ကမ္ဘာ့နိုင်ငံတွေမှာ လက်နဲ့ ဖမ်းဆုပ်လို့ မရတဲ့ အမွေအနှစ်တွေ ရေရှည်တည်တံ့စေဖို့ ကုလသမဂ္ဂ UNESCO က Intangible Cultural Heritage သတ်မှတ် စာရင်းသွင်းလေ့ရှိပြီး ၂၀၂၄ ခုနှစ်အတွက် အဆိုပြုတင်ပြကြတဲ့ထဲ မြန်မာ့ရိုးရာနှစ်ကူး အတာသင်္ကြန်ပွဲတော်ကိုလည်း ICH စာရင်းမှာ ထည့်ဖို့ UNESCO က ကနဦးရွေးချယ်လိုက်ပါတယ်။
အမေရိကန် သမ္မတသစ် ရွေးချယ်ပြီးဖြစ်တဲ့အတွက် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တာဝန်လွှဲပြောင်းရေး ကိစ္စတွေမှာ အတတ်နိုင်ဆုံးချောချောမွေ့မွေ့နဲ့ တည်တည်ငြိမ်ငြိမ် လုပ်ဆောင်သွားမယ့်အကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က မနေ့က ဖလော်ရီဒါပြည်နယ် Miami မြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ရခိုင်ပြည်နယ် တောင်ပိုင်းရောမြောက်ပိုင်းပါမကျန် စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား လက်ရှိ အချိန်ထိ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့အတွက် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေး ဒုက္ခသည်သိ ၆ သိန်းထက်မနည်းရှိနေပြီလို့ စစ်ဘေးရှောင်ကူညီနေသူတွေက ပြောပါတယ်။
အမေရိကန်မှာ ရွေးကောက်ခံသမ္မတ Donald Trump က သမ္မတရုံးမှာ သြဇာအရှိဆုံးဖြစ်တဲ့ အိမ်ဖြူတော်အရာရှိချုပ်တာဝန်အတွက် Republican ပါတီအတွက် မဟာဗျူဟာရေးဆွဲသူ Susie Wiles ကို ရွေးချယ်လိုက်တာဟာ သမိုင်းမှာ ပထမဆုံးအနေနဲ့ အမျိုးသမီးတဦးကိုတာဝန်ပေးဖို့ ရွေးချယ်ခံရတာဖြစ်ပါတယ်။
ရေဘေးဒဏ်ခံထားရတဲ့ ကယားပြည်နယ်၊ ကရင်နီဒေသမှာ ရေနစ်မြုပ်ပျက်စီးခဲ့ရတဲ့ မိုးစပါး ဧကတသောင်း ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ကြိုးစားနေပါတယ်။
နိုဝင်ဘာ ၅ ရက်နေ့ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီက အမေရိကန် အထက်လွှတ်တော်နေရာ အများစုကို ရသွားပါတယ်။ ဒီရလဒ်ဟာ ရွေးကောက်ခံ သမ္မတ Donald Trump တာဝန်ယူတဲ့အချိန် ဥပဒေပြုရေး ကိစ္စတွေ အောင်မြင်ဖို့အတွက် ပိုပြီးလွယ်ကူသွားစေပါလိမ့်မယ်။ Katherine Gypson ရဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေး အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လာအိုဝန်ကြီးချုပ်က တာဝန် လွှဲပြောင်းပေးအပ်တာကြောင့် လာမယ့်နှစ် ၂၀၂၅မှာ မြန်မာက အိမ်ရှင်အနေနဲ့ ကျင်းပမှာဖြစ်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ရွေးချယ်ခံသမ္မတ Donald Trump က သူရဲ့ မဲဆွယ်စည်ရုံးရေးအဖွဲ့ မန်နေဂျာ Susie Wiles ကို သမ္မတအိမ်ဖြူတော် အရာရှိချုပ်အဖြစ် ခန့်အပ်မယ်လို့ ကြေညာလိုက်ပါတယ်။ ဒါဟာ လာမယ့် ဇန်နဝါရီ ၂၀ရက်နေ့ ဖွဲ့မယ့် သူ့အစိုးရအဖွဲ့ဝင် တာဝန်ရှိသူတဦးကို ပထမဦးဆုံး ထုတ်ပြန် ကြေညာလိုက်တာပါ။
အရွေးကောက်ခံ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ့အစိုးရအဖွဲ့ရဲ့ အရေးပါတဲ့ ရာထူးတွေအတွက် ခန့်အပ်မယ့်သူတွေကို အမြန်ရွေးချယ်ဖို့ လုပ်နေသလို၊ သူ ဘယ်သူတွေကို ရွေးထားတယ်ဆိုတာကို ရက်ပိုင်းအတွင်းမှာပဲ ထုတ်ပြန်လာနိုင်ခြေ ရှိနေပါတယ်။ သူ့အစိုးရအဖွဲ့မှာ ဘယ်သူတွေကို ရွေးချယ်ရမယ်ဆိုတာ ဝိုင်းဝန်း ဆန်းစစ်နေကြတာပါ။
ရခိုင်ပြည်နယ်ထဲမှာ ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေးလို အဓိက ကဏ္ဍကြီးတွေဟာ ရပ်ဆိုင်းနေပါတယ်။ ပြည်ပပို့ကုန်ပေါ် မူတည်ပြီး ဈေးကွက်တွေ အပိတ်ခံထားရတာကြောင့် ပျောက်ကွယ်ကုန်တဲ့အပြင် ဘိလပ်မြေဈေးမြင့်မားလာပြီး တင်ပို့မှုလည်းမရှိတဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေလည်း ရပ်ဆိုင်းနေခဲ့ရတယ်လို့ ပြောပါတယ်။
ယူကရန်းမှာ တိုက်ခိုက်ဖို့ မြောက်ကိုရီးယားက ရုရှားနဲ့ စစ်ရေးပူးပေါင်းမှုဟာ ဥရောပအပြင် တခြားဒေသတွေ အတွက်ပါ ခြိမ်းခြောက်မှု ဖြစ်နေတဲ့အတွက် ဒါကို အားလုံးက စုပေါင်းဖြေရှင်းဖို့ လိုနေပြီလို့ NATO အကြီးအကဲ Mark Rutte မတ်ခ်ရူတာက ကြာသပတေးနေ့မှာ သတိပေးလိုက်ပါတယ်။
ရွေးချယ်ခံ သမ္မတ Donald Trump ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို အာဏာလွှဲပြောင်းရေး ချောချောမွေ့မွေ့ဖြစ်အောင် သူ့အစိုးရအဖွဲ့အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။ ဒီမိုကရေစီစနစ်မှာ ပြည်သူလူထုရဲ့ ဆန္ဒအတိုင်း ဖြစ်ရမယ်လို့လည်း ပြောပါတယ်။
ရွေးကောက်ခံသမ္မတ Donald Trump ဟာ သူ့ရဲ့ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှာ လူဝင်မှုကြီးကြပ်ရေးကို အဓိကအနေနဲ့ထားပြီး၊ တောင်ပိုင်းနယ်စပ်မှာ သူ့အခေါ် "မကြုံစဖူးအမိန့်" တစ်ခုကို အကောင်အထည်ဖော်သွားမယ်လို့ ကတိပြုထားပါတယ်။
ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့အတွက် ပြင်သစ်နိုင်ငံကနေ ကမ်းခြေစောင့် ကင်းလှည့်အမြန်ရေယာဉ် ၄၀ ဝယ်ယူမယ်လို့ ဖိလစ်ပိုင်နိုင်ငံက ဒီနေ့ပြောလိုက်ပါတယ်။ အဲဒီထဲက တချို့ကိုတော့ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်အတွင်းမှာ ထားသွားဖို့ဖြစ်တယ်လို့ ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ ခါးပတ်လမ်းစီမံကိန်း တစိတ်တပိုင်းအဖြစ် မြန်မာနိုင်ငံနဲ့ စီးပွားရေးစင်္ကြန် တည်ဆောက်ရေးလုပ်ငန်းတွေကို တိုးမြှင့်သွားဖို့အဆင့်သင့်ဖြစ်နေကြောင်း တရုတ်ဝန်ကြီးချုပ် မစ္စတာလီချောင်န်က ပြောလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် AA အဖွဲ့က ဂွမြို့နားအထိ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ အကဲခတ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ တောင်ကုတ်၊ မောင်တောနဲ့ အမ်းမြို့နယ်တွေမှာလည်း တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းကပါ တုံ့ပြန်တိုက်ခိုက်နေတယ်လို့လည်း ပြောပါတယ်
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ Republican ပါတီက Donald Trump အနိုင်ရခဲ့တာနဲ့ပတ်သက်လို့ ဝါရှင်တန်မြို့တော်အချိန်မနက် ၁၁ နာရီကျရင် သမ္မတ Biden က ဒီနေ့ည မိန့်ခွန်းပြောဖို့ရှိပြီး သမ္မတအဖြစ်အရွေးခံရတဲ့ Donald Trump ကို မနေ့ ဗုဒ္ဓဟူးနေ့က သမ္မတ Biden က ဂုဏ်ပြုစကားပြောခဲ့ပါတယ်။
တရုတ်မှာကျင်းပတဲ့ ဒေသတွင်းအစည်းအဝေးဘေးပန်းမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သီးခြား တံခါးပိတ်ဆွေးနွေးမှုအတွင်း မြန်မာနိုင်ငံ ငြိမ်းချမ်းလာစေရေး ထိုင်းနိုင်ငံက စိတ်ကောင်းစေတနာနဲ့ ကူညီပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဝန်ကြီးချုပ် Paetongtarn Shinawatra က ထိုင်းသတင်းထောက်တွေကို ဒီနေ့ ပြောခဲ့ပါတယ်။
ကမ္ဘာကြီးမှာဖြစ်ပေါ်နေတဲ့ ခြိမ်းခြောက်ရန်တွေကို အမေရိကန်သမ္မတသစ်နဲ့ ပူးပေါင်းဖြေရှင်းသွားဖို့ လိုလားတယ်လို့ NATO စစ်ရေးမဟာမိတ်အဖွဲ့ အကြီးအကဲက ပြောကြားလိုက်ပါတယ်။
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တောင်ပိုင်းကပစ်မှတ်တွေကို ဒီနေ့ ကြာသပတေးနေ့မှာ အစ္စရေးက လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ နိုင်ငံတကာလေဆိပ်နားမှာနေသူတွေကို ဘေးလွတ်ရာသွားကြဖို့
နောက်ထပ်ကြည့်ရှုရန်