မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဟာ နှစ်ပေါင်းများစွာ စနစ်တကျ ဖိနှိပ်မှုတွေနဲ့ ခွဲခြားဆက်ဆံခံရမှုတွေ ရှိခဲ့ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Amnesty International က ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာသစ်က စွပ်စွဲလိုက်ပါတယ်။ ဖိနှိပ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို နိုင်ငံတကာ အသိုင်းအဝန်းက ပြစ်ဒဏ်ခတ် အရေးယူဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ မြန်မာစစ်တပ်ရဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့က တွေ့ရှိချက်တွေကို ထုတ်ပြန်ခဲ့ပေမဲ့၊ လူ့အခွင့်အရေး အဖွဲ့တွေကတော့ ယုံကြည်လက်ခံနိုင်မှု ကင်းမဲ့နေကြောင်း ပြောဆိုလိုက်ကြပါတယ်။ ဒီအတွက် ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တိတိကျကျ သိနိုင်ဖို့ နိုင်ငံတကာက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ခွင့်ပြုဖို့လည်း ထပ်မံတောင်းဆိုခဲ့ကြတာပါ။
မြန်မာနိုင်ငံတွင်းက ကရင်လူမျိုးတွေအပါအဝင် တိုင်းရင်းသားလူမျိုးစုတွေအရေးနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆက်ပြီး ထောက်ခံကူညီသွားဖို့နဲ့၊ မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားလူမျိုးစုတွေအပေါ် မျိုးတုံးသတ်ဖြတ်ရှင်းလင်းမှုတွေမဖြစ်အောင် အကာအကွယ်ပေးဖို့ ကရင်လူမျိုး ထောင်ဂဏန်းလောက် စုဝေးပြီး အမေရိကန်လွှတ်တော်ရှေ့မှာ စုဝေး ဆန္ဒပြပွဲတရပ်ပြုလုပ်နေပါတယ်။
ကမ္ဘောဒီးယားအစိုးရဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အလျှင်အမြန် လုပ်ဆောင်နေပါတယ်။ လာမယ့်နှစ်ပါလီမန်ရွေးကောက်ပွဲမှာ မဲပေးနိုင်ရေး မဲဆန္ဒရှင်စာရင်းတွေ ကောက်ယူနေတာမှာ လူအတော်များများက စိတ်မဝင်စားကြပါဘူး။ David Boyle နဲ့ Tum Malis တို့ဖနွမ်းပင်က ပေးပို့ထားတဲ့ သတင်းကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
ရိုဟင်ဂျာဒုက္ခသည် ဝန်ထုပ်ဝန်ပိုး ဘင်္ဂလားဒေ့ရှ် ဒေသခံတွေ စိုးရိမ်
"ကျနော်တို့လုပ်နိုင်တာကတော့ သူတို့ိကို ယာယီကူညီပေးတာပါ။ ဒါက ပြသနာကိုရေရှည်ဖြေရှင်းနိုင် မှာတော့ မဟုတ်ပါဘူး။ နောက်တချက်က သူတို့ကို ဘယ်လောက်ကြာကြာလက်ခံထားမှာလည်း၊ ခုဆို ဒုက္ခသည် ၅ သိန်းကျော် ကျနော်တို့ နိုင်ငံထဲ တရားမဝင်ရောက်လာပြီ။ တချို့က ဒုက္ခသည် စခန်းထဲ မှာနေပြီး တချို့ကလည်း ဒီက အရပ်သားတွေနဲ့ ရောပြီးနေပါတယ်။ ဆင်းတောင့်ဆင်းရဲနဲ့ ငတ်ပြတ် လာရင် တရားမဝင်အလုပ်တွေ သူတို့လုပ် လာနိုင်တယ်။ ဒီကိစ္စကို စဉ်းစားဖို့ိလိုပါတယ်။”
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လူပေါင်းသောင်းနဲ့ချီ ထပ်မံထွက်ပြေးလာတယ်ဆိုတဲ့ သတင်းတွေကြောင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကြား စိုးရိမ်သံတွေ ထွက်ပေါ်လာနေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နှင့်ပြီးသား သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေအတွက် ကျန်းမာရေး အပါအဝင် အရေးပေါ် အကူအညီတွေ လိုအပ်ကြောင်း ပြောဆိုနေချိန်မှာပဲ နောက်ထပ် ထွက်ပြေးသူတွေ ရှိနေတဲ့ သတင်းတွေ ထွက်ပေါ်လာနေတာပါ။
ဇီကာဗိုင်းရပ်စ် ဒါမှမဟုတ် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသလား ဆိုတာကို စက္ကူချောင်းလေးတခုတည်းနဲ့ ရိုးရိုးလေးစမ်းသပ်ကြည့်လို့ရပါပြီ။ ကိုယ်ဝန်ဆောင်မယ့် အမျိုးသမီးတွေအတွက်လည်း မွေးလာမယ့်ကလေးတွေမှာ ဇီကာရောဂါပိုး ရှိ မရှိ ကြိုတင် စမ်းသပ်နိုင်ပါတယ်။ Deborah Block သတင်းလွှာကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
ဗွီအိုအေ တီဗွီသတင်းလွှာ အစီအစဉ်ကို ဆက်လက်ထုတ်လွှင့်နေပါတယ်။ အခု ဆက်လက်ပြီး ကမ္ဘာ့သတင်းမီဒီယာတွေမှာ ဖေါ်ပြတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆောင်းပါးတချို့ကို နန်းလောင်ဝ်က တင်ပြပါလိမ့်မယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အကျပ်အတည်းကို ဖြေရှင်းရာမှာ ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ နေရပ်ရင်း ပြန်နိုင်ရေး အရေးကြီးတဲ့အကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် ဒုက္ခသည်ပေါင်း ၅ သိန်းလောက် ထွက်ပြေးရောက်ရှိနေတယ်လို့ဆိုတဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာအစိုးရကြား ဆွေးနွေးနေချိန်မှာပဲ ရခိုင်ပြည်နယ်အရေး ကုလသမဂ္ဂ အေဂျင်စီတွေက ဒီကနေ့ပဲ သတိပေးလိုက်ကြတာပါ။
ရခိုင်ပြည်နယ် မြောက်ပိုင်းက ပဋိပက္ခတွေနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ တိတိကျကျ ဖြစ်အောင် နိုင်ငံတကာက စုံစမ်းစစ်ဆေးမှုတွေကို လက်ခံဖို့ တိုက်တွန်းမှုတွေ ဆက်လက် ထွက်ပေါ်နေပါတယ်။ ရိုဟင်ဂျာ မူဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းတွေအပြင် အခုနောက်ဆုံး ဟိန္ဒူဘာသာဝင် အများအပြား အသတ်ခံခဲ့ရကြောင်း သတင်းတွေကြောင့် တိတိကျကျဖြစ်အောင် ဖော်ထုတ်နိုင်ဖို့ အကဲခတ်တွေက တိုက်တွန်းနေကြတာပါ။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က မတည်မငြိမ် အခြေအနေတွေကို အလေးထား ပြောကြားခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ မိန့်ခွန်းအပေါ်မှာတော့ သဘောထားအမြင်တွေ အမျိုးမျိုးရှိနေကြပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ပြောကြားတဲ့ မိန့်ခွန်းကို နိုင်ငံတကာ အသိုက်အဝန်းကို ရည်ရွယ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုထားပေမဲ့လည်း လက်တွေ့ အခြေအနေတွေနဲ့ ကင်းကွာနေတယ်ဆိုပြီး လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်နေကြတာပါ။
ရခိုင်ပြည်နယ် မြောက်ပိုင်းက အကြမ်းဖက်မှုတွေကြောင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက စိုးရိမ်မကင်းသံတွေ ထွက်ပေါ် နေချိန်မှာဘဲ လူပေါင်းသိန်းနဲ့ချီ ထွက်ပြေးရောက်ရှိလာတယ်လို့ဆိုတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးနေသူတွေအပေါ် အမြတ်ထုတ်နေတဲ့ သတင်းတွေလည်း ထွက်ပေါ်လာနေပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အခြေအနေအပေါ် စိုးရိမ်မှုတွေ တိုးလာနေတဲ့ နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ ပြဿနာကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းမှုတွေကို အားပေးကူညီဖို့နဲ့ မတည်မငြိမ် အခြေအနေတွေ ပေါ်ပေါက်လာရတဲ့ အကြောင်းရင်းတခုဖြစ်တဲ့ အစွန်းရောက်တွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ပြစ်တင်ရှုတ်ချဖို့လည်း မြန်မာအစိုးရက တိုက်တွန်းလိုက်ပါတယ်။
DACA အစီအစဉ်ကိုအဆုံးသတ်ကြောင်း အမေရိကန် ရှေ့နေချုပ် Jeff Sessions က အင်္ဂါနေ့မှာ ကြေငြာခဲ့ပါတယ်။ ဒါပေမယ့် ဒီအစီအစဉ်နဲ့ နေထိုင်သူ လူငယ်တွေကတော့ အမေရိကန်ပြည်ထောင်စုမှာ ဆက်နေထိုင်ခွင့်ရဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ Ramond Taylor ရဲ့ သတင်းလွှာကို နန်းလောင်ဝ်က တင်ပြပါလိမ့်မယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းက ပဋိပက္ခတွေမှာ အကြမ်းဖက်မှုတွေ ကျုးလွန်နေတယ်လို့ဆိုတဲ့ ARSA စစ်သွေးကြွအုပ်စုဟာ မြန်မာနိုင်ငံတွင်းက မြို့ကြီးပြကြီးတွေမှာပါ တိုက်ခိုက်ဖို့ ကြံစည်နေကြောင်း မြန်မာစစ်တပ်နဲ့ အစိုးရက ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။
Texas ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်သွားတဲ့ Harvey မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်ပြီး ရေလွှမ်းမိုးသွားတဲ့ ဒေသတွေ ပြန်လည်ထူထောင်ရာမှာ အကုန်အကျများသလို ကျွမ်းကျင်လုပ်သားရှားပါးမှုကြောင့် နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေပါတယ်။ Jim Randle ပေးပို့ထားတဲ့ သတင်းကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
လေထုညစ်ညမ်းမှုလျော့ချရေးအတွက် နေစွမ်းအင်ကိုအသုံးပြုဖို့ တက်ကြွလှုပ်ရှားသူတွေက အားထုတ်ကျိုးပမ်းကြပေမယ့် လျှပ်စစ်စွမ်းအင်မရကြတဲ့ဒေသတွေမှာ နေစွမ်းအင်သာလျှင် လက်တွေ့ကျတဲ့ဖြေရှင်းနည်းဖြစ်ပါတယ်။ အိမ်ယာအတည်တကျမရှိပဲ သဲကန္တာရထဲက ရေကြည်ရာ မြက်နုရာသွားလာနေထိုင်ကြသူတွေနဲ့ လူသူအလှမ်းဝေးတဲ့ ရွာတွေနေထိုင်ကြသူတွေဟာ ေ
ကမ္ဘာမှာ အဆင်းရဲဆုံး နိုင်ငံတနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ သက်ကြီးရွယ်အိုတွေ များပြားလာတာကြောင့် အစိုးရရဲ့ အကူအညီနဲ့တင် မလုံလောက်တော့ပဲ ပရဟိတ အသင်းအဖွဲ့တွေကပါ စွန့်ပစ်ခံ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်နေကြရတဲ့အကြောင်း AFP သတင်းဆောင်းပါးကို အခြေခံပြီး နန်းလောင်ဝ်က တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်