Facebook လူမှုကွန်ယက်ဟာ မိတ်ဆွေ သူငယ်ချင်းတွေအတွက် မွေးနေ့ဆုတောင်းပေးဖို့ အဆင်ပြေတဲ့နေရာတခုပါ။မွေးနေ့ရှင်တွေ သူတို့မွေးနေ့မှာ လှုဒါန်းချင်တဲ့ လူမှုရေးအဖွဲ့တွေကို တိုက်ရိုက်ငွေလှုဒါန်းပေးနိုင်တဲ့ အစီအစဉ်တခုကို ဖေ့ဘုတ်က စတင်လိုက်ပါတယ်။ Michelle Quinn သတင်းပေးပို့တာကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
ကင်ညာနိုင်ငံမှာကျင်းပခဲ့တဲ့ ရုပ်ရှင်ပွဲတော်မှာတော့ ရုပ်ရှင်ပိတ်ကားတွေပေါ်မှာ သိပ်ပြီး တွေ့မြင်ရလေ့မရှိတဲ့ ဒုက္ခသည်တွေအကြောင်း အသားပေး တင်ဆက်ထားပါတယ်။ Film Aid လူမှုရေးအဖွဲ့အစည်းနဲ့ လူ့အခွင့်အရေးအဖွဲ့ Amnesty International တို့ပူးပေါင်း ကျင်းပကြတာပါ။ Rael Ombuor ရဲ့သတင်းကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရတွေအနေနဲ့ ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်တွေကို နိုဝင်ဘာလ လယ်မှာ သူတို့ရဲ့နေရပ်ရင်းကို ပြန်လည်ပို့ဆောင်မယ့် အစီအစဉ်ကို ချက်ချင်းရပ်ဆိုင်းသင့်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
အချိုးအစားကျကျ လှပတဲ့ခန္ဒာကိုယ်ရဖို့ လူအတော်များများ လိုလားကြပေမယ့် လေ့ကျင့်ခန်းလုပ်ဖို့ အမြဲတမ်း စိတ်ဓာတ်တက်ကြွနေဖို့တော့ မလွယ်လှပါဘူး။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်သူတွေ စိတ်ဓာတ်မြှငိ့တင်ပေးမယ့် နည်းပညာသစ် ထည့်သွင်းထားတဲ့ မှန်တွေပေါ်လာပါပြီ။ Tina Trinh ပေးပို့တဲ့ သတင်းကို နန်းလောင်ဝ်က တင်ပြပေးမှာပါ။
IS အစွန်းရောက်အကြမ်းဖက်တို့ရဲ့ ဖျက်ဆီးခြင်းခံခဲ့ရတဲ့ ဆီးရီးယားနိုင်ငံ သမိုင်းဝင်ရှေးဟောင်းမြို့တော်ကြီး Palmyra ကိုလာမယ့် နွေဦးရာသီလောက်မှာ ပြန်ပြီးဖွင့်လှစ်နိုင်မယ်လို့ ဆီးရီးယားအစိုးရက ပြောပါတယ်။ Kevin Enochs ပေးပို့ထားတဲ့ သတင်းဆောင်းပါးကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
အမေရိကန်သမ္မတဟောင်း အိုဘားမား လက်ထက် အတည်ပြုပြဌာန်းခဲ့တဲ့ DACA အစီအစဉ်နဲ့ နေထိုင်လုပ်ကိုင်နေကြသူတွေက အစီအစဉ်ကိုမရပ်ခင် အပြောင်းအလဲကို လိုလားကြပါတယ်။ လက်တင်နွယ်ဖွား အနေများတဲ့ နီဗားဒါးပြည်နယ်ရွေးကောက်ပွဲကနေ အပြောင်းအလဲဖြစ်ဖို့ မျှော်လင့်တာပါ။ Ramon Taylor ရဲ့ သတင်းကို နန်းလောင်ဝ်က ပြောပြမှာပါ။
နိစ္စဓူဝပြေးလွှားရန်ုးကန်နေရတဲ့ အလုပ်ချိန်အောက်မှာ ခန္ဓာကိုယ်လေ့ကျင့်ခန်းကို အချိန်ယူ လုပ်ဆောင်ဖို့ ခက်ခဲသူတွေအတွက် အချိန်တိုအတွင်း ထိရောက်တဲ့ အားကစား လေ့ကျင့်ခန်းတွေ လုပ်နိုင်တဲ့ သင်တန်းတွေ အမေရိကန်ပြည်ထောင်စုမှာ ပိုပြီး တွင်ကျယ်လာနေပါတယ်။ Jill Craig သတင်းပေးပို့ထားတာကို နန်းလောင်ဝ် တင်ပြထားပါတယ်။
တီဘီ အဆုတ်ရောင်ရောဂါဟာ ကမ္ဘာတဝှမ်းလူသေဆုံးမှု အများဆုံး ကူးစက်ရောဂါအဖြစ် နံပါတ်တစ်နေရာမှာရှိနေပြီး ကမ္ဘာ့လူဦးရေရဲ့ ၄ ပုံ ၁ ပုံထက်မနည်းအပေါ် သက်ရောက်မှုရှိတယ်လို့ သိပ္ပံပညာရှင်တွေကပြောပါတယ်။ ဒီအကြောင်း VOA သတင်းထောက် Jill Craig ပေးပို့ထားတာကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
မြန်မာအစိုးရဘက်က ဘာမဆို သဘောတူပါတယ်။ ဒါပေမယ့် အကောင်အထည်တော့ မဖော်ပါဘူး။ အဲတာက ပြသနာပါ။ ဒုက္ခသည်တွေလက်ခံရေး အားလုံးအဆင်သင့်ဖြစ်နေပြီဆိုပေမယ့် မြန်မာအစိုးရဘက်က အမြဲလို အကြောင်းပြချက်အသစ်တွေကတော့ ရှိနေတာပါ။
ကမ္ဘာ့ဥတုရာသီပြောင်းလဲမှုကြောင့် ကယ်လီဖိုးနီးယားပြည်နယ်မှာ အရင်နှစ်က လောင်ခဲ့တဲ့ တောမီးကြီးထက် အဆပေါင်းများစွာ ဆိုးတဲ့ တောမီးကြီးတွေလည်းလောင်ကျွမ်းခဲ့တာလို့ ကယ်လီဖိုးနီးယားပြည်နယ်က နောက်ဆုံးထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ Mike O'Sullivan သတင်းပေးပို့ထားတာကို နန်းလောင်ဝ်ကတင်ပြထားပါတယ်။
‘no-deal Brexit’ သဘောတူညီမှုမပါတဲ့ ဗြိတိန်ခွဲထွက်ရေးနဲ့ ပတ်သက်လို့ နောက်ဆုံးထွက်ပေါ်လာတဲ့အစီရင်ခံစာတစောင်မှာ ရေတိုသက်ရောက်မှုရှိမယ့် နစ်နာမှုတွေကို ကောက်ချက်ချဖော်ပြထားပါတယ်။ Henry Ridgwell လန်ဒန်မြို့ကပေးပို့တဲ့ သတင်းလွှာကို နန်းလောင်ဝ်ကတင်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်တွေဖြစ်သလို နေထိုင်ရတာကြောင့် ကိုယ်ဝန်ဆောင်တွေ၊ မွေးကင်းစတွေနဲ့ မိခင်တွေ တကိုယ်ရေသန့်ရှင်းရေး ကျန်းမာရေး စောင့်ရှောက်မှုတွေ အလုံအလောက် မရရှိကြဘူးလို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောဆိုပါတယ်။ Steve Sandford သတင်းပေးပို့ထားတာကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
သြဂုတ်လ ၂၅ ရက်နေ့ ကကွယ်လွန်သွားခဲ့တဲ့ အမေရိကန်အထက်လွှတ်တော်အမတ် John McCain ကို သူရဲ့ သူရသတ္တိ၊ တိုင်းပြည်ချစ်စိတ် နဲ့ နိုင်ငံအတွက် အမှုထမ်းခဲ့တာတွေ နဲ့ပတ်သက်ပြီး အမှတ်ရနေကြမှာပါ။ ပြီးခဲ့တဲ့ နှစ် မေလကသူ့ကိုတွေ့ဆုံမေးမြန်းခဲ့တဲ့ VOA သတင်းထောက် Cindy Saine သတင်းပေးပို့တာကို နန်းလောင်ဝ် က ပြောပြပါမယ်၊
၂၀၁၈ ခုနှစ်အတွင်း စံချိန်တင်လောက်အောင် ဆိုးရွား ပြင်းထန်တဲ့အပူချိန်ကို ကမ္ဘာ့နေရာ အတော်များများမှာ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ကမ္ဘာကြီးပူနွေးလာတဲ့ ဒီလိုအခြေအနေနဲ့ အလားတူဖြစ်ရပ်တွေမကြာခဏဆိုသလို ကြုံရတော့မယ်လို့လည်း လေ့လာမှုတခုက ဖော်ပြပါတယ်။ Zlatica Hoke က သတင်းပေးပို့ထားတာကို နန်းလောင်ဝ်ကတင်ပြထားပါတယ်။
နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Google ကုမ္ပဏီရဲ့ YouTube, Facebook နဲ့ Twitter လူမှုကွန်ယက်စာမျက်နှာတွေဟာလူတွေ လွတ်လပ်စွာရေးသားဖော်ပြခွင့် ရနေတဲ့နေရာတွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီစာမျက်နှာတွေပေါ်မှာ ထိပါးစော်ကားတဲ့ စကားတွေ၊ အကြမ်းဖက်တဲ့ စကားလုံးတွေရေးသားလာကြတဲ့အပေါ် အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုသံတွေလည်း တဖြည်းဖြည်းများလာပါတယ်။
ပါကစ္စတန်နိုင်ငံက အင်ဂျင်နီယာတယောက်ဟာ နှစ်စဉ် အလဟသဖြစ်နေတဲ့ တန်ချိန် သန်းနဲ့ချီတဲ့ ကောက်ရိုးတွေကို သုံးပြီးအီသနော ဓာတ်ငွေ့ လောင်စာရည်တွေ ထုတ်လုပ်မယ့် နည်းစနစ်တခုကို တီထွင်လိုက်ပါတယ်။ Faith Lapidus သတင်းပေးပို့ထားတာကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
အာဖရိကတိုက်နိုင်ငံအတော်များများမှာ ကာလဝမ်းရောဂါဘေးဆိုးကြီးကို ကိုင်တွယ်ဖြေရှင်းနေရပြီး ရောဂါကာကွယ်ကုသရေးမှာ ပိုပြီးထိရောက်မှုရှိစေဖို့အတွက် လူနာတွေရှိနိုင်မယ့်နေရာတွေကို ဓာတ်ပုံရိုက်ယူဖို့ အဆင့်မြင့် ဒရုန်းယာဉ်ကိုသုံးနေကြတဲ့ အကြောင်း နန်းလောင်ဝ်က တင်ပြမှာပါ။
လေဟာနယ် ပိုက်လုံးထဲက သယ်ယူပို့ဆောင်ရေး စနစ် ဖြစ်တဲ့ Hyperloop ထဲပြေးဆွဲမယ့် ယာဉ်အလုံးလေး Hyperloop Pod ပြိုင်ပွဲကို အမေရိကန်နိုင်ငံ Los Angeles မြို့မှာ ဂျူလိုင်လထဲ တတိယနှစ်မြောက်အဖြစ် ကျင်းပပါတယ်။ ဒီအကြောင်း Genia Dulot သတင်းပေးပို့ထားတာကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
ပင်လယ်ပြင်မှာ ရေနံယိုဖိတ်မှု ပြဿနာတွေကို အပြာရောင် မီးကွင်းလို့ နာမည်ပေးထားတဲ့ စမ်းသပ်ချက်တခုက ရှင်းလင်းပစ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ VOA သတင်းထောက် George Putic ရဲ့သတင်းလွှာကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ Nevada ပြည်နယ်က လူသူအရောက်နည်းတဲ့ သဲကန္တာရထဲမှာ သီတင်းတပတ်သာကြာတဲ့ မြို့တမြို့ နှစ်စဉ် ပေါ်ပေါက်လာပါတယ်။ တပတ်ကြာ စုဝေးကြတဲ့ပွဲကို Burning Man လို့ခေါ်ပြီး ဒီလို စုဝေးပွဲလုပ်တာ အနှစ် ၃၀ နီးပါးရှိပါပြီ။ Genia Dulot ပေးပို့တဲ့ သတင်းဆောင်းပါးကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်