ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်နဲ့ ဖယ်ခုံမြို့နယ် အစပ်မှာရှိတဲ့ ဗန်းမောက်ကျေးရွာနားကနေ စစ်ဘေးလွတ်အောင် ထွက်ပြေးကြတဲ့ ပြည်သူတွေအပေါ် စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ ကလေးငယ် ၁ ယောက်အပါအဝင် ၂ ယောက်သေဆုံးပြီး ၉ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ရုရှားစစ်ကြောင့် ယူကရိန်းနိုင်ငံသား သန်း ၆ ကျော် ဥရောပပြည်ပထွက်ပြေးကြရတာမှာ ၆ သောင်းကျော်က ကလေးနှင့်အမျိုးသမီးတွေဖြစ်ပြီး ဟန်ဂေရီနိုင်ငံမှာ ခိုလှုံနေကြရပါတယ်။ VOA အရှေ့ဥရောပဗျူရိုတာဝန်ခံ Myroslava Gongadze၏ သတင်းကို ကိုခင်မောင်စိုးမင်း တင်ပြထားပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ပေါ်ကို ဒီနေ့မနက်က စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ တဦး သေဆုံးပြီး တချို့ ဒဏ်ရာရခဲ့ပါတယ်။ ကချင်ပြည်နယ် အထူးဒေသ ၁၊ ချီဖွေမြို့နယ် ဖီမော်ရှိ နယ်ခြားစောင့်တပ် အမှတ် ၁၀၀၁ ကိုလည်း KIA က သိမ်းယူလိုက်ကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။
အမေရိကန်ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းပဲလိုချိန်မှာ နိုင်ငံ့အနောက်တောင်ပိုင်းက အပြိုင်အဆိုင်မဲဆွယ်နေရတဲ့ အရီဇိုးနားနဲ့ နီဗားဒါးပြည်နယ်တွေက ကြာသပတေးနေ့ မဲအခြေအနေကို ကြည့်ပြီး သမ္မတလောင်းနှစ်ဦးဖြစ်တဲ့ ဒုသမ္မတ Harris နဲ့ သမ္မတဟောင်း Trump တို့ဟာ အမျိုးသမီးတွေအရေး အပြန်အလှန်ပြောဆို မဲဆွယ် နေပါတယ်။
တရားမဝင်ကုန်ပစ္စည်းရောင်းချမှုကို တားဆီးဖို့ပျက်ကွက်တယ်ဆိုတဲ့သံသယနဲ့ တရုတ်အွန်လိုင်း အရောင်းကုမ္ပဏီ Temu ကို စုံစမ်းစစ်ဆေးနေတယ်လို့ အီးယူ-ဥရောပသမဂ္ဂက ကြာသပတေးနေ့မှာ ပြောပါတယ်။
အစ္စရေးမြောက်ပိုင်းမှာ လက်ဘနွန်ဘက်ကပစ်ခတ်မှုကြောင့် အစ္စရေးလယ်သမားတဦးနဲ့ နိုင်ငံခြားအလုပ်သမား ၄ ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေကပြောပါတယ်။ အစ္စရေး ဘက်က လက်ဘနွန်တောင်ပိုင်းကိုပစ်ခတ်မှုကြောင့်လည်း ကျန်းမာရေးလုပ်သား ၆ ဦး အပါအဝင် ၈ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ လက်ဘနွန်အရာရှိတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာနေပြီး အခြေနေတွေ ဆက်လက်ဆိုးဝါးနေတာဟာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အခြေအနေကို ပိုဆိုးလာစေတယ်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် (USCIRF) ရဲ့ အစီရင်ခံသစ်မှာဖော်ပြပါတယ်။
အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်း Aceh ပြည်နယ်ကမ်းခြေမှာ ကလေးငယ်တွေပါဝင်တဲ့ ရိုဟင်ဂျာ ၉၀ လောက်ကို လူကုန်ကူးတွေ ဒီနေ့ စွန့်ပစ်ခဲ့ပါတယ်။ အနားမှာ အလောင်း ၆ လောင်းကိုလည်းတွေ့တယ်လို့ ဒေသတာဝန်ရှိသူတွေက ပြောပါတယ်။
၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းက ဟိုပန်မြို့မှာ အမျိုးသားတဦးကို လူသတ်မှုနဲ့ သေဒဏ်ချမှတ်လိုက်တယ်လို့ Wa News Land သတင်းအေဂျင်စီက ဖော်ပြပါတယ်။
အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် သမ္မလောင်း Donald Trump အနိုင်ရခဲ့မယ်ဆိုရင် ယူကရိန်းစစ်ပွဲ အပေါ် အမေရိကန်ရဲ့ ထောက်ခံမှုနဲ့ နေတိုးမဟာမိတ် ဆက်ဆံရေးအလားအလာတွေကို မဟာမိတ် ဥရောပနိုင်ငံတွေကြားမှာ မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ သမ္မတရွေးကောက်ပွဲကျင်းပဖို့ ၅ ရက်သာ လိုတော့တာနဲ့အတူ အနိုင်ရဖို့ အရေးကြီးတဲ့ အနောက်ပိုင်းပြည်နယ် ၂ ခုကို သမ္မတလောင်းတွေ ဒီနေ့ သွားရောက်မဲဆွယ်ကြမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်စပ်ဂိတ်တွေကို တရုတ်နိုင်ငံက မကြာသေးခင်ကပဲ ပိတ်လိုက်တာဟာ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေကို ဖိအားပေးဖို့ ရည်ရွယ်တဲ့ လုပ်ရပ်အဖြစ် သုံးသပ်သူတွေက ခန့်မှန်းနေကြပါတယ်။
တိုက်ချင်းပစ် ပဲထိန်းတပ်ဒုံးလက်နက်တခုကို မြောက်ကိုရီးယားက စမ်းသပ်ခဲ့တဲ့အပေါ် ဂျပန်နဲ့တောင်ကိုရီးယားတို့ အပြစ်တင် တုံ့ပြန်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ လူတွေ လမ်းပေါ်မှာ သရဲတွေလို ကြောက်မက်ဖွယ်ရာ ဝတ်စုံတွေ ဝတ်ဆင်သွားလာကြတဲ့ ဟော်လိုဝင်း ပါတီ ဒီနေ့ ကျင်းပမှာပါ။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အခြေစိုက် KIA တပ်မဟာ ၉နယ်မြေအတွင်းကို ဒီကနေ့ စစ်ကောင်စီ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိသလို ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်မှာလည်း တိုက်ပွဲဖြစ်ပွားနေပါတယ်။
လူမှုကွန်ရက်စာမျက်နှာမှာ ဟိန္ဒူဘာသာနဲ့ ရိုးရာယဉ်ကျေးမှုကို သရော်လှောင်ပြောင်ထားတယ်ဆိုပြီး မြန်မာရုပ်ရှင်ကားကို ဝေဖန်ရေးသားတဲ့ပို့စ်တင်ပြီးတဲ့နောက် ရုတ်တရက် အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးသွားတဲ့ ကိုရှိုင်းထက်အောင်ခေါ် ဗွီးထက်ကူးမားကို စစ်ကောင်စီက ဖမ်းဆီးအရေးယူလိုက်ပါတယ်။
ကမ္ဘာအဝှမ်း မီဒီယာသမားတွေကိုသတ်ဖြတ်မှုမှာ ကင်းလွတ်ခွင့်ပေးတဲ့နိုင်ငံစာရင်းကို CPJ သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီကထုတ်ပြန်ရာမှာ မြန်မာနိုင်ငံကအဆိုးဆုံး ၁၀ နိုင်ငံစာရင်းမှာပါဝင်နေပြီး ၂၀၂၄ အတွင်း ထက်မြတ်သူ၊ ဝင်းထွဋ်ဦးနဲ့ မြတ်သူထွန်းစတဲ့ သတင်းထောက် ၃ ဦး အသတ်ခံရမှုကို CPJ က ဖော်ပြထားတာပါ။
အမေရိကန်သမ္မတ ရွေးကောက်ပွဲ ၆ ရက်အလိုမှာ သမ္မတလောင်းနှစ်ဦးဟာ အကျိတ်အနယ် ယှဉ်ပြိုင်ရမယ့်ပြည်နယ်တွေမှာ ဆက်ပြီးမဲဆွယ်စည်းရုံးနေကြပြီး Harris နဲ့ Trump တို့နှစ်ဦးစလုံး နှစ်ဘက်မဲတွေအကျိတ်အနယ်ဖြစ်နေတဲ့ မြောက်ကယ်ရိုလိုင်းနားနဲ့ Wisconsin ပြည်နယ်တွေကို ဦးတည် မဲဆွယ်စည်းရုံးရေးခရီးတွေ သွားနေပါတယ်
ကျေနပ်လက်ခံလောက်တဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မရမချင်း လက်ဘနွန်နဲ့ အစ္စရေး မြောက်ပိုင်းမှာ အစ္စရေးတပ်တွေကို ဆက်တိုက်သွားမယ်လို့ ဟက်ဇဘိုလာခေါင်းဆောင်သစ် Naim Kassem က ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။
စပိန်နိုင်ငံမှာ ရေကြီးရေလျှံမှုကြောင့် လူ ၉၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး အိုးအိမ်တွေ ပျက်စီးဆုံးရှုံး ရသလို လမ်းပမ်းဆက်သွယ်ရေးလည်း ပြတ်တောက်သွားပါတယ်။ စပိန်နိုင်ငံတောင်ပိုင်းနဲ့ အရှေ့ခြမ်းဒေသတွေမှာ အင်္ဂါနေ့ကစလိုက်တဲ့ မိုးသည်းထန်မှုဟာ ဗုဒ္ဓဟူးနေ့ အထိ ဆက်သွားပြီး ရေကြီးရေလျှံမှုတွေဖြစ်ခဲ့တာပါ။
နောက်ထပ်ကြည့်ရှုရန်