ဒေါ်စု ပြန်လည် လွတ်မြောက်လာတဲ့အတွက် တိုင်းရင်းသား ပြန်လည်ရင်ကြားစေ့ရေး ဖြစ်ထွန်းလာလိမ့်မယ်လို့ တိုင်းရင်းသားတွေက မျှော်လင့်ထားကြပါတယ်။
နိုင်ငံရေးလှုပ်ရှားမှုကြောင့် မင်္ဂလာမြန်မာ လူမှုရေးအသင်းကို NGO ၁၇ ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့က ထုတ်ပယ်လိုက်ပါတယ်။
ပြည်တွင်းအခြေစိုက် နိုင်ငံခြား သတင်းထောက်တွေ ရွေးကောက်ပွဲသတင်း ရယူဖို့ သံတမန်တွေနဲ့အတူ စစ်အစိုးရ အစီအစဉ်နဲ့ သွားရောက်ရမှာ ဖြစ်ပါတယ်။
မုန်တိုင်းလာမယ့် အချိန်တုန်းက သတင်းမှန် မရခဲ့တဲ့အတွက် ကြိုတင် ပြင်ဆင်တာမျိုး မလုပ်နိုင်ခဲ့ဘူးလို့ ကျောက်ဖြူ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့ရွေးကောက်ပွဲမှာ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေနဲ့ သတင်းထောက်တွေကို လာရောက်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
လာမယ့် ၁၉ ရက်နေ့မှာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို ကြိုတင်မဲ လာရောက်ပေးကြဖို့ မြန်မာသံရုံးက အကြောင်းကြားထားပါတယ်။
ဒီမိုကရေစီပါတီ မိတ်ဆွေများအဖွဲ့ထဲက ပါတီတွေအနေနဲ့ ငွေကြေးကိစ္စ ရှင်းလင်း ကြေညာပေးဖို့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီက တောင်းဆိုပါတယ်။
ထိုင်းနိုင်ငံ ဒေချားဖန်းနစ် ပိုက်ကွန်စက်ရုံက မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေကို သေနတ်သမားတွေက လာရောက်ပစ်ခတ် ခြိမ်းခြောက်ခဲ့ပါတယ်။
မန္တလေးမြို့က ရေဘေးဒုက္ခသည်တွေအတွက် မြို့ခံတွေက ဒုက္ခသည်စခန်းတွေဖွင့်ပြီး ကူညီထောက်ပံ့ပေးနေရပါတယ်။