စစ်ကောင်စီနဲ့ ပျူစောထီးတပ်တွေရဲ့ စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်တာ။ ဒရုန်းနဲ့ တိုက်ခိုက်မှု၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ စစ်ကိုင်းတိုင်း ကန့်ဘလူ၊ ကျွန်းလှနဲ့ ကောလင်းမြို့နယ် ၃ ခုအစပ်က ကျေးရွာ ၁၄ ရွာလောက်က ဒေသခံ ၂၀၀၀၀ နီးပါး စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ထိုင်းငါးဖမ်းသမား ၄ ယောက်ကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပြီး လွတ်မြောက်လာသူတွေကို လက်ခံဖို့ နယ်စပ်ဂိတ်တွေကနေ ထိုင်းအရာရှိတွေ စောင့်ဆိုင်းနေတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ပြောဆိုပါတယ်။
ဂျပန်နိုင်ငံရဲ့ ရိုးရာ ဆာကေး (Sake) ဆန်အရက်ကို UNESCO ရဲ့ လူသားမျိုးနွယ်ရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ်နဲ့ မနေ့ ဒီဇင်ဘာလ ၄ ရက် ဗုဒ္ဓဟူးနေ့က သတ်မှတ်လိုက်ပါတယ်။
အမေရိကန်က ထိုင်ဝမ်ကိုလက်နက်ရောင်းချတာတုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ရဲ့ စစ်လက်နက်ပစ္စည်း ရောင်းချတဲ့ စစ်ဘက်ဆိုင်ရာကုမ္ပဏီ ၁၃ ခုကို တရုတ်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ဖို့ ဆုံးဖြတ်လိုက်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ထိုင်ဝမ်သမ္မတ Lai Ching-te နဲ့ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ Mike Johnson တို့ ဆက်သွယ်စကားပြောခဲ့ကြတယ်လို့ ထိုင်ဝမ်သမ္မတရုံးက ဒီနေ့ သတင်းထုတ်ပြန်ခဲ့ပြီးနောက်မှာ စည်းမကျော်ပါနဲ့လို့ တရုတ်နိုင်ငံခြားရေးပြောခွင့်ရ Lin Jian က ဒီနေ့ ပုံမှန်သတင်းစာရှင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။
ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ဒီနေ့လည်း တိုက်ပွဲဆက်ဖြစ်နေပြီး ဒေသခံပြည်သူတွေ တိုက်ပွဲအတွင်းပိတ်မိတာရှိသလို ထိခိုက်သေဆုံးတာလည်း ရှိနေပါတယ်။ လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ KIA နဲ့ ပူးပေါင်းတပ်တွေက စစ်ကောင်စီရဲ့တပ်စခန်း အတော်များများကိုသိမ်းယူကြောင်း သတင်းတွေထွက်နေပေမဲ့ KIA ဘက်ကတော့ အတည်မပြုသေးပါဘူး။
တောင်ကိုရီးယားနိုင်ငံမှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်ခဲ့တဲ့ သမ္မတ Yoon Suk Yeol ကို တရားစွဲသင့် မသင့် လွှတ်တော်မှာ အတိုက်အခံပါတီတင်သွင်းတဲ့အဆိုကို ထောက်ခံမှာမဟုတ်ဘူးလို့ အာဏာရပါတီ ခေါင်းဆောင်က ပြောလိုက်ပါတယ်။
ဂါဇာတောင်ပိုင်းစခန်းတခုက စစ်ဘေးဒုက္ခသည်တွေခိုလှုံနေတဲ့တဲတလုံးကို အစ္စရေးရဲ့ ဒုံးကျည်ထိမှန် တာကြောင့် ၂၁ ယောက်ထက် မနည်းသေဆုံးပြီး ၂၈ ယောက် ဒဏ်ရာရသွားခဲ့တယ်လို့ Khan Younis မြို့အနီးက Nasser ဆေးရုံညွန်ကြားရေးမှူးက ပြောပါတယ်။
မနေ့ ဒီဇင်ဘာလ ၅ ရက်နေ့က ရခိုင်ပြည်နယ် တောင်ကုတ်မြို့မဈေးနဲ့ မြို့ပေါ်ရပ်ကွက်တချို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာတွေနဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် ဈေးဆိုင်ခန်းတွေနဲ့ နေအိမ် တော်တော်များများ ပျက်စီးသွားတယ်လို့ ရခိုင်စစ်ရေးစောင့်ကြည့်နေသူ တဦးက ပြောပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဦးပဇင်းနတ်ဇောလို့ လူသိများတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း အမေရိကန်နိုင်ငံသား ဆရာတော် ဦးပညာဇောတကို စစ်ကောင်စီက စစ်ကြောရေးမှာ စစ်မေးပြီးတဲ့နောက် ဒီကနေ့ မင်္ဂလာဒုံမြို့နယ် ခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ နီးစပ်သူကပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့က စစ်ရှောင်စခန်းကို ဒီဇင်ဘာလ ၄ရက်နေ့က စစ်ကောင်စီရဲ့ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တဦးပါအဝင် ၃ဦးသေဆုံးပြီး ၃ဦး ပြင်းထန်ဒဏ်ရာရရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ဗွီအိုအေကို ပြောပါတယ်။
မြန်မာရိုးရာ အတာသင်္ကြန်ပွဲတော်ကို UNESCO ရဲ့ Intangible Cultural Heritage ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ဒီဇင်ဘာလ ၅ ရက် က တရားဝင်သတ်မှတ်လိုက်တဲ့အတွက် UNESCO စာရင်းဝင် မြန်မာသင်္ကြန်ပွဲတော် ရေရှည်တည်တံ့ရေး ထိန်းသိမ်းစောင့်ရှောက်သွားမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်း ထိုင်း ငါးဖမ်းစက်လှေပေါ်က ဖမ်းဆီးခံခဲ့ရတဲ့ ရေလုပ်သားတွေ ပြန်လည်လွှတ်မြောက်ရေးနဲ့ မြန်မာစစ်တပ် သိမ်းဆည်းထားတဲ့ ငါးဖမ်းစက်လှေ ပြန်ရရေး အမြန်ဆုံး လုပ်ဆောင်ပေးဖို့ ထိုင်း ငါးဖမ်းလုပ်ငန်း အသင်းဝင်တွေက ထိုင်းအစိုးကို တောင်းဆိုနေပါတယ်။
ထိုင်း မြန်မာနယ်စပ် ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ အခြေစိုက်တဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၁၃ ရက် ထိုင်းလွှတ်တော် အမျိုးသား လုံခြုံရေးဆိုင်ရာ ကော်မတီမှာ ဆွေးနွေးဖို့ စီစဉ်နေပါတယ်။
ရုရှားကြေးစားတပ်ဖွဲ့ Wagner ရဲ့ခေါင်းဆောင် ယက်ဗ်ဂယ်နီ ပရီဂိုးရှင်း သေဆုံးသွားပေမယ့် အဖွဲ့ကတော့ ဆက်လက်ရှင်သန်နေဆဲပါ။ ဒီတပ်ဟာ ရုရှားအစိုးရနဲ့ ပိုနီးစပ်လာသလို ကမ္ဘာတလွှားက ရုရှားအကျိုးစီးပွားကိုကာကွယ်ဖို့ ရှေ့ဆက်လုပ်ဆောင်နေတဲ့အကြောင်း Matthew Kupfer ပေးပို့တဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။
လာမယ့် Donald Trump အစိုးရအဖွဲ့သစ်ထဲမှာ Tesla ကား ကုမ္ပဏီရဲ့CEO အမှုဆောင် အရာရှိချုပ် Elon Musk ကို အစိုးရထိပ်တန်း ရာထူးတခုမှာ ခန့်ဖို့လျာထားလိုက်တဲ့အတွက် EV လျှပ်စစ်ကားထုတ်လုပ်သူတွေက လုပ်ငန်းတိုးတက်မှုတွေရှိလာလိမ့်လို့ မျှော်လင့်နေကြပါတယ်။
လိင်ပိုင်းဆိုင်ရာ မတော်မလျော်ပြုပြီး၊ အရက် အလွန်အကျွံ သောက်တယ်လို့ အစွပ်စွဲခံနေရတဲ့ Pete Hegseth ကတော့ သူဟာ စစ်တိုက်နေသူတွေအတွက် အခုလို ကြိုးစားနေတာဖြစ်ပြီး၊ စစ်လိုလားသူတွေအတွက် လုပ်နေတာ မဟုတ်ဘူး လို့ X လူမှုစာမျက်နှာမှာ ရေးပါတယ်။
မကြာခင်ရက်တွေက တစ်ဘက်နဲ့ တစ်ဘက် ကွက်ကြား တိုက်တာတွေ ရှိပေမဲ့ အစ္စရေး လက်ဘနွန် အပစ်ရပ်ရေး သဘောတူညီချက် ဆက်လက် ကိုင်စွဲထားဆဲ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ကမ္ဘာမှာ အကြီးအကျယ်အောင်မြင်မှုတဲ့ ရုပ်ရှင်ကား "The Lord of the Rings" သရုပ်ဆောင်တွေ အခုအသစ်ထွက်တဲ့ "The Lord of the Rings: The War of the Rohirrim" ကာတွန်းကား မိတ်ဆက်ပွဲကို လာတက်ရောက်သွားကြပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအောက်မှာ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှာဖြစ်ကြောင်း MNDAA ကိုးကန့်တပ်ရဲ့ ဒီဇင်ဘာလ ၃ ရက်နေ့ ကြေညာချက်ကို ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဌာနက ဒီကနေ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်