ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးမဟုတ်တဲ့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ကို အခွင့်အာဏာပေးအပ်ထားတာကို မတွေ့ရပါဘူး။
နိုင်ငံပျက်စီးအောင် နိုင်ငံသားတွေက လုပ်ဆောင်နေပြီး ဒေသပျက်စီးအောင် ဒေသခံအကြမ်းဖက်သမားများကသာ လုပ်ဆောင်နေတာဖြစ်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အပြစ်တင်ပါတယ်။
စစ်တွေမြို့နယ် ၊ ဗျိုင်းဖြူကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်သားပြည်သူတွေကို သတ်ဖြတ်ခြင်းမရှိခဲ့ဘူးလို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန်လ (၄) ရက်နေ့မှာ ငြင်းချက်ထုတ်ပါတယ်။
“၂၀၂၁-၂၂-၂၃ တောက်လျှောက်ကို စီးပွားရေးပြန်လည် ဦးမော့လာတဲ့ အခြေအနေတော့ ကျွန်တော်တို့ရရှိခဲ့ပါတယ်။” လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားနိုင်ငံ TAR-TASS Mediaရဲ့ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာမှာ ထည့်သွင်းပြောဆိုထားပါတယ်။