(Zawgyi / Unicode) မြန်မာနိုင်ငံသားတွေ အတွက် အမေရိကန် အမြဲတမ်း အခြေချခွင့် ပြည်ဝင်ခွင့် ဗီဇာ ပိတ်မယ့် သမ္မတ Donald Trump ရဲ့ ညွှန်ကြားချက်ကြောင့် အမေရိကန် အလည်အပတ် ခရီးသွားမယ့် မြန်မာ ဈေးကွက် အပေါ်မှာ ထိခိုက်မှု မရှိနိုင်ဘူးလို့ ခရီးသွား လုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။
အမေရိကန်ပြည်ထောင်စုအတွင်း လူကုန်ကူးခံရသူများ အကာအကွယ်ပေးရေးဆိုင်ရာ အက်ဥပဒေ နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ်နဲ့ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးကို တိုးမြှင့်လုပ်ဆောင်လာတာကြောင့် လူကုန်ကူးခံရသူတွေနဲ့ တက်ကြွလုပ်ရှားသူတွေက ကြိုဆိုကြပါတယ်။ Ardita Dunellari သတင်းပေးပို့ထားတာကို မသိင်္ဂ ီထိုက် တင်ပြပါမယ်။
(Zawgyi/ Unicode) တရုတ်နိုင်ငံမှာ Coronavirus ပျံ့နှံ့ ကူးစက်မှုတွေကြောင့် ပြည်တွင်း ပြည်ပ ခရီးသွား အစီအစဉ်တွေ ရပ်ဆိုင်းဖို့ တရုတ် အစိုးရက ခရီးသွား ကုမ္ပဏီတွေကို ညွှန်ကြားထားပါတယ်။ မြန်မာနိုင်ငံကို လာမယ့် တရုတ် ခရီးသွား အစီအစဉ် တချို့လည်း ဖျက်သိမ်းနေကြပါတယ်။ ၂၀၂၀
တရုတ်နိုင်ငံမှာ စတဲ့ Coronavirus ပျံ့နှံ့ ကူးစက်မှုက တခြား ကမ္ဘာ့ နိုင်ငံတွေကိုပါ သက်ရောက်လာတာနဲ့ အတူဘဲ Coronavirus တိုက်ဖျက်ရေး ကြိုးပမ်းနေရတဲ့ တရုတ်နိုင်ငံက နိုင်ငံတကာ ကျွမ်းကျင် ပညာရှင်တွေကို လက်ခံဖို့ အင်္ဂါနေ့က သဘောတူလိုက်ပါပြီ။
Corona ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၂ ထောင်ကျော်နဲ့ သေဆုံးသူ ၈၁ ဦးရှိလာခဲ့ပြီးနောက် တရုတ်နိုင်ငံမှာ ရောဂါကူးစက်ခံထားရသူတွေကို ကုသရေးနဲ့ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် ခရီးသွားလာမှု ကန့်သတ်ချက်တွေ ပိုမိုတင်းကြပ်လိုက်ပါတယ်။ AFP နဲ့ CCTV သတင်းကို အခြေခံပြီး မသိင်္ဂ ီထိုက် ပြောပြပါမယ်။
Corona ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၂ ထောင်နီးပါးနဲ့ သေဆုံးသူ ၅၆ ဦး ရှိလာခဲ့ပြီး နောက်မှာတော့ တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေကို ကုသရေးနဲ့ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် တနင်္ဂနွေနေ့က ခရီးသွားလာမှု ကန့်သတ်ချက်တွေကို ပိုပြီး တင်းကျပ်လိုက်ပါတယ်။
Corona ဗိုင်းရပ်စ် စတင်ကူးစက်ပျံ့နှံ့ရာ တရုတ်နိုင်ငံ ဝူဟန်မြို့ကို တရုတ်စစ်ဘက် ဆေးဝန်ထမ်းတွေ စနေနေ့မှာ စေလွှွတ်ချထားပါတယ်။ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားတဲ့ Corona ဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် လူ ၄၀ ကျော် သေဆုံးခဲ့ပြီး ကမ္ဘာ့နိုင်ငံ တချို့မှာပါ ပျံ့နှံ့ ရောက်ရှိနေပြီ။
ဆွစ်ဇာလန် နိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်အကြို ထုတ်လိုက်တဲ့ Oxfam ရဲ့ အစီရင်ခံစာအကြောင်း Reuters သတင်းဆောင်းပါး တပုဒ်ကို အခြေခံပြီး မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။
(Unicode / Zawgyi) ZERO BUDGET လို့ ခေါ်တဲ့ ပြည်တွင်းမှာ ငွေချေစရာမလိုတဲ့ အစီအစဉ်နဲ့ တရုတ် ခရီးသွားတွေကလည်း များလာတာကြောင့် ဧည့်လမ်းညွှန်တွေ၊ ခရီးသွားနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေ ရသင့်သလောက် အလုပ်အကိုင် အခွင့်အလမ်း မရဘူးလို့လည်း ဝေဖန်ကြပါတယ်။
အမေရိကန် သမ္မတ Donald Trump ကို ရာထူးက ဖယ်ရှား နိုင်လောက်တဲ့ သက်သေ အထောက်အထားတွေ ရှိသလားဆိုတာကို အထက်လွှတ်တော် အမတ်တွေ ဝေဖန်သုံးသပ် ဆုံးဖြတ်ကြဖို့ ရှိနေပါတယ်။ ဗွီအိုအေ သတင်းထောက် Katherine Gypson က အမေရိကန် လွှတ်တော်အဆောက်အအုံကနေ သတင်းပေးပို့ထားပါတယ်။ မသိဂီ င်္ထိုက် တင်ပြပေးမှာပါ။
Zawgyi/ Unicode ပြည်တွင်း ထုတ်ကုန်စစ်စစ် Jumjel ဖျော်ရည်တွေ အမေရိကန် ပြည်ထောင်စုက Winternational ပြပွဲမှာ အတော်လေး လူကြိုက်များခဲ့ပါတယ်။
(Zawgyi/ Unicode) အစိုးရ ဝန်ထမ်းတွေကို အထူးအခွင့်အရေး အဖြစ် အခွန်ကင်းလွတ်ခွင့်နဲ့ ကားတင်သွင်းခွင့် ပေးမယ့် အရေးကြောင့် ကားပါမစ် ရမယ့် ဝန်ထမ်းတွေ ကျပ်ငွေ သိန်း ရာနဲ့ချီ တွက်ချေကိုက်မှာ ဖြစ်ပေမယ်လို့ ပြည်တွင်း ကားထုတ်လုပ်သူတွေ အတွက်တော့ ဈေးကွက် မရေရာမယ့် အခြေအနေကို ကြိုတင် တွက်ဆနေကြရပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ကို လာရောက်ဖို့ သမ္မတ Donald Trump ရဲ့ ဖိတ်ကြားချက်ကို ပို့ဆောင်ထားပြီးဖြစ်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက အတည်ပြု ပြောဆိုပါတယ်။
(Zawgyi/ Unicode) အသေးစား အလတ်စား လုပ်ငန်းတွေ အနေနဲ့ ဈေးကွက် လိုအပ်ချက်ကို အရည်အသွေးပြည့် ဖြည့်ဆည်းနိုင်ဖို့ အဓိက လိုအပ်ချက်က နည်းပညာ အကူအညီ ဖြစ်တယ်လို့ ပြောဆိုလာတဲ့ Nature Myanmar ရဲ့ တည်ထောင်သူ ဦးမင်းကျော်ဇင်နဲ့ ဆွေးနွေး တင်ပြထားပါတယ်။
အသက်ကြီးသူတွေအတွက် နာကျင်မှု ဝေဒနာတွေကနေ ပြန်လည် သက်သာလာနိုင်ရေး ခွေးတွေဆီက အကူအညီ ရနိုင်ကောင်းတယ်ဆိုတဲ့ သုတေသန တွေ့ရှိချက်အကြောင်း ဗွီအိုအေ သတင်းထောက် Carol Pearson က သတင်းပေးပို့ထားပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
(Zawgyi/ Unicode) ကမ္ဘာ့ စီးပွားရေးမှာ အခက်ကြုံနေပေမယ့် မြန်မာ့ စီးပွား ဖွံ့ဖြိုးမှုကတော့ တည်တည်ငြိမ်ငြိမ် ရှိနေတယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF က ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ မှတ်ချက် ပေးပါတယ်။
အီရတ်နိုင်ငံတွင်းက အမေရိကန်တပ်ဖွဲ့ဝင် ၅၂၀၀ ကို နှင်ထုတ်ဖို့ အီရတ်လွှတ်တော်က အစိုးရကို တနင်္ဂနွေနေ့မှာ တောင်းဆိုလိုက်ပါတယ်။
(Zawgyi/ Unicode) ၂၀၁၉ ခုနှစ်မှာ မြန်မာ့ စီးပွားရေးရဲ့ အဓိက မောင်းနှင်အား ဖြစ်တဲ့ စိုက်ပျိုးရေး ထွက်ကုန်တွေ ပြည်ပ တင်ပို့မှုမှာ အခက်တွေ့ရတဲ့နှစ်ဆိုရင် မမှားပါဘူး။
ကမ္ဘာ့ဒုက္ခသည်များဆိုင်ရာ ညီလာခံမှာတော့ ဂျီနီဗာ ကုသလဂ္ဂ ဌာနချုပ်ရဲ့ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်နေပြီး မြန်မာဘက်က ဆွေးနွေးဖို့လည်း ရှိနေပါတယ်။
(Zawgyi/ Unicode) စစ်တပ် ကုမ္ပဏီတွေကို ဒဏ်ခတ်ပိတ်ဆို့မယ့် ဥပဒေကြမ်း တခုက အမေရိကန် လွှတ်တော်မှာ ရှိနေပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတဲ့ အထက်လွှတ်တော် အမတ် Mitch McConnell က ဒါကို ထိန်းထားပါတယ်။ ဒီ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ကို သူက ခွင့်မပြုပါဘူး။
နောက်ထပ်ကြည့်ရှုရန်