အတိုက်အခံ သဘောထားကွဲပြားသူတွေကို နှိပ်ကွပ်ရာမှာ အသုံးပြုတဲ့ ဥပဒေပုဒ်မတွေကို ရုပ်သိမ်း ပြင်ဆင်မှုတွေ လုပ်ဖို့ HRW နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီးက မြန်မာလွှတ်တော်ကို တောင်းဆိုလိုက်ပါတယ်။
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် ခန့်အပ်တဲ့ ဥပဒေကို သမ္မတ လက်မှတ်ရေးထိုး အတည်ပြုလိုက်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်သွားပါပြီ။
NLD အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် ခန့်အပ်ရေး အမျိုးသား လွှတ်တော်က အတည်ပြုခဲ့တာကို အခု ပြည်သူ့လွှတ်တော်ကို လွှဲပြောင်း ပေးလိုက်ပြီ ဖြစ်ပါတယ်။
ပြည်ထောင်စု အစိုးရ အဖွဲ့တွင်း အသစ်ခန့်အပ်မယ့် ဝန်ကြီးသစ် ၂ ဦးနဲ့ စာရင်းစစ်ချုပ်၊ ရှေ့နေချုပ် အမည်စာရင်းတွေကို သမ္မတ ဦးထင်ကျော်က ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ အမည်စာရင်း တင်သွင်းပါတယ်။
သမ္မတဖြစ်ခွင့် ကန့်သတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဆိုတဲ့ ရာထူးဟာ အားလုံးရဲ့ အထက်မှာ ဆိုတဲ့ သဘောလည်း သက်ရောက် ပါတယ်လို့ ဝါရင့်နိုင်ငံရေးသမား ရှု့မြင်။
"ကျနော်တို့ပြောတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို ဖွဲ့စည်းမယ်ဆိုရင် တိုင်းရင်းသားတွေဘက်က မျှော်လင့်ချက်နဲ့ တထပ်တည်းဖြစ်တယ်။"
အများ ဆန္ဒနဲ့ ရွေးကောက်တင်မြှောက်တဲ့ အစိုးရသစ် လက်ထက်မှာ အဂတိ လိုက်စားမှုတွေ၊ လက်သင့်ရာ စားတော်ခေါ် နီးစပ်ရာ အခွင့်အရေး ပေးနေမှုတွေ လျော့နည်းသွားပြီး ပြည်သူတွေကြား တန်းတူ အခွင့်အရေး ရရှိရေး မျှော်လင့်ချက်တွေနဲ့ ပတ်သက်ပြီး စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်း၊ လူ့အခွင့်အရေး လှုပ်ရှားသူ မခင်လေး တို့နဲ
ရွေးကောက်ခံ လွှတ်တော်အမတ်များ အစုအဖွဲ့ ၂ ခုက တင်မြှောက်တဲ့ ဒုတိယ သမ္မတ ၂ ဦးနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ တင်သွင်းတဲ့ ဒုတိယ သမ္မတ ၁ ဦးတို့ထဲက သမ္မတကို အင်္ဂါနေ့မှာ မဲခွဲ ရွေးချယ်မှာ ဖြစ်ပါတယ်။
ပြည်ထောင်စု လွှတ်တော် သမ္မတ အရည်အချင်း စိစစ်ရွေးချယ်ရေး အဖွဲ့က ဒီကနေ့ ဒုတိယ သမ္မတအဖြစ် အစုအဖွဲ့ ၃ ခုက ရွေးချယ်ထားတဲ့ ပုဂ္ဂိုလ် ၃ ဦးကို စိစစ်ပြီး မဲခွဲ အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနိုင်ငံမှာ မွေးတယ်၊ ဒီနိုင်ငံသူ ဖြစ်တယ်။ အာဇာနည် ခေါင်းဆောင်ကြီး လွတ်လပ်ရေး ဖခင်ကြီးရဲ့ သမီးဖြစ်တယ်။ ဘာဖြစ်လို့ သူက သမ္မတ မဖြစ်ထိုက်ရမှာလဲ။ အဲဒီတော့ ဒီဥပဒေတွေက ဒီလို ပုဂ္ဂိုလ် တဦး တယောက်ကို ကန့်သတ်ထားတာကိုတော့ ကျနော်တို့က ဖယ်ရှားနိုင်ဖို့ ပြည်သူ့ထောက်ခံမှုနဲ့ အတူကြိုးစားမှာပါ"
လွှတ်တော်မှာ သမ္မတ ရွေးချယ်ရေး လုပ်ငန်းတွေ မနက်ဖြန် စတင်တော့မယ့် အချိန်မှာ အရပ်သား လွှတ်တော် ကိုယ်စားလှယ်တွေက တင်သွင်းရမယ့် ဒုတိယ သမ္မတလောင်းတွေ အဖြစ် ဒေါက်တာ မျိုးအောင်၊ ဦးထင်ကျော်နဲ့ ဦးစိုင်းညွန့်လွင်တို့ကို အများက ထင်ကြေးပေး နေကြပါတယ်။
“မြစ်ဆုံရေကာတာဟာ စီးပွားရေး အရ ပူးပေါင်းဆောင်ရွက်တဲ့ စီမံကိန်းပါ။ အတည်ပြု ထောက်ခံချက်တွေလည်း ရထားပြီး ဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုတွေမှာ အခက်ကြုံနေရတဲ့ အတွက်လည်း နစ်နာရပါတယ်။”
ပြည်ထောင်စု အစိုးရသစ်ကို မကြာခင် ဖွဲ့စည်းတော့မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေကို ဦးဆောင်မယ်ဆိုတဲ့ အပေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဆက်ပြီး ကြိုးပမ်းသွားမှာ ဖြစ်တယ် ဒါပေမယ့်လည်း အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်သူလူထု အကျိုးစီးပွား မထိခိုက်စေတဲ့ နည်းလမ်းတွေနဲ့ သတိထား လုပ်ဆောင်သွားမယ်လို့ ပါတီပြောခွင့်ရက ပြောဆိုလိုက်ပါတယ်။
အစိုးရသစ်ကို ဦးဆောင်မယ့် သမ္မတတွေရဲ့ အမည်စာရင်းကို မတ်လ ၁၇ ရက်နေ့မှာ နောက်ဆုံးထား တင်သွင်းဖို့ သတ်မှတ်ထားတာကို လွှတ်တော်မှာ ပြင်ဆင်ဖို့ စီစဉ်နေပါတယ်။
အစိုးရသစ်ကို တာဝန်လွှဲပြောင်းပေးရေး လုပ်ငန်းစဉ်ဟာ အဆင်ပြေ ချောမွေ့နေပြီး လာမယ့် မတ်လကုန်မှာ တာဝန်လွှဲပြောင်းရေး အလုံးစုံ ပြီးစီးမယ်လို့ မျှော်လင့်တဲ့ အကြောင်း လက်ရှိ အစိုးရနဲ့ အစိုးရသစ် ဖွဲ့မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ကိုယ်စားလှယ်တွေက ပြောဆိုကြပါတယ်။
မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံထံက လက်နက်တွေကို ဝယ်ယူသုံးစွဲနေတဲ့ တတိယ အများဆုံး နိုင်ငံဖြစ်တယ်လို့ စစ်ရေးဆိုင်ရာ သုတေသန အဖွဲ့ကြီးရဲ့ အစီရင်ခံစာ သစ်က ဖော်ပြလိုက်ပါတယ်။
ဘိန်းခင်းတွေကို ဖျက်ဆီးဖို့ ချီတက်လာကြတဲ့ လူဦးရေ ၂ ထောင်ကျော်ကို ကချင်ပြည်နယ် ဝိုင်းမော်မြို့နဲ့ ၁၂ မိုင်အကွာ လမ်းမပေါ်မှာ မြန်မာ့ တပ်မတော်က ပိတ်ဆို့ တားဆီးထားတာ ဒီကနေ့ ၃ ရက်ရှိသွားပြီ ဖြစ်ပါတယ်။
“အပြောင်းအလဲ ကာလမှာတော့ ချောချောမောမော ဖြစ်လိမ့်မယ်လို့ ထင်တယ်။ ဒီလို ပြောတဲ့ အတွက်ကြောင့် အားလုံး ကောင်းပါသည်၊ အားလုံး ကောင်းလိမ့်မယ်လို့ ပြောနေတာ မဟုတ်ပါဘူး။"
"မန္တလေးနဲ့ ဗန်းမော်ကြားမှာတော့ ၂၀၁၁ ခုနှစ်ကစပြီးတော့ ၁ နှစ်ကို ၅ ကောင်လောက် လျော့လာတယ်လို့ စစ်တမ်းတွေအရ သိရတာပေါ့နော်။"
နောက်ထပ်ကြည့်ရှုရန်