မိုးများပြီး မြေပြိုတာတွေဖြစ်ပွားပြီးတဲ့နောက် ဘူမိဗေဒပညာရှင် ၄ ဦး ချင်းပြည်နယ် ဟားခါးမြို့ကို လာရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သလို ပြောင်းရွှေ့ရေးအတွက် ဆောင်ရွက်သွားမယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်တဦးက ပြောပါတယ်။
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ၉ကြိမ်မြောက်ဆွေးနွေးပွဲမှာ စာချုပ်လက်မှတ် ရေးထိုးရာမှာ အားလုံးပါဝင်ရေး ဆိုတဲ့ အချက်တချက်ကလွဲလို့ ကျန်စာချုပ်ပါ အချက်တွေအားလုံး သဘောတူညီချက်ရခဲ့ပြီး အားလုံး ပါဝင်ရေး အချက်ကို မကြာမီရက်အတွင်း ထိပ်သီးခေါင်းဆောင်တွေ နေပြည်တော်မှာ ထပ်မံ ဆွေးနွေးကြမှာပါ။
တနိုင်ငံလုံးပစ်ခတ်ရပ်စဲရေးစာချုပ် အချောသတ်ရေး အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ၉ကြိမ်မြောက်ဆွေးနွေးပွဲ မှာ ၈ကြိမ်မြောက်တုန်းက မပြီးသတ်သေးတဲ့ အချက်တွေ အကုန်နီးပါး သဘောတူညီချက်ရရှိခဲ့ပြီး စာချုပ်လက်မှတ်ရေးထိုးရာမှာ အားလုံးပါဝင်ရေးဆိုတဲ့အချက်တော့ နှစ်ဖက်အကြား ညှိနှိုင်းဖို့ ကျန်ရှိနေပါတယ်။
"တံတားတွေ၊ လမ်းတွေ အမြန်ဆုံးလုပ်ပေးမှပဲ ကျနော်တို့က အဆင်ပြေမယ့် အနေအထားရှိတယ်။ နိုင်ငံတော်က အမြန်ဆုံးက စီစဉ်ဆောင်ရွက်ပေးဖို့နဲ့ ဒီလိုမှမဟုတ်ရင် ရွေးကောက်ပွဲမဲထည့် မယ့်သူတောင် သွားလို့မရဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း သွားလို့မရတဲ့ အနေအထားဖြစ်နေတယ်။"
ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ စိတ်ကြွဆေးပြား ၁၅ သိန်း၊ ကာလတန်ဖိုး ကျပ်ငွေ သန်း ၇,၅၀၀ ဖိုးကို တနင်္လာနေ့က ထပ်မံဖမ်းဆီးရမိခဲ့ပြီး ဒါဟာ ရန်ကုန်တိုင်းဒေသကြီးမှာ ဒုတိယအကြိမ်အများဆုံး ဖမ်းဆီးရမိမှုဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ချင်းတွင်းမြစ်ရေဟာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ စိုးရိမ်ရေမှတ်အထက် ၄ ပေခွဲကျော်ရောက်ရှိပြီး နှစ် ၅ဝ အတွင်းမှာ အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။
မြန်မာနိုင်ငံအနှံ့ မကြာသေးခင်ရက်တွေအတွင်း မိုးသည်းထန်စွာ ရွာသွန်းရာက ရေကြီးမှုတွေ မြေပြိုမှုတွေ ကြုံခဲ့ရတဲ့အတွက် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း ဒေသကြီး တိုင်းနဲ့ပြည်နယ် ၄ ခုကို သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ ဒေသတွေအဖြစ် သတ်မှတ်ပြီး အရေးပေါ်အခြေအနေအဖြစ် အစိုးရက ကြေညာလိုက်ပါတယ်။
"ဒီ ၂၅ ရက်နေ့က ၁၀ နာရီလောက်မှာ ချောင်းရေကြီး ကျလာတာပေါ့။ အဲဒီတောင်လက်ကျေးရွာက တဲတွေ အိမ်တွေပေါ့ဗျာ မျောပါကုန်ပြီးတော့ လူ ၉ ဦး အသက်ဆုံးရှုံးတယ်၊ ကလေးတွေများတယ်။"
"အခု ကလေး-ဂန့်ဂေါ-ပုလဲ-မုံရွာလမ်းကလည်း ဂန့်ဂေါမြို့က လှိုင်ကူးတံတားနားလေးမှာ ရေတက်နေတာ ဆိုတဲ့အခါကျတော့ ကားတွေဖြတ်လို့မရပါဘူးခင်ဗျ။ ကျန်တဲ့နေရာတွေမှာလည်း ၂ နေရာ၊ ၃ နေရာလောက် ရေတက်နေတဲ့အခါကျတော့ ကားတွေမဖြတ်ရဘဲ ဂန့်ဂေါမှာလည်း ကျနော်တို့ ခရီးသည်တွေ တော်တော်များများ ပိတ်မိတယ်လို့ သိရပါတယ်"
မြန်မာနိုင်ငံအနှံ့မှာ ဒီရက်ပိုင်းအတွင်း မိုးသည်းထန်၊ ရေကြီးမှုတွေကြောင့် လူထိခိုက် သေဆုံးမှုတွေ ရှိနေသလို ဒီသီတင်းပတ်ထဲ ဆက်လက်မိုးကြီးနိုင်တဲ့အတွက် မြေပြိုမှုတွေ၊ ရုတ်တရက်ရေကြီးမှုတွေ ကြုံရနိုင်တယ် လို့လည်း ခန့်မှန်းထားပါတယ်။
"နိုင်ငံတော်ယန္တရားတခုလုံးကို ဦးဆောင်ဦးရွက်ပြုနေတဲ့ အစိုးရ၊ တပ်မတော်၊ လွှတ်တော်တို့အနေနဲ့ သဘောထားစိတ်ရင်းဆန္ဒ ကြီးစွာထားကြကာ NCA မှာ အားလုံး ပါဝင်ရေးကိုလည်း အလေးထား သဘောတူပေးနိုင်ပါရန် အလေးအနက်ထား ပြောကြားလိုပါတယ်။"
“မဝင်ဘူးဆိုတဲ့ဟာကို အတည်မပြုနိုင်ဘူး။ နံပါတ်တစ် - တိုင်းပြည်ရဲ့ အခြေအနေ၊ နံပါတ်နှစ် - ပြည်တွင်းနိုင်ငံရေးအခြေအနေ၊ နံပါတ်သုံး - ပြည်သူလူထုရဲ့ အနေအထား ဒီသုံးချက်ပေါ်မူတည်ပြီးတော့ စဉ်းစားဆုံးဖြတ်မယ်လို့ ပြောထားပါတယ်။”
"သူတို့က ယေဘုယျအားဖြင့်တော့ လက်မခံချင်ဘူး။ ဒါပေမဲ့ ကျနော်တို့က ရှင်းလင်းပြလိုက်တော့ သူတို့ကတော့ အထက်ကို ပြန်တင်ပြမယ်။ တင်ပြပြီးတော့ ဒီလာမယ့် ဇူလိုင်ပထမပတ်မှာ လာပြီးတော့ ပြောပြမယ်။"
"တကယ်တမ်းပြောမယ်ဆိုရင်တော့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကတော့ ပိုပြီး အရေးကြီးတယ်လို့ မြင်တယ်။ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပြီးတော့ ရွေးကောက်ပွဲကို လုပ်နိုင်မယ်ဆိုရင်တော့ မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို မြင်တွေ့ရမယ်လို့ မြင်တယ်ဗျ။"
"ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းနဲ့ မညီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒါတွေပြင်ပေးဖို့ ညီလာခံမှာ တင်သွင်းသော်လည်း မရခဲ့ပါဘူး။ အဲတော့ နောက်ဆုံး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီး ရေးဆွဲတဲ့အခါမှာ ကိုယ်စားလှယ် ၁၃ ဦးပဲ ပါတယ်လို့ ကျနော် ကြားသိရပါတယ်။"
"ဒီနေ့တိုက်ပွဲက ကျနော်တို့ နန့်ဟိုင်နားမှာဖြစ်တယ်။ နောက်ပြီးကျတော့ ကန့်မှော်စုနားမှာ ဖြစ်တယ်။ ပြီးတော့ တာမိုင်းအဝင်မှာ ထပ်ဖြစ်တာပေါ့နော်။ ကားတွေအကုန်လုံး တားထားတယ်။ စောစောကမှ ပြန်ပြီးတော့ ကားတွေကို လွှတ်လိုက်ကြတာပေါ့နော်"
"ကျနော်တို့က မြန်မာနိုင်ငံမှာ နေထိုင်ပြီးသားလူလေ။ ကျနော်တို့ နှစ်ပေါင်းများစွာရှိနေပြီ။ ရာနဲ့ချီပြီးရှိနေပြီ။ ကျနော်တို့လိုချင်တာက ကျနော်တို့ မြန်မာပြည်မှာ နိုင်ငံသားနဲ့ဆိုင်တဲ့ အထောက်အထားတခုကိုပဲ လိုချင်တယ်။"
"အခုအချိန်မှာတော့ တရုတ်ပြည်က ခေါင်းဆောင်တွေက သံခင်းတမန်ခင်းကို ပျော့ပျော့ပြောင်းပြောင်း အသုံးချပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်လိုက်တဲ့အတွက် တရုတ်ပြည်သူလူထုက လည်း သူတို့ခေါင်းဆောင်တွေကို သဘောကျနေတယ်"
"အခု ၄ နှစ်ပြည့်ပြီဆိုတော့ ပြဿနာတွေ ဒုက္ခတွေကလည်း ပိုပြီးမှ များလာတယ်လို့ ဆိုရမှာပေါ့။ အဲဒီမှာ နိုင်ငံတကာရဲ့ ထောက်ပံ့မှုတွေ လျော့နည်းလာတာလည်းရှိတော့ ကျနော်တို့က ဒါကို ခံနိုင်ဖို့အတွက်ပေါ့နော် ဒါကို ဆုတောင်းကြတယ်။"
မြန်မာ့ပင်လယ်ပြင်မှာ ဖမ်းဆီးရမိပြီး ရခိုင်ပြည်နယ်မှာ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ လှေစီးပြေးဒုက္ခသည် ၉၀၀ ကျော်ထဲက ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၅၀ ဦးကို ဒီကနေ့ တဘက်နိုင်ငံကို ပြန်လည်လွဲှအပ်လိုက်ပြီဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်