ပြင်သစ်အနေနဲ့ ယူကရိန်းကိုထောက်လှမ်းရေးအချက်အလက်တွေပေးသွားမယ်လို့ ပြင်သစ် ကာကွယ်ရေးဝန်ကြီး Sebastine Lecornu က ဒီကနေ့ကြာသပတေးနေ့မှာပြောပါတယ်။ အမေရိကန်ပြည်ထောင်စုက ယူကရိန်းကို ထောက်လှမ်းရေးသတင်းအချက်အလက်တွေ မျှဝေမှု ရပ်ဆိုင်းတယ်လို့ ကြေညာခဲ့ပြီးနောက်မှာ ပြင်သစ်က အခုလိုလုပ်ဆောင်လိုက်တာပါ။
Hamas အဖွဲ့အနေနဲ့ ကျန်ရှိနေတဲ့ အစ္စရေးဓားစာခံတွေကို ချက်ခြင်းလွှတ်မပေးဘူးဆိုရင် ငရဲလို ဆိုးရွားတဲ့အခြေအနေနဲ့ ရင်ဆိုင်ရမယ်၊ Hamas အဖွဲ့ဝင်တယောက်မကျန်မလွတ်အောင် အစ္စရေးကကိစ္စရှင်းနိုင်ဖို့ လိုအပ်သမျှ အစ္စရေးကိုပို့ပေးမယ်လို့ သမ္မတထရမ့်က Truth Social လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio နဲ့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး Melanie Joly တို့ ဗုဒ္ဓဟူးနေ့က ဆက်သွယ်ပြီး နှစ်နိုင်ငံကုန်သွယ်ရေး၊ နယ်စပ်လုံခြုံရေး၊ စီးပွားရေးနဲ့ နိုင်ငံတကာအခက်အခဲတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်
ယူကရိန်း စစ်ပွဲဖြစ်လာတာ ၄ နှစ်တာကာလအတွင်း ဝင်လာတာနဲ့အမျှ ယူကရိန်းနိုင်ငံသား ၆.၈ သန်း ကျော်ဟာလည်း ဒုက္ခသည်တွေဖြစ်လာကြပါတယ်။ စစ်ပွဲပြီးဆုံးသွားရင်တောင် ဒီဒုက္ခသည်တွေထဲက တဝက်နီးပါးလောက်သာ နေရပ်ပြန်လာနေဖို့ စီစဉ်ထားကြတာပါ။ VOA သတင်းထောက် Lesia Bakalets ရဲ့သတင်းကို မခင်လေး ပြောပြပေးပါမယ်။
တောင်နဲ့မြောက်ကိုရီးယား နှစ်နိုင်ငံနား ကျည်အစစ်နဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း ကိုရီးယားတိုက်လေယာဉ်နှစ်စင်းက Pocheon မြို့ လူနေရပ်ကွက်တခုပေါ် ဗုံး ၈ လုံး မှားယွင်းဗုံးကြဲချမှုကြောင့် (၁၅) ယောက် ဒဏ်ရာရသွားခဲ့ကြောင်း ကိုရီးယားစစ်တပ်နဲ့ မီးသတ်တာဝန်ရှိသူတွေက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ ကိုးကန့်တပ် MNDAA က ထိန်းချုပ်ခဲ့တဲ့ ကွတ်ခိုင်မြို့နယ်၊ မုံးစီးကျေးရွာအုပ်စုက ပြိန်းခမ်းကျေးရွာမှာ ကချင်လူမျိုးတွေအပါအဝင် ဒေသခံတွေ အားထားနေကြတဲ့ ရေအရင်းအမြစ်စတင်ရာမှာ တရုတ်တွေကရွှေတူးတဲ့အတွက် ကချင်တိုင်းရင်းသားတွေ ကန့်ကွက်ရာက ကိုးကန့် MNDAA တပ်က ပစ်ခတ်လို့ (၆) ဦးသေဆုံးခဲ့ပါတယ်။
နိုင်ငံခြားသွားကြမယ့်သူတွေမဖြစ်နေလုပ်ကြရတဲ့ ပညာရေး၊ လက်ထပ်စာချုပ်၊ ယာဉ်မောင်း၊ နိုင်ငံသားမှတ်ပုံတင် စတဲ့အချက်အလက်တွေ မှန်ကန်ကြောင်း နိုင်ငံခြားရေးဌာနမှာ ကျမ်းကျိန် Notary public အထောက်အထားတွေထဲ ပညာရေးထောက်ခံချက်ကို ယာယီပိတ်လိုက်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန MOFA တာဝန်ရှိသူတဦးက VOA ကိုပြောပါတယ်။
နိုင်ငံခြားကို အလုပ်သွားလုပ်ချင်သူတွေအတွက် အကျိုးဆောင်ပေးတဲ့ အေဂျင်စီတွေအနေနဲ့ စေလွှတ်တဲ့ အလုပ်သမားရဲ့လစာ ၂၅% ကို ရအောင်တောင်းရမယ်လို့ အလုပ်သမားရေးဌာနက ညွှန်ကြားခဲ့ပါတယ်။ တောင်းလို့မရရင် အေဂျင်စီက စိုက်ပြီးပေးရမယ်လို့ ညွှန်ကြားလိုက်တဲ့အတွက် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေ အခက်တွေ့နေကြပါတယ်။
ယူကရိန်းကို စစ်ရေးအကူ တင်ပို့နေတာတွေ ချက်ချင်း ရပ်ထားလိုက်ဖို့ အမေရိကန်သမ္မတထရမ့်က တနင်္လာနေ့မှာ အမိန့်ပေးလိုက်ပါတယ်။ ဘက်အားလုံး ငြိမ်းချမ်းရေး စကားဝိုင်းကို ရောက်လာကြဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ သူ့အစိုးရက ပြောပါတယ်။ လန်ဒန်ကနေ Henry Ridgwell ပို့လိုက်တဲ့ သတင်းဆောင်းပါးကို ဦးတင်မောင်သန်း ပြောပြမှာပါ။
အီလီနွိုက်ပြည်နယ်က မွတ်စလင်အမေရိကန်တွေ ရာမဒန်ဥပုသ်ကာလ စတင်ချိန်မှာပဲ အသက် ၆ နှစ်အရွယ် ပါလက်စတိုင်းအမေရိကန်ကလေးငယ်တစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံထားရသည့် အမျိုးသားတစ်ဦးကို တရားခွင်က အပြစ်ရှိကြောင်း စီရင်ချက်ကို ကြေညာခဲ့ပါတယ်။ Kane Farabaugh သတင်းပေးပို့ထားတာကို ကိုစံကျော် ပြောပြပါမယ်။
အမေရိကန်ပြည်ထောင်စုက ကနေဒါ၊ မက္ကဆီကို အပေါ် ချမှတ်ထားတဲ့ သွင်းကုန်ခွန် နှုန်းထား အသစ်က အင်္ဂါနေ့မှာ စတင်သက်ရောက်ပြီး တရုတ်အပေါ်မှာလည်း သွင်းကုန်ခွန်ကို ၂ ဆ တိုးမြှင့်လိုက်ပါတယ်။ Ken Bredemeier ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂီထိုက် တင်ပြပါမယ်။
ဧရာဝတီတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ ဒီကနေ့ အင်အားအသင့်အတင့်ရှိတဲ့ ငလျင်တွေနဲ့ နောက်ဆက်တွဲ ငလျင်တွေကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ ဒီရက်ပိုင်းအတွင်း မြေငလျင် လှုပ်ခတ်တာတွေ ကြောင့် သတိထားကြဖို့လည်း မိုးလေဝသ ကျွမ်းကျင်သူတွေ သတိပေးနေကြတာပါ။ ရန်ကုန်ကသတင်းပေးပို့ထားပါတယ်။
တရုတ်ပြည်အနေနဲ့ ပြည်တွင်းဝယ်လိုအားတွေကျဆင်းနေပြီး ပြည်ပကအခက်အခဲတွေနဲ့ ရင်ဆိုင်နေ ရပေမယ့်လည်း ၂၀၂၅ ခုနှစ်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ၅ ရာနှုန်းအထိ ရည်မှန်းထား တယ်လို့ တရုတ်ဝန်ကြီးချုပ် Li Qiang က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာပြောပါတယ်။
ထိုင်းနဲ့နယ်စပ် ကမ္ဘောဒီးယားနယ်မြေထဲက အွန်လိုင်းငွေလိမ်စင်တာတခုကို ဗုဒ္ဓဟူးနေ့မှာဝင်စီးနင်းပြီး ထိုင်းနိုင်ငံသား (၁၀၀) ကို ဖမ်းဆီးလိုက်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြော ပါတယ်။ ဒါဟာ ဒေသအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနှိမ်နင်းရာမှာ ထိုင်းနိုင်ငံသားတွေကို ပထမဦးဆုံးအကြိမ် ဖမ်းဆီးလိုက်တာလည်း ဖြစ်ပါတယ်။
အမေရိကန်သမ္မတ Donald Trump ဟာ လွှတ်တော် ၂ ရပ်ပေါင်း ရှေ့မှောက် အင်္ဂါနေ့ညက မိန့်ခွန်းပြောကြားရာမှာ သူ့အစိုးရလက်ထက် စတင်ဆောင်ရွက်ခဲ့တာတွေအပေါ် ဂုဏ်ယူပြောကြားခဲ့ပါတယ်။
ကမ္ဘာတဝှမ်းက လူထောင်ပေါင်းများစွာကို အဓမ္မခိုင်းစေနေတဲ့ မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်ဂိုဏ်း တွေကိုနှိမ်နင်းဖို့ နိုင်ငံတကာဆွေးနွေးပွဲတရပ်ကို ဂျပန်အနေနဲ့ ဦးဆောင်ကျင်းပသင့်တယ်လို့ ဂျပန် ဝန်ကြီးချုပ် Shigeru Ishiba ကဒီကနေ့ ဗုဒ္ဓဟူးနေ့ ဂျပန်လွှတ်တော်မှာတင်ပြခဲ့ပါတယ်။
ရုရှားနိုင်ငံကိုရောက်နေတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဘဲလာရုစ်သမ္မတ Lukashenko ရဲ့ ဖိတ်ကြားချက်အရ ဘဲလားရုစ်ကိုသွားမှာဖြစ်ပြီး စီးပွားရေး၊ လုံခြုံရေးနဲ့ ကဏ္ဍပေါင်းစုံမှာ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆွေးနွေးသွားမှာဖြစ်ကြောင်း ကြေညာချက်မှာ ဖေါ်ပြပါတယ်။
အမေရိကန်သွင်းကုန်တွေအပေါ် အပြန်အလှန် အခွန်တိုးကောက်မှာဖြစ်ကြောင်း ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတွေက မတ်လ (၄) ရက် မနေ့က အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။ အမေရိကန်သမ္မတ Donald Trump က အဲဒီနိုင်ငံတွေအပေါ် အခွန်တိုးကောက်တာကြောင့် ခုလို တုံ့ပြန် အခွန်တိုးကောက် မယ်ဆိုပြီး ပြောတာပါ။
ယူကရိန်းသမ္မတ Zelenskyy က ငြိမ်းချမ်းရေးဆွေးနွေးပွဲဆီလာဖို့ အဆင်သင့်ရှိကြောင်း စာတစောင်ပို့ခဲ့တယ်လို့ သမ္မတ Trump က ပြောလိုက်ပြီး “အရူးထတဲ့လုပ်ရပ်ကို ရပ်ဖို့၊ သတ်ဖြတ်နေတာတွေ ရပ်ဖို့၊ အဓိပ္ပါယ်မဲ့တဲ့စစ်ပွဲအဆုံးသတ်ချင်ရင် နှစ်ဘက်လုံးနဲ့ ဆွေးနွေးရမယ်။” လို့လည်း အင်္ဂါနေ့ညမိန့်ခွန်းမှာ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေး အကျိုးစီးပွားကို ကာကွယ်တဲ့ တချိန်တည်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို မြှင့်တင်ဖို့ရည်ရွယ်တဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ သမ္မတရဲ့ ညွှန်ကြားချက် စာချွန်လွှာကို သမ္မတ ဒေါ်နယ်ထရမ့်က မကြာခင်ကပဲ လက်မှတ်ရေးထိုးခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်