ပြည်ထောင်စုအစိုးရရဲ့ အသုံးစရိတ်ချွေတာမယ့် အစီအစဉ်တစိတ်တပိုင်းအဖြစ် (၈) လစာ အထူးခံစားခွင့်နဲ့ အမေရိကန်အစိုးရဝန်ထမ်းတွေ စက်တင်ဘာလနောက်ဆုံးထားပြီး အလုပ်ကနေ ထွက်ချင်ရင်ထွက်ကြဖို့ကမ်းလှမ်းတဲ့ ညွှန်ကြားချက်တရပ် သမ္မတ Donald Trump အစိုးရက ထုတ်ပြန်လိုက်ပါတယ်။
စင်္ကာပူအခြေစိုက် Interra Resources ကုမ္ပဏီဟာ မြန်မာစစ်ကောင်စီပိုင် ရေနံနဲ့ သဘာဝဓါတ်ငွေ့ လုပ်ငန်းတွေအတွက် ရေနံထောက်ပံ့ရောင်းချနေတယ်ဆိုပြီး မြန်မာ့အရေးစောင့်ကြည့်နေတဲ့ Justice for Myanmar အဖွဲ့က ဒီနေ့ရက်စွဲနဲ့ သတင်း ထုတ်ပြန်ပါတယ်။
အမေရိကန်ပြည်ထောင်စုက ပြည်ပနိုင်ငံတွေကိုပေးနေတဲ့အကူအညီတွေ ယာယီဆိုင်းငံ့လိုက်တဲ့ အထဲမှာ အရေးပေါ် စာနာမှုဆိုင်ရာအကူအညီတွေကိုတော့ ခြွင်းချက်နဲ့ ခွင့်ပြုသွားမှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio ကပြောလိုက်ပါတယ်။
"ဖမ်းမိတဲ့လူတွေကတော့ တော်တော်များများ ပါသွားပြီဗျ။ ဒီ ၅ ရက်လောက်အတွင်းကို လူပေါင်း ၄၀၀ ကျော်၊ ၅၀၀ နီးပါးရှိပြီ၊ ပါသွားတာ။ မုံရွာမြို့ထဲက လမ်းပေါ်မှာရှိတဲ့ ယောကျ်ား၊ မိန်းမ အကုန်လုံးကိုဖမ်းတယ်။" (ကိုစွမ်းထက်လင်း-မုံရွာ-အမြင့်လမ်း သတင်းဌာန ပြန်ကြားရေး တာဝန်ခံ)
မန္တလေးတိုင်းအတွင်း ကျောက်ပန်းတောင်း၊ ညောင်ဦး စတဲ့မြို့တွေနဲ့ မကွေးတိုင်းအတွင်း ချောက်၊ ရေနံချောင်းစတဲ့ မြို့တွေမှာ မြို့စောင့်တပ်ဖွဲ့စည်းရေးနဲ့ ထောက်ပံ့ရေးအတွက်ဆိုပြီး စစ်ကောင်စီတပ်က စစ်မှုမထမ်းမနေရ လူတွေကို အဓမ္မဆင့်ခေါ်နေတာကြောင့် ငွေပေးပြီး ပြန်ရွေးနေရတဲ့အကြောင်း ဒေသခံတယောက်က VOA ကို ပြောပါတယ်။
“မောင်တောမြို့ကနေ စစ်ဘေးရှောင်သွားတဲ့ စစ်ဘေးရှောင်တွေကို နေရပ်ပြန်ခွင့်ပြုတာကတော့ အခုမှ မဟုတ်ဘူးပေါ့နော်၊ ဇန်နဝါရီလ, လဆန်းကတည်းက အသုတ်လိုက် အသုတ်လိုက်ဝင်ခွင့်ပြုထားတာလို့ ကျနော်တို့သိရတယ်။ အဲဒီထဲမှာ ကျနော်တို့ ရခိုင်တွေရော၊ မွတ်ဆလင်တွေရော၊ ဟိန္ဒူတွေရော အကုန် လုံးပါတယ်ပေါ့နော်။” (ရခိုင်ဒေသခံ)
အမေရိကန်ပြည်ထောင်စုမှာ ဇန်နဝါရီ ၂၀ ရက်နေ့က စတင်တဲ့ သမ္မတဒေါ်နယ်ထရမ့်ရဲ့ ဒုတိယသက်တမ်းအတွင်း အရင်တခေါက် ပထမသက်တမ်းတုန်းကလိုပဲ စီးပွားရေး ကောင်းမွန်လာဖို့ မဲဆန္ဒရှင်တွေ မျှော်လင့်နေကြတဲ့အကြောင်း VOA ပုံပြရုပ်သံမှာ မအိသန့်စင် ပြောပြထားပါတယ်။
ထိုင်းနိုင်ငံအတွင်းမှာနေထိုင်တဲ့ ဒုက္ခသည်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ထိုင်းအစိုးရက ဆက်ပြီး ပံ့ပိုးကူညီသွားမယ့်အကြောင်း ထိုင်း ကျန်းမာရေးဝန်ကြီး Somsak Thepsutin မနေ့က ပြောဆိုတာကို ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ စစ်ဖြစ်နေတဲ့ ဂါဇာဒေသကို ဂုဏ်ပြုတဲ့အနေနဲ့ ဂါဇာနာမည်မှည့်ထားတဲ့ ဒရုန်းကြီးကို အီရန်က စမ်းသပ်ခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဟာ အီရန်အစိုးရ ထောက်ခံတဲ့ ဟားမားစ်အဖွဲ့နဲ့ အစ္စရေးတို့ကြား တိုက်ပွဲတွေကြောင့် တနှစ်ကျော်အကြာမှာ တော်တော်ပျက်စီးယိုယွင်းသွားခဲ့ပြီ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ လာရောက်လည်ပတ်သူ အများဆုံး ပြတိုက်ဖြစ်တဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့တော်က လုဗ်ပြတိုက်မှာ Chanel ရှန်နယ်၊ Saint Laurent စိန့်လော်ရင့်နဲ့ Dior ဒီယော ဒီလို ကမ္ဘာကျော် နာမည်ကြီး ဖက်ရှင်အမှတ်တံဆိပ်တွေရဲ့ ဒီဇိုင်နာဝတ်စုံတွေနဲ့ ဖက်ရှင်ပစ္စည်းတွေကို ပြခန်းဖွင့်လှစ်ပြသနေပါတယ်။
အမေရိကန်ပြည်ထောင်စုအစိုးရကပေးနေတဲ့ ထောက်ပံ့ငွေ၊ ချေးငွေနဲ့ အခြားငွေကြေးအကူအညီပေးအပ်နေတာတွေကို ယာယီရပ်ဆိုင်းထားဖို့ သမ္မတ Donald Trump အစိုးရက စီမံခန့်ခွဲရေးနဲ့ ဘတ်ဂျက်ဌာနကို ညွှန်ကြားလိုက်ပြီး အဲဒီထဲမှာ မတူကွဲပြားမှု၊ တန်းတူညီမျှမှုနဲ့ အားလုံးပါဝင်ခွင့်ရှိရေး DEI အစီအစဉ်တွေလည်းပါဝင်ပါတယ်။
အရှေ့တောင်အာရှတိုက်အတွင်း တရားမဝင်လောင်းကစားဝိုင်းတွေ ဖွင့်လှစ်လုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသားလုပ်ငန်းရှင်တဦးကို နှိပ်စက်ညှဉ်းပန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ထိုင်းအာဏာပိုင်တွေက ငြင်းဆိုလိုက်ပါတယ်။
“ဗန်းမော်မြို့ သိမ်းတာကတော့ သံချပ်ကာကား ၇၀၀၆ ပေါ့။ လေယာဉ်ကွင်းကိုလည်း အားလုံးအပြီးမဟုတ်သော်လည်းပဲ ကျနော်တို့ လက်ထဲမှာတော့ ရောက်နေတဲ့အနေအထား ဖြစ်ပါတယ်။ အမြောက်တပ် ၃၆၆ ကတော့ Confirm မဖြစ်သေးပါဘူး။ မနေ့ညနေပိုင်းကတော့ အရင်က စရဖ တပ်ခြံတွေကိုလည်း သိမ်းလို့ရပြီလို့တော့ပြောကြတယ်။” (ဗိုလ်မှူးကြီးနော်ဘူ-KIA)
အစ္စရေးနဲ့ဟာမတ်စ်ကြား အပစ်အခတ်ရပ်ရေးသဘောတူညီချက်ရပြီးနောက် အစ္စရေးက စစ်ဆေးရေး ဂိတ်တွေ ဖွင့်ပေးလိုက်တဲ့အတွက် ပြီးခဲ့တဲ့တနင်္လာနေ့တုန်းက စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွါ ထွက်ပြေးခဲ့ရ သူတွေထဲက ပါလက်စတိုင်းသုံးသိန်းလောက် နေရပ်ပြန်လာကြတယ်လို့ ဂါဇာတာဝန်ရှိသူတွေက ပြောပါတယ်။
အွန်လိုင်းကနေငွေကြေးလိမ်လည်နေတဲ့ တရုတ်နိုင်ငံသားတွေရဲ့ အဓိကဂိုဏ်းကြီး ၃၆ ခု ရှိပြီး လူတသိန်း ကျော်ကို အလုပ်ခိုင်းစေနေကြောင်း ထိုင်းနိုင်ငံကိုရောက်လာတဲ့ တရုတ်ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီး Liu Zhongyi (လျို ကျုံရီ) က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုအတွင်း တရားမဝင် လာရောက်နေထိုင်မှုနဲ့ ဖမ်းဆီးပြန်ပို့ခံရတဲ့ ကိုလံဘီယာနိုင်ငံသား ၁၁၀ ကို တင်ဆောင်လာတဲ့ ကိုလံဘီယာ လေတပ်ဂျက်လေယာဉ်ဟာ ဒေသစံတော်ချိန် ဒီကနေ့ ဇန်နဝါရီ ၂၈ ရက် အစောပိုင်းမှာ ပြန်လည် ဆင်းသက်လာဖို့ရှိပါတယ်။
မြန်မာနိုင်ငံက အွန်လိုင်းငွေကြေး လိမ်လည်တဲ့ ဂိုဏ်းတွေလက်ထဲကကယ်တင်ခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် ဟောင်ကောင်ဒေသခံ အမျိုးသား ဒီနေ့ နေရပ်ပြန်ရောက်သွားပြီဖြစ်တဲ့အကြောင်း ဒေသတွင်း သတင်းတွေမှာ ဖေါ်ပြပါတယ်။ သောကြာနေ့က သူ့ကို ထိုင်းရဲတပ်ဖွဲ့နဲ့အတူ ကယ်တင်ခဲ့တာလို့ Hong Kong Free Press သတင်းစာမှာ ဖေါ်ပြပါတယ်။
“ခန့်မှန်းခြေကတော့ အိမ်ထောင်စုဆိုရင် တထောင်ပတ်ဝန်းကျင်လောက်တော့ ရှိမယ်ဗျာ။ လူဦးရေကတော့ အနည်းဆုံး ၃,၀၀၀၊ ၄,၀၀၀ ပတ်ဝန်းကျင်လောက်ရှိမယ်လို့ တွက်ဆတယ်။" (ကိုဝေဟင်ါအောင်-ရခိုင်ဒုက္ခသည်အရေးကူညီနေသူ)
မလေးရှား နိုင်ငံမှာ နေထိုင်ခွင့် အထောက်အထား မရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ နေရပ်ပြန်နိုင်အောင် တရားဝင်ခွင့်ပြုတဲ့ သတ်မှတ်ရက် ကုန်ဆုံးသွားပြီးနောက် တရားမဝင် နေထိုင်သူတွေကို ဖမ်းဆီးနေရာမှာ မြန်မာနိုင်ငံသား အများအပြားလည်း ပါဝင်နေပါတယ်။
အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ ရခိုင်ရိုးမပေါ်က စစ်ကောင်စီရဲ့ မိုးထိတောင်စခန်းကို မနေ့က ဇန်နဝါရီလ ၂၇ ရက်နေ့က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့အကြောင်း အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်