဲ၊ ဆိုတာကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦး က ဆွေးနွေးတင်ဆက်ထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာနကို ဝန်ထမ်းတွေဦးဆောင်ပြီးအသွင်သစ်အဖြစ်ဖန်တီးမှာဖြစ်တဲ့အတွက် ပိုထိရောက်မှုရှိလာမယ်လို့ဝန်ကြီးTillerson ကပြောပါတယ်။ဒါပေမယ့်လက်ရှိအစိုးရနိုင်ငံခြားရေးမူဝါဒမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိုအလေးမထားတော့မှာကို စိုးရိမ်မှုရှိနေတာပါ။ Cindy Saine ရဲ့သတင်းကို ကိုအောင်လွင်ဦးတင်ပြပါမယ်။
အချေအတင်ပြောစရာ ဖြစ်နေရတဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကို ပြင်ဆင်ရုံနဲ့ လုံလောက်ပြီလား၊ အပြီးတိုင် ဖျက်ပစ်ဖို့ လိုအပ်သလား ဆိုတာကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦး က ဆွေးနွေးတင်ဆက် ထားပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ ဇူလိုင်လထဲ သက်တမ်း ၂၂၈ နှစ်ပြည့်တဲ့ အချိန်မှာပဲ ထူးခြားတဲ့ အချိုးအကွေ့တွေနဲ့ ရင်ဆိုင်နေရပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ဒီကနေ့ အခြေအနေနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် Cindy Saine ပေးပို့ထားတဲ့သတင်းကို ကိုအောင်လွင်ဦး တင်ပြထားပါတယ်။
ကူးစက်တတ်တဲ့ ရောဂါမျိုးတွေ ကြုံရတဲ့အခါ မြန်မာနိုင်ငံ အနေနဲ့ ကာကွယ်နိုင်တဲ့ အစီအမံတွေ လုံလောက်မှု ရှိပါရဲ့လား၊ မြန်မာနိုင်ငံရဲ့ လူထုကျန်းမာရေး စောင့်ရှောက်မှုစနစ်မှာ ဘာတွေ လိုအပ်နေပါသလဲ ဆိုတာကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက်ထားပါတယ်။
ထိုင်းနိုင်ငံမှာ ရေပမ်းစားတဲ့ ဟင်းလျာတခုကြောင့် ကင်ဆာရောဂါ အန္တရာယ်ကြုံနေရကြောင်း တွေ့ရှိခဲ့ရပြီး နောက်မှာပဲ ကျွမ်းကျင်သူတွေ ပြဿနာကို ဖြေရှင်းဖို့ ကြိုးပမ်းနေရတဲ့အကြောင်း AFP သတင်းဆောင်းပါးကိုတော့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ လွတ်လပ်စွာ သတင်းရယူခွင့် အက်ဥပဒေ စတင်ကျင့်သုံးခဲ့တာ ဒီလ နှစ် ၅၀ ပြည့်ပါတယ်။ ဥပဒေအရ အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ တရားဝင် အထောက်အထား မှတ်တမ်းတွေကို လိုအပ်ရင် တစုံတယောက်က တောင်းခံပိုင်ခွင့် ပြဌာန်းထားပါတယ်။ Ardita Dunellari သတင်းကို ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။
အကျည်းတန် အရုပ်ဆိုးတဲ့ မှုခင်းတွေ အပါအဝင် ရာဇဝတ်မှုသတင်းတွေ မကြာခဏ ကြားနေရတဲ့ မြန်မာနိုင်ငံမှာရော ရာဇဝတ်မှု ကျဆင်းရေး၊ ပြစ်မှုကျုးလွန်သူတွေကို ပြုပြင်ရေး ဘာတွေ လုပ်နိုင်မလဲ ဆိုတာကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေး တင်ဆက်ထားပါတယ်။
နိုင်ငံတကာက အာဏာရှင် အစိုးရတွေအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူတဲ့ မူဝါဒတွေဟာ အမေရိကန်နဲ့ ဥရောပသမဂ္ဂအကြား ပူးပေါင်းဆောင်ရွက်မှု အားနည်းတဲ့အတွက် ထိရောက်မှုမရှိတာမျိုး ဖြစ်နိုင်တယ်လို့ ဗြိတိန် ဆန်းစစ်လေ့လာသူတွေက သတိပေးလိုက်ပါတယ်။ ဒီအကြောင်း Henry Ridgwell ရဲ့ဆောင်းပါးကို ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်