မလေးရှားနိုင်ငံမှာ ဒုက္ခသည်အဖြစ် လျှောက်ထားသူတွေအရေး ရုံးလုပ်ငန်းစဉ်တွေမှာ မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးဖို့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးရှေ့မှာ မြန်မာဒုက္ခသည်တွေ ဒီကနေ့ အင်္ဂါနေ့မှာ စုဝေးတောင်းဆိုခဲ့ကြပါတယ်။
လာမယ့် အမေရိကန်ရွေးကောက်ပွဲမှာ ဒုသမ္မတနေရာအတွက် ယှဥ်ပြိုင်ကြမယ့် ရီပတ်ဘလစ်ကန် ဒုသမ္မတလောင်း JD Vance နဲ့ ဒီမိုကရက် ဒုသမ္မတလောင်း Tim Walz တို့ ဒီကနေ့ အင်္ဂါနေ့မှာ ပထမဆုံးနဲ့ တကြိမ်တည်းသော စကား စစ်ထိုးပွဲမှာ ဆုံတွေ့ကြပါလိမ့်မယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး၊ ၁ ဒါဇင်နီးပါး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း TNLA တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
ဒီနှစ်ဆန်းကနေ စက်တင်ဘာလ ကုန်အထိ နိုင်ငံရေးအကျဉ်းသား ၉ ဦး ၊ နိုင်ငံရေးအကျဉ်းသူ ၂ ဦး နဲ့ အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားသူ ၁ ဦး စုစုပေါင်း ၁၂ ဦး အသက်သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ခဲ့တာပါ။
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် Pinellas ခရိုင်က ထုတ်ပြန်ထားတဲ့ လျှပ်စစ်ကားတစီး မီးလောင်ကျွမ်းနေတဲ့ ဗွီဒီယိုဖိုင်ဖြစ်ပါတယ်။ ဟာရီကိန်းမုန်တိုင်း Helene ကြောင့် ပြည်နယ်ထဲ ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်နေချိန် ဆားငန်ရေနဲ့ထိတွေ့တဲ့အခါ လျှပ်စစ်ကားတွေအခုလိုမီးစွဲလောင်နိုင်ကြောင်း သတိပေးထုတ်ပြန်လိုက်တာပါ။
အမေရိကန်ပြည်ထောင်စုမှာ သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေ အကြိတ်အနယ် လုပ်ဆောင်နေကြပါတယ်။ နိုဝင်ဘာရွေးကောက်ပွဲမှာ နောက်ဆုံး အနိုင်အရှုံးဆုံးဖြတ်ပေးတာက Electoral College ဖြစ်ပါတယ်။ Electoral College ရွေးကောက်ပွဲအဖွဲ့အကြောင်း VOA ပုံပြရုပ်သံကို ကိုဝင်းခန့်မောင် တင်ဆက်ပေးထားပါတယ်။
အစ္စရေးတပ်တွေ လက်ဘနွန်မှာရှိတဲ့ ဟစ်ဇဘိုလာပစ်မှတ်တွေကို လေကြောင်းကဆက်လက်တိုက်ခိုက်နေချိန်မှာ တရုတ်နိုင်ငံက ကြေညာချက်တွေထုတ်ပြီး ငြိမ်းချမ်းရေးအကျိုးဆောင်အခန်းက ပါဝင်ဆောင်ရွက်ဖို့ ပိုမိုအားထုတ်လာတယ်လို့ သုံးသပ်သူတွေက ပြောကြပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ အရှေ့အလယ်ပိုင်းမှာ လုံခြုံရေးတိုးမြှင့်ပြီး လိုအပ်ရင်အစ္စရေးကိုကာကွယ်ဖို့ ထောင်ဂဏန်း အနည်းငယ်ခန့် တပ်ဖွဲ့ဝင်တွေကို ထပ်မံပို့ပေးမယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က တနင်္လာနေ့မှာ ပြောပါတယ်။
အစ္စရေးဟာ ဟက်ဇ်ဘိုလာတို့ကို မြေပြင်ထိုးစစ်အငယ်စားတွေနဲ့ စတင်တိုက်ခိုက်ပြီး တိုက်ပွဲနဲ့နီးစပ်တဲ့ မြောက်ပိုင်းနယ်မြေ ၃ ခုဆီ တပ်ဖွဲ့တွေ ပိုစေလွှတ်နိုင်ခြေရှိတယ်လို့ အစ္စရေးအရာရှိတွေကပြောသလို ဒါကို အစ္စရေးဘက်က သူတို့ကို အကြောင်းကြားခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးပြောခွင့်ရ Matthew Miller က ဆိုပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်မှာ တခုတည်းကျန်တဲ့ စစ်ကောင်စီရဲ့ နခခ (၅) တပ်စခန်းကို အပြီးသိမ်းနိုင်ဖို့ ထိုးစစ်အရှိန်မြှင့်နေကြောင်း AA ဘက်က ဒီရက်ပိုင်းထုတ်ပြန်ထားပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ အကြီးအကျယ်လုပ်နေတာကြောင့် ကျေးရွာတချို့ မီးလောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက် ဒုသမ္မတလောင်းတွေဟာ မနက်ဖြန်ည ကျင်းပမယ့် စကားစစ်ထိုးပွဲအတွက် ကြိုတင်ပြင်ဆင်နေကြပါပြီ။ CBS သတင်းဌာနက ကမကထ ပြုလုပ်ကျင်းပတဲ့ စကားစစ်ထိုးပွဲအတွင်း ဒုသမ္မတလောင်းတွေဟာ သူတို့ရဲ့ မူဝါဒတွေ အဓိကထား ဆွေးနွေးကြမယ်လို့ခန့်မှန်းထားပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်အုပ်ချုပ်သူတွေက ဘိန်းစိုက်ပျိုးတာကို တားမြစ်လိုက်တဲ့အတွက် အရင်က ဘိန်းစိုက်တောင်သူတွေဟာ အခုအခါမှာ ခက်ခက်ခဲခဲရုန်းကန်ကြရပါတယ်။ ဒီအကြောင်း AFP သတင်းဆောင်းပါးကို ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။
ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည်အဖြစ် လက်ခံထားတဲ့ ရိုဟင်ဂျာတွေကို ကျောခိုင်းလို့ မဖြစ်နိုင်ကြောင်း ဗွီအိုအေ ဘင်္ဂလားဌာနနဲ့ သီးသန့်မေးမြန်းခန်းမှာ စီးပွားရေးဆိုင်ရာ နိုဘယ်ဆုရှင်လည်းဖြစ်တဲ့ Dr. Yunus ကပြောခဲ့တာပါ။
မကြာသေးခင်က ရေဘေးဒဏ် အပြင်းအထန်ခံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ဒီသီတင်းပတ်ထဲ နောက်ထပ် မိုးများရေကြီးနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ နေရာတော်တော်များများမှာ မိုးများနိုင်တယ်လို့ ခန့်မှန်းထားတာကြောင့် နောက်ဆက်တွဲ ရေကြီး၊ မြေပြိုမှု အန္တရာယ်တွေ သတိထားဖို့လည်း မိုးလေဝသနဲ့ ဇလဗေဒဌာနက တိုက်တွန်းထားပါတယ်။
လက်ဘနွန် အခြေစိုက် ဟက်ဇ်ဘူလာ စစ်သွေးကြွအဖွဲ့ရဲ့ ဒုတိယခေါင်းဆောင်က အစ္စရေးကို ဆက်လက် တိုက်ခိုက်သွားဖို့ အသင့်ရှိနေပြီး၊ ရေရှည်စစ်ပွဲ ဆင်နွှဲဖို့ ပြင်ဆင်ထားကြောင်း ပြောလိုက်ပါတယ်။
ဆယ်စုနှစ် တခုအတွင်း ရေဘေးဒဏ်အဆိုးဆုံးခံခဲ့ရတဲ့ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်မှာ လမ်းတွေ၊ တံတားတွေပျက်စီးပြီး အဆက်အသွယ်တွေ ပြတ်တောက်နေသလို၊ သေဆုံးသူတွေ တိုးလာနိုင်တယ်လို့လည်း ဒေသခံတာဝန်ရှိသူတွေက ခန့်မှန်းနေကြပါတယ်။
မြန်မာနိုင်ငံပဋိပက္ခမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအကြား ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာရေးကို ထိုင်းနိုင်ငံအနေနဲ့ ထောက်ခံသလို မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီတွေ ပေးပို့နေတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa ပြောဆိုတာကို ဘန်ကောက်ပို့ သတင်းစာမှာ ရေးသားပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ဟာ မြန်မာ့အရေး ဆွေးနွေးဖို့ သြစတြေးလျနိုင်ငံကို သီတင်း ၁ ပတ်ကျော်ကြာ သွားရောက်မယ်လို့ ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
ကချင်ပြည်နယ် အရှေ့ခြမ်းက ချီဖွေမြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေကို ပူးပေါင်းတပ်တွေနဲ့အတူ တိုက်ခိုက်နေပြီး၊ နယ်မြေတချို့ကို ထိန်းချုပ်နိုင်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIA ကပြောပါတယ်။ စစ်ရေးပြင်းထန်လာနေတာနဲ့အမျှ ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရတာပါ။
နီပေါနိုင်ငံ ခတ္တမန္ဒူမြို့တော်နား အဝေးပြေးလမ်းမမှာ ဘတ်စ်ကားနဲ့ တခြားမော်တော်ယာဉ်တွေ မြေပြိုကျနစ်မြုပ်ခဲ့တာကြောင့် အနည်းဆုံး ၁၄၈ ယောက် ထက်မနည်းသေဆုံးပြီး ဒါဇင်နဲ့ချီပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့ကပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်