ရုရှားနိုင်ငံမှာ လုံခြုံရေးအကူ အလုပ်တခုရမယ်ဆိုပြီး လိမ်လည်လှည့်ဖျားခံရကာ၊ ယူကရိန်းနဲ့တိုက်နေတဲ့ စစ်ပွဲမှာ ရုရှားတပ်သားအဖြစ် စုဆောင်းခံရတဲ့ အိန္ဒိယနိုင်ငံသားတွေထဲက လူငယ်တဦးဟာ အစိုးရရဲ့ကြားဝင်ကူညီပေးမှုကြောင့် မကြာသေးခင်က အိန္ဒိယကို ပြန်ရောက်လာပါတယ်။
သစ်သီးဝိုင်ထုတ်လုပ်ရေးမှာ အနောက်နိုင်ငံတွေဟာ ရှေ့တန်းမှာ ရောက်နေပြီး အစဥ်အလာအားဖြင့် လုပ်ငန်းစဥ်တရပ်လုံးကို အမျိုးသားတွေကပဲ အဓိကလုပ်ဆောင်ကြတာများပါတယ် ။ ဒါပေမယ့်လည်း သစ်သီးဝိုင် ထုတ်လုပ်ရေး အခုမှ စတင်ဖွံဖြိုးလာတဲ့ တရုတ်နိုင်ငံမှာတော့ အမျိုးသမီးတွေကသာ လုပ်ငန်းစဥ်တခုလုံးကို ဦးဆောင်ပါ၀င်နေကြပါတယ်။
သံဖြူဇရပ်မြို့အခြေစိုက် လူမှုကူညီရေး အသင်းဝင် ၁၁ ယောက်ကို PDF တွေနဲ့ ပတ်သက်မှု ရှိတယ်လို့ စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။ မွန်တော်လှန်ရေး အဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ မွန်ပြည်အစိုးရတရပ် အမြန်ဆုံး ဖွဲ့စည်းဖော်ဆောင်ဖို့ မွန်လူငယ်အဖွဲ့တွေကြား ဘုံသဘောတူညီချက် ရရှိခဲ့တဲ့အကြောင်း တင်ဆက်ထားပါတယ်။
တရုတ်က ဗုဒ္ဓဟူးနေ့မှာ ပစိဖိတ်သမုဒ္ဒရာထဲ တိုက်ချင်းပစ် ပဲ့ထိန်းတပ်ဒုံးကျည်တစင်း စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ဒီရှားရှားပါးပါးလုပ်ရပ်ဟာ တရုတ်နဲ့ အမေရိကန်တို့ သြဇာလွှမ်းဖို့ ကြိုးစားနေတဲ့ ပစိဖိတ်ဒေသတွင်း ပိုင်နက်အငြင်းပွါးနေကြတဲ့ နိုင်ငံအတော်များများကြား တင်းမာမှု တိုးလာစေပါတယ်။
နယူးရောက် ကုလသမဂ္ဂရုံးချုပ်မှာကျင်းပနေတဲ့ အထွေထွေညီလာခံမှာ ကြာသပတေးနေ့က ပါလက်စတိုင်း သမ္မတ Mahmoud Abbas က ဂါဇာနဲ့ အနောက်ဘက်ကမ်းဒေသတလွှား သွေးမြေကျဖြစ်ရပ်တွေ အဆုံးသတ်စေဖို့အတွက် အထူးသဖြင့် အမေရိကန်က အစ္စရေးကို လက်နက်တွေပေးတာ ရပ်ဆိုင်းဖို့ တောင်းဆိုလိုက်ပါတယ်။
သမ္မတဂျိုးဘိုင်ဒန်ဟာ ယူကရိန်းသမ္မတ Volodymyr Zelenskyy ကို ကြာသပတေးနေ့မှာ သမ္မတအိမ်ဖြူမှာ လက်ခံတွေ့ဆုံပါတယ်။ ယူကရိန်းသမ္မတဟာ ရွေးကောက်ပွဲကို ဝင်နှောက်သူလို့ ရီပတ်ဘလစ်ကင်တွေကစွပ်စွဲနေချိန်မှာပဲ သူက ရုရှားကျူးကျော်စစ် အောင်နိုင်ရေးဆိုင်ရာ သူ့အစီစဉ်တွေကို သမ္မတဘိုင်ဒန်နဲ့ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။
အစ္စရေးနိုင်ငံမြောက်ပိုင်းကဒေသခံတွေ စိတ်ချလက်ချ နေအိမ်တွေဆီ ပြန်သွားနိုင်တဲ့အချိန်အထိ လက်ဘနွန်က ဟက်ဇ်ဘိုလာတွေကို အင်အားအပြည့်နဲ့ ဆက်လက်တိုက်ခိုက်ဖို့ အစ္စရေးကစီစဉ်နေတယ်လို့ ကုလအထွေထွေညီလာခံကိုတက်ရောက်လာတဲ့ ဝန်ကြီးချုပ် Benjamin Netanyahu က နယူးယောက်မြို့မှာ သတင်းထောက်တွေကို ကြာသပတေးနေ့မှာ ပြောပါတယ်။
"ကမ်းပါးက ပြိုပြီးမှ ဆွဲထားတဲ့ ပြည်သူတွေက ဆွဲထားတဲ့လက်ကို ပြုတ်သွားတာပေါ့နော်။ ပြုတ်သွားတော့ ထပ်ဆွဲတော့ အမျိုးသားတယောက်ပါ ပါသွားတယ်။ အဲ့အမျိုးသားကတော့ ကြိုးပစ်ပေးတာနဲ့ အဲ့ကြိုးကိုဆွဲပြီး ပြန်တက်လာနိုင်တယ်။ အဲ့သားအမိကိုတော့ လုံးဝကို မကယ်လိုက်နိုင်တော့တာ။" (ကျောက်ထုရေဘေးကယ်ဆယ်ရေး)
တရုတ်ဘာသာနဲ့ထုတ်ဝေတဲ့ Stand News သတင်းဌာနက အယ်ဒီတာချုပ်ဟောင်း Chung Pui-kuen ကို ထောင်ဒဏ် ၂၁ လ ချမှတ်လိုက်ပြီး ယာယီ အယ်ဒီတာချုပ် Patrick Lam ကတော့ လျှော့ရက်နဲ့ အကျဥ်းထောင်ထဲ ထိန်းသိမ်းခံထားရတဲ့ ရက်တွေကြောင့် ထောင်ထဲမှာ ပြစ်ဒဏ် ဆက်ခံစရာ မလိုတော့ပါဘူး။
လေ့လာတွေ့ရှိချက်အသစ်အရ အဝလွန်သူ အရေအတွက်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း သိသိသာသာ တိုးမလာဘဲ အဝလွန်သူ ၁၀ ယောက်မှာ ၄ ယောက်နှုန်းရှိနေပြီး ၁၀ ယောက်မှာ ၁ ယောက်လောက်ကတော့ အလွန်အကျွံ အဝလွန်ရောဂါဖြစ်နေတယ်လို့ အမေရိကန် ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန (CDC) ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဂျပန်နိုင်ငံမှာ အနှစ် ၅၀ နီးပါး သေဒဏ်နဲ့ထောင်ကျခဲ့သူ လက်ဝှေ့သမားဟောင်းကို အပြစ်မရှိဘူးလို့ ဆုံးဖြတ်ပြီး အမှုကနေ တရားသေ လွှတ်ပေးလိုက်ပါတယ်။ အသက် ၈၈ နှစ်အရွယ် Iwao Hakamada ဟာ ၁၉၆၆ ခုနှစ်က လေးလောင်းပြိုင် လူသတ်မှုနဲ့ ၁၉၆၈ ခုနှစ်မှာ သေဒဏ် ချမှတ်ခံခဲ့ရတာပါ။
ကမ္ဘာ့စီးပွားရေး ဒုတိယ အင်အား အကြီးဆုံးဖြစ်တဲ့ တရုတ်နိုင်ငံမှာ စီးပွားရေး ပြဿနာသစ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဝန်ခံပြီး အိမ်ယာ ကဏ္ဍမှာ ကာလအတော်ကြာ ပြဿနာတွေ ကြုံနေရတာကို ကိုင်တွယ် ဖြေရှင်းသွားမယ်လို့ သမ္မတ Xi Jinping နဲ့ တရုတ် ထိပ်တန်း ခေါင်းဆာင်တွေက ဒီကနေ့ ကတိပြု ပြောဆိုပါတယ်။
အစ္စရေး−လက်ဘနွန် နယ်စပ်တလျှောက် ၂၁ ရက်ကြာ အပစ်အခတ် ရပ်စဲရေးတောင်းဆိုမှုကို အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Israel Katz က ပယ်ချလိုက်ပါတယ်။ ဥရောပသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်နိုင်ငံအပြင် နောက်ထပ် ၈ နိုင်ငံက ၂၁ ရက်ကြာ အပစ်အခတ်ရပ်ထားဖို့ ဗုဒ္ဓဟူးနေ့က အဆိုပြု တောင်းဆိုခဲ့တာဖြစ်ပါတယ်။
ရာဂီ မုန်တိုင်းကြောင့် ရေကြီးမြေပြိုတဲ့ဒဏ် ပြင်းပြင်းထန်ထန် တွေ့ကြုံခဲ့ရတဲ့ ကလောမြို့မှာ ၁၀ ရက်ကျော် ကြာလာချိန်အထိ ရွှံ့နွံရှင်းလင်းရေး ဦးစားပေး ဆောင်ရွက်နေရတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။ မြို့ပြန်လည် ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းထဲက ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာတွေအပေါ် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ မကြာမကြာ လုပ်နေတာမှာ မနေ့ညပိုင်းက ခင်ဦးမြို့နယ်အပေါ် ဗုံးကြဲလို့ အရပ်သားတွေ သေဆုံးခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု New York မြို့ မြို့တော်ဝန် Eric Adams ကို ပြစ်မှု မြောက် မမြောက်စုံစမ်းတဲ့ ဖယ်ဒရယ် ဂျူရီအဖွဲ့က စွဲချက်တင်လိုက်ပြီလို့ ဒီအကြောင်း သိရှိသူတွေက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုက အင်တာနက် အွန်လိုင်းနဲ့ဆိုင်တဲ့ တည်ဆဲ ဥပဒေတွေအပေါ် နိုင်ငံရေးပါတီအသီးသီးက မေးခွန်း ထုတ်လာနေကြပါတယ်။ ဒီကိစ္စအပေါ် အခုနှစ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် သမ္မတ ကိုယ်စားလှယ်လောင်း ၂ ဦးဖြစ်တဲ့ Kamala Harris နဲ့ Donald Trump တို့ ဘယ်လို ရှုမြင်သလဲဆိုတဲ့အကြောင်း တင်ပြထားပါမယ်။
ရခိုင်ပြည်နယ် တောင်ပိုင်းမှာရှိတဲ့ သံတွဲမြို့ပေါ်ကို စစ်ကောင်စီက ဒီကနေ့မနက်ပိုင်းက လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် အရပ်သား ၁၄ ဦး သေဆုံးပြီး ၂၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် AA ဘက်က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ် အစ္စရေးနိုင်ငံ အပေါ် အီရန်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေကို ဘယ်လို တုံ့ပြန်မလဲဆိုတဲ့ အကြောင်းအရာနဲ့ သဘောထား ရပ်တည်ချက်တွေဟာ အမေရိကန် သမ္မတလောင်းတွေရဲ့ မဲဆွယ်စည်းရုံးပွဲတွေမှာ ပြောဆိုတဲ့ နိုင်ငံတကာအရေးကိစ္စ အကြောင်းအရာတွေထဲက တခုဖြစ်ပါတယ်။
အမေရိကန်ရွေးကောက်ပွဲ ၄ နှစ် တကြိမ် ကျင်းပတိုင်း “ဟိုဒီယိမ်းပြည်နယ်” တွေကို အာရုံစိုက်ပြီး ယှဉ်ပြိုင်ကြရပါတယ်။ သူတို့က တပါတီကိုပဲ အမြဲအားသာတဲ့ ပြည်နယ်တွေနဲ့မတူ ရွေးကောက်ပွဲတခုနဲ့တခု ထောက်ခံမဲပြောင်းနိုင်ပြီး ဘယ်သူနိုင်မလဲ အဆုံးအဖြတ်ပေးနိုင်တာပါ။ VOA ပုံပြရုပ်သံမှာ ကိုသားညွန့်ဦး တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်