ရုရှားနဲ့တရုတ်နိုင်ငံတွေကိုထိန်းချုပ်မယ့် အမေရိကန်ရဲ့ ကြိုးပမ်းမှုမှန်သမျှကို တန်ပြန်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်ရေး အဓိကတာ၀န်ဖြစ်ကြောင်း ဘေဂျင်းကိုရောက်နေတဲ့ ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး Sergei Shoigu (ဆာဂျီ ရှိုဂူ) က တရုတ်နိုင်ငံခြားရေး၀န်ကြီး Wang Yi ကို ဒီကနေ့ ပြောကြားခဲ့ပါတယ်။
ပြည်ပသွင်းကုန်အပေါ် ကန့်သတ်စိစစ်မှုတွေတိုးလာတာနဲ့အမျှ ကုန်ပစ္စည်းရှား၊ ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် မွေးမြူရေးလုပ်ငန်းတွေထိခိုက်လာပြီး နိုင်ငံခြားငွေဈေးတက်တာ၊ ကုန်သွယ်ရေး လျော့ကျတာနဲ့ ကုန်ကြမ်းရှားပါးတာကြောင့် လာမဲ့နှစ် မွေးမြူရေးအစာဈေးတွေတက်နေဦးမယ်လို့ လုပ်ငန်းရှင်တွေက ဗွီအိုအေကိုပြောပါတယ်။
အိန္ဒိယနိုင်ငံမြောက်ပိုင်း မဏိပူပြည်နယ်ကရဲစခန်းတခုကို မနေ့က ကူကီးလူမျိုးစုတွေဝင်ရောက် တိုက်ခိုက်ပြီး အိန္ဒိယရဲတွေနဲ့ အပြန်အလှန် တိုက်ခိုက်ခဲ့ကြတဲ့အတွက် လူ ၁၀ ယောက်လောက် သေဆုံးသွားတဲ့အကြောင်း ခရိုင်အရာရှိတွေက ပြောပါတယ်။
တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က သိမ်းယူထားတဲ့ မိုးကုတ်မြို့ကို တနင်္လာနေ့ ညသန်းခေါင်အချိန်မှာ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၂၀ သေဆုံးပြီး ၁၃ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားပါတယ်။
(၁၁၁၁) တစ်လေးလုံး စစ်ဆင်ရေး တနှစ်တာကာလအတွင်း ကယားပြည်နယ် ကရင်နီဒေသက မြို့ပေါင်း ၇ မြို့ စစ်ကောင်စီရဲ့ စစ်ရေးအရ အရေးပါတဲ့ ရှေ့တန်းတပ်စခန်း အားလုံးနီးပါးကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့ဘက်က တိုက်ခိုက်သိမ်းပိုက်နိုင်နိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) က ဗွီအိုအေကို ပြောပါတယ်။
တက်စလာ (Tesla) ကုမ္ပဏီ အကြီးအကဲ အီလွန်မတ်စ်ဟာ ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ရဲ့ အနိုင်ရရှိမှုမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့သူဖြစ်တာကြောင့် လာမယ့် သမ္မတသစ်လက်ထက် လျှပ်စစ်ကား လုပ်ငန်းရဲ့ အနာဂတ်ကို ဘယ်လို လွှမ်းမိုးသွားမလဲဆိုတာကို လျှပ်စစ်ကားလုပ်ငန်းလောကက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲမတိုင်ခင် ထွက်လာတဲ့ စစ်တမ်းတွေမှာ ဒုသမ္မတ Kamala Harris နဲ့ သမ္မတဟောင်း Donald Trump အကြား မဲအရေအတွက် သိပ်မကွာတဲ့အတွက် အကြိတ်အနယ်ယှဉ်ပြိုင်ရနိုင်ခြေဖေါ်ပြကြပါတယ်။ ဒါပေမဲ့လည်း ထောက်ခံမဲတွေကို Donald Trump က အပြတ်အသက် အနိုင်ရသွားခဲ့ပါတယ်။
အမေရိကန် ရွေးကောက်ပွဲမှာ နယူးဟမ်ရှိုင်းယား ပြည်နယ် အုပ်ချုပ်ရေးမှူး အဖြစ် ရီပါဘလီကန် ပါတီက Kelly Ayotte ဖြစ်လာတဲ့အတွက် လာမယ့်နှစ်မှာ အမေရိကန် မှာ အမျိုးသမီး ပြည်နယ်အုပ်ချုပ်ရေးမှူး ၁၃ ယောက် အဖြစ် စံချိန်တင်လိုက်ပါတယ်။
သမ္မတဘိုင်ဒန် ဟာ စစ်ပြန်ဟောင်းကြီးတွေကို အိမ်ဖြူတော် မှာ လက်ခံတွေ့ဆုံခဲ့ပြီးနောက် အာလင်တန် စစ်သင်္ချိုင်းကို သွားရောက် လွမ်းသူ့ပန်းခွေ ချခဲ့တာဖြစ်ပါတယ်။ သမိုင်းဝင် ဒီ စစ်သင်္ချိုင်း ဟာ သမ္မတ ၂ ယောက် နဲ့ ဗိုလ်ချုပ်ကြီးတွေ အပါအဝင်၊ စစ်ပြန်ရဲဘော်တွေကို မြှုပ်နှံထားရာနေရာလည်း ဖြစ်ပါတယ်။
လူဝင်မှုကြီးကြပ်ရေး ကို တာဝန်ယူမယ့် Thomas Homan ဟာ ယခင်က ရဲအရာရှိတာဝန်ယူခဲ့ဖူးသလို၊ နယ်စပ် လုံခြုံရေးတာဝန်တွေကို ထမ်းဆောင်ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။ ထရမ့် ရဲ့ ဦးစားပေး လုပ်ငန်းဖြစ်တဲ့ တရားဝင် စာရွက်စာတမ်း မရှိသူတွေကို အစု အပြုံလိုက် ပြန်ပို့ရေး လုပ်ငန်းကို မစ္စတာ သောမတ် ဟိုမန်းက ဦးဆောင်ရမှာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ကို တနိုင်တပိုင်တင်သွင်းနေတာတွေကို တနင်္လာနေ့ကစပြီး ခွင့်မပြုတော့ဘူးလို့ ယူနန်ပြည်နယ်၊ ရွှေလီမြို့ ပြည်သူ့အစိုးရဂိတ်ဆိုင်ရာ ရုံးခန်း တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။
ကမ္ဘာ့ ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆင်နဲ့ ယူကျုဗွီဒီယို လွှင့်ထုတ်သူကနေ လက်ဝှေ့သမား ဖြစ်လာတဲ့ ဂျိတ်ခ်ပေါလ်တို့ လာမယ့် နိုဝင်ဘာ ၁၅ ရက် သောကြာနေ့မှာ တက္ကဆက်ပြည်နယ် အာလင်တန်မြို့မှာ လက်ဝှေ့ထိုး ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့မှာ တနင်္ဂနွေနေ့ နိုဝင်ဘာ ၁၀ ရက်နေ့က ကျင်းပခဲ့တဲ့ MTV ဥရောပဂီတ ဆုပေးပွဲမှာ ကမ္ဘာကျော် အမေရိကန်ပေါ့ပ်အဆိုတော် Taylor Swift တေလာဆွိဖ် ဆု ၄ ဆု ရရှိသွားပါတယ်။
ရွေးကောက်ခံသမ္မတ Donald Trump က အစိုးရအဖွဲ့ ဖွဲ့စည်းရေး လုပ်ဆောင်နေချိန်မှာ သူ့ရဲ့ မဲဆွယ်စဉ်က ကတိတွေကို ဘယ်လို အကောင်အထည်ဖော်မလဲ၊ ရန်ဘက်တွေကို လက်စားချေမလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။ တိုးတက်ရေးသမားတွေကတော့ ဒီမိုကရက်တစ်ပါတီ ရှုံးနိမ့်မှုအပေါ် ပြန်လည်သုံးသပ်နေကြပါတယ်။
စစ်ဖြစ်နေတဲ့ အစ္စရေး နဲ့ ဟားမက်စ်အကြား အပစ်ရပ်ဆဲရေးအတွက် စိတ်ဆန္ဒမရှိသလို အလေးအနက်လည်း မထားဘူးလို့ ပြောဆိုပြီး အပစ်ရပ်ရေး စေ့စပ်ပေးနေတဲ့ ကာတာနိုင်ငံဟာ ညှိနှိုင်းပေးနေတာတွေကို ရပ်ဆိုင်းလိုက်ပါတယ်။ ဒီအကြောင်း Arash Arabasadi သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
စစ်မြေပြင်နဲ့ ဆက်စပ်နေရာတွေမှာ တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက် စိုးရိမ်စိတ်နဲ့ စိတ်ဖိစီးမှုတွေ ခံစားနေရတဲ့ စစ်ပြန်တွေကို စိတ်ဒဏ်ရာကုစားပေးဖို့ တာဝန်ထမ်းခွေးတွေနဲ့ အကူညီပေးနေတဲ့ အစီအစဉ်ကို အမေရိကန်နိုင်ငံ Kansas ပြည်နယ်အခြေစိုက် The Battle Within အဖွဲ့ က ဆောင်ရွက်နေပါတယ်။
အီရန်ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေရှိနေတဲ့ ယီမင်နိုင်ငံဘက်က တနင်္လာနေ့က ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တစင်းကို အစ္စရေးက ကြားဖြတ်ပစ်ချနိုင်ခဲ့ပါတယ်။ ဂျေရုဆလင်မြို့နား ပျက်ကျခဲ့တဲ့ဒုံးကျည်ကြောင့် မီးလောင်ခဲ့သလို ဟူသီသူပုန်တွေကတော့ အစ္စရေးနိုင်ငံအလယ်ပိုင်း ကို တိုက်ခိုက်နိုင်ခဲ့ကြောင်းပြောခဲ့ပါတယ်။
“နိုဝင်ဘာ ၁ဝ ရက်နေ့က ပစ်တာ၊ အတည်ပြုလို့ရတယ်။ စစ်ရဟတ်ယာဉ်ကမနေ့က လာခဲ့တယ်။ အဲဒီမှာ ၄ စီးရောက်တယ်။ ပထမဆုံးဆင်းတဲ့တစီးကို ပြန်တက်တဲ့အချိန်မှာ အာရက္ခတပ်တော်က ပစ်လိုက်တာ။ ဘယ်နေရာကို သွားထိလဲ ဆိုတော့ တောင်ပံကိုထိတာ။ အဲဒီမှာလေယာဉ်က ပြေးပေါက်ရှာပြီးတော့ တောင်ပေါ်ဘက်ကိုထိုး တက်တာ။" (ရခိုင်အရေးစောင့်ကြည့်သူ)
တောင်တရုတ်ပင်လယ် ရေပိုက်နက်အရေး တရုတ်နဲ့အင်ဒိုနီးရှား နှစ်နိုင်ငံ သဘောတူညီချက်တွေကို အကောင်အထည်ဖေါ်နိုင်အောင် ပူးပေါင်းလုပ်ဆောင်ဖို့ ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အဇာဘိုင်ဂျန်နိုင်ငံ Baku မြို့တော်မှာ သီတင်းနှစ်ပတ်ကြာကျင်းပမယ့် COP29 လို့ ခေါ်တဲ့ ကုလသမဂ္ဂရဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး ဒီနေ့ တနင်္လာနေ့ စတင်ပါပြီ။
နောက်ထပ်ကြည့်ရှုရန်