သတင်းတွေထဲက မောတောတိုက်ခိုက်မှု
မြန်မာနိုင်ငံမှာ ကလေးလုပ်သားပပျောက်ရေး ဆောင်ရွက်မှုတွေ ရှိနေပေမဲ့လည်း လက်ရှိ နိုင်ငံရဲ့ စီးပွားရေးအခြေအနေကြောင့် ထိရောက်အောင်မြင်နိုင်တဲ့ အခြေအနေ နည်းနေပါသေးတယ်။ ကလေးလုပ်သားပြဿနာနဲ့၊ သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဗွီအိုအေသတင်းထောက် မမြင့်မြင့်ခိုင်က သတင်းထောက်မှတ်စုအဖြစ်နဲ့ တင်ပြထားပါတယ်။
အရပ်သားစစ်စစ် အစိုးရရဲ့ ၆ လတာ ဆောင်ရွက်ချက်တွေ အပေါ်မှာတော့ အားရသူတွေရှိသလို၊ အားမရသူတွေလည်း ရှိနေကြပါတယ်။
ရန်ကုန်မြို့ အပ်ချုပ်ဆိုင်တခုက အိမ်အကူမိန်းကလေးငယ် ၂ ဦး ညှင်းပမ်းနှိပ်စက်ခံရမှုအတွက် လိုက်ပါဆောင်ရွက်ရာမှာ ပျက်ကွက်မှုတွေရှိခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေကော်မရှင်တာဝန်ရှိသူတချို့ကို အရေးယူပေးဖို့အဆိုကို ပြည်သူ့လွှတ်တော်မှာအတည်ပြုလိုက်ပါပြီ။ မမြင့်မြင့်ခိုင်က သတင်းပေးပို့ထားပါတယ်။
အိမ်အကူမိန်းကလေးငယ် ၂ ဦး ညှင်းပမ်းနှိပ်စက်ခံရမှုအတွက် ဆောင်ရွက်ရာမှာ ပျက်ကွက်မှုတွေရှိခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် တာဝန်ရှိသူတချို့ကို အရေးယူပေးဖို့ ပြည်သူ့လွှတ်တော်မှာ အရေးကြီးအဆိုတင်သွင်းခဲ့တာကို ဒီကနေ့မှာ တခဲနက် အတည်ပြု လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ မြစ်ဆုံစီမံကိန်းအပေါ် ဆန့်ကျင်ကန့်ကွက်မှုတွေ ပေါ်ပေါက်လာရတာဟာ အစွန်းရောက် အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေကြောင့် ဖြစ်တယ်ဆိုတဲ့ တရုတ်အစိုးရရဲ့ မူဝါဒတွေကို ထင်ဟပ်လေ့ရှိတဲ့ တရုတ်သတင်းစာတစောင်ရဲ့ ရေးသားဖော်ပြမှုနဲ့ ပတ်သက်လို့ သတိထားဖို့လိုတယ်လို့ တရုတ်- မြန်မာ ဆက်ဆံရေး စောင့်ကြည့်လေ့လာသူ တဦးက သုံးသပ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတအိုဘားမား တွေ့မယ်
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အနေနဲ့ လူ့အခွင့်အရေးအခြေအနေတွေကို စုံစမ်းစစ်ဆေးမှာ မဟုတ်ပဲ ရခိုင်ပြည်နယ်က နှစ်ဖက် အသိုင်းအဝိုင်းကြား တင်းမာမှုတွေကို လျှော့ချနိုင်ဖို့အတွက် အကြံ ပြုချက်တွေ ပေးနိုင်ဖို့သာဖြစ်တယ်လို့ ကော်မရှင် ဥက္ကဌ ကိုဖီအာနန်က ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံအရေးဟာ ကုလသမဂ္ဂအတွက် အရေးပါနေဆဲဖြစ်တာမို့ အစိုးရသစ်နဲ့ရော၊ အရပ်ဖက် အစည်းတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဒီကနေ့ မနက်ပိုင်းက အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုသွားပါတယ်
၂၁ ရာစု ပင်လုံညီလာခံကျင်းပဖို့ ပြင်ဆင်ရာမှာ ညီလာခံ တက်ရောက်မယ့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ခေါင်းဆောင်တွေရဲ့ ရာထူးဝိသေသတွေ မဖော်ပြတာဟာ တန်းတူညီမျှရေးကို အလေးမထား ရာ ရောက်တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ဝေဖန်လိုက်ပါတယ်။
" နိုင်ငံခြားက ပုဂ္ဂိုလ်သုံးဦး ဥက္ကဋ္ဌ အပါအဝင်ပေါ့လေ ဖွဲ့စည်းလိုက်တာကို ကျမတို့ အနေနဲ့ ဒေသခံနိုင်ငံသားတွေအနေနဲ့ အခွင့်အရေးတွေကို ထိပါးလာနိုင်တယ်။ အချုပ်အခြာ အာဏာ ကိုလည်း ထိပါးရာ ရောက်လာနိုင်တဲ့ အနေအထားတွေရှိတယ်လို့ သုံးသပ်တဲ့အတွက် ကျမတို့က ကန့်ကွက်ရတာဖြစ်ပါတယ်။ အဓိကကတော့ နိုင်ငံတကာက ပုဂ္ဂိုလ်တွေ ပါဝင်ပြီးတော့ ဖွဲ့တာကို မကြိုက်တာပါ။"
ပြီးခဲ့တဲ့အပတ် သောကြာနေ့က အိန္ဒိယ-မြန်မာနယ်စပ် မြန်မာပြည် နယ်နိမိတ်အတွင်းမှာ နာဂအမျိုးသားဆိုရှယ် လစ်ကောင်စီ (NSCN-K) နဲ့ အိန္ဒိယစစ်တပ်တို့ မြန်မာပိုင်နက်ထဲ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ နယ်စပ်မှာ နေထိုင်ကြတဲ့ နာဂတိုင်းရင်းသားအဖွဲ့အစည်းတွေကဆိုနေပါတယ်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်း ပြင်းထန်ဝက်သက် ကူးစက်ရောဂါဖြစ်ပွားနေတဲ့ နန်းယွန်းမြို့နယ်နဲ့ လဟယ် မြို့နယ်ထဲက ကျေးရွာအားလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်တဲ့ အခြေအနေမရှိသေးဘူးလို့ နာဂ အမျိုးသားရေး ရာကောင်စီက ပြောလိုက်ပါတယ်။
"ကျမတို့ကတော့ ဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီးတော့ တော်တော်လေး အခြေအနေအရ မကောင်းသေးဘူးလို့ ကျမလည်း အဲဒီလိုထောက်ခံပြောဆိုလိုပါတယ်။”
“ ပြည်သူတွေအားလုံးကို ကိုယ်စားပြုတဲ့ အစိုးရရဲ့ကိုယ်စား တရုတ်ပြည်ကို သွားရောက်တဲ့အတွက်ကြောင့် ဒီခရီးစဉ်ဟာဆိုရင် ပြည်သူတွေရဲ့ ဆန္ဒကို ဖော်ထုတ်နိုင်မယ့် ၊ ထင်ဟပ်နိုင်မယ့် ကိစ္စတွေကို တရုတ်ပြည်သူ့သမ္မတနိုင်ငံခေါင်းဆောင်တွေကို ပြောကြားဖို့ရှိပါမယ်။”
“ခွဲထွက်မယ်ဆိုတဲ့ဟာကတော့ ဘယ်သူမှမပြောဘူး။ အဓိကအားဖြင့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ပဲ။”
NLD အစိုးရသစ်အနေနဲ့ မြန်မာပြည်ရဲ့ စီးပွားရေးကဏ္ဍကို အမှန်တကယ် ပြုပြင်ပြောင်းလဲနိုင်ဖို့အတွက် လုံ လောက်တဲ့ အချိန် အတိုင်းအတာတခုယူဖို့ လိုအပ်တယ်လို့ NLD စီးပွားရေး ကော်မတီဝင် ဦးမင်းခင်က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ပြည်သူအများစုထောက်ခံမှုနဲ့ တက်လာတဲ့ NLD အစိုးရရဲ့ အုပ်ချုပ်မှု ရက်ပေါင်း ၁၀၀ ကျော်အတွင်း အစိုးရသစ်ရဲ့ ဆောင်ရွက်မှုတွေအပေါ် ပြည်သူတွေရဲ့ သဘောထားကို VOA သတင်းထောက် မမြင့်မြင့်ခိုင်က သတင်းထောက်တယောက်ရဲ့ မှတ်စုအဖြစ် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်