အီရတ်နိုင်ငံထဲကာ ကာ့ဒ်လူမျိုးစုတွေဟာ ရာစုနှစ်တွေနဲ့ချီအသုံးပြုလာတဲ့ ရှေးခေတ် ငါးဖမ်းလုပ်ငန်းကို လက်ဆင့်ကမ်းပြီး ဒီကနေ့ခေတ်ထိ အသုံးပြုနေကြပါတယ်။ Ranya မြို့က ငါးဖမ်းသမားတွေနဲ့ အတူလိုက်ပြီးလေ့လာခဲ့တဲ့ VOA သတင်းထောက်Rebaz Majeed ပေးပို့ထားတဲ့ သတင်းကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
သတင်းအကျဉ်းချုပ်(၀၆-၁၄-၂၀၁၉)
West Virginia ဟာ တချိန်က ကျောက်မီးသွေး အဓိကထုတ်လုပ်တဲ့ ပြည်နယ်ဖြစ်ပါတယ်။ ကျောက်မီးသွေးတွင်းလုပ်ငန်းတွေ ပိတ်လိုက်ရချိန်မှာ မိုင်းတွင်းလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။ အခုတော့ ပျားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ကျောက်မီးသွေးတွင်းလုပ်သားတွေအကြောင်း Julie Tabohရဲ့သတင်းလွှာကို နန်းလောင်ဝ်တင်ပြပါမယ်။
မက္ကဆီကိုကုန်ပစ္စည်းတွေအပေါ် တနင်္လာနေ့ကစပြီး သွင်းကုန်ခွန်ကောက်ခံဖို့ ရှိနေချိန်မှာပဲ အမေရိကန်နဲ့ မက္ကဆီကို တာဝန်ရှိသူတွေဆက်ပြီးဆွေးနွေး၊ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ နုတ်ထွက်၊ ရုရှားအရေးစုံစမ်းတဲ့ မစ္စတာမူလာကို သမ္မတ Trump ဝေဖန်ထိုးနှက်
သတင်းအကျဉ်းချုပ်(၀၅-၃၁-၂၀၁၉)
တောင်ကိုရီးယားမှာ ဆေးခြောက်ကိုအခြေခံ ဖော်စပ်ထားတဲ့ဆေးတွေကို မပြောပလောက်တဲ့ လူတချို့ စတင်သုံးစွဲခွင့်ရနေပါပြီ။ ဆေးခြောက်ကို ဆေးဝါးအဖြစ် အသုံးပြုခွင့်ကို ဥပဒေအရခွင့်ပြုဖို့ ဖြစ်နိုင်ခြေကတော့ သိပ်ကိုနည်းတယ်လို့ တချို့က သုံးသပ်ကြပါတယ်။ Kurt Achin ရဲ့ သတင်းဆောင်းပါးကို နန်းလောင်ဝ်က တင်ပြပါမယ်။
အာဖရိကတိုက်ထဲက မိုဇမ်ဘစ်နိုင်ငံကို အင်အားပြင်းမုန်တိုင်း ဝင်တိုက်သွားပြီးတဲ့နောက် သဘာဝအတိုင်းဖန်တီးထားတဲ့ ကျောက်ဆိုင်ကျောက်သားလို အတားအဆီးတွေဟာ မုန်တိုင်းဒဏ် ဟန့်တားနိုင်ခြင်းမရှိတာကို သုသေသနပညာရှင်တွေက သတိပေးလိုက်ကြပါတယ်။ Arash Arabasadi ပေးပို့ထားတဲ့ သတင်းဆောင်းပါးကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
လူသားတွေရဲ့ အနေအထိုင် အပြုအမူတွေကြောင့် ကမ္ဘာပေါ်ကအပင်၊ အင်းဆက်ပိုးမွှားနဲ့ တိရိစ္တာန်မျိုးစိပ်ပေါင်း ၁ သန်းကျော် မျိုးတုန်းပျောက်ကွယ်မယ့်အရေးနဲ့ ရင်ဆိုင်နေရပြီလို့ မေလဆန်း ထွက်လာတဲ့ ကုလသမဂ္ဂရဲ့ ဇီဝမျိုးကွဲနဲ့ ဂေဟစနစ် ဆိုင်ရာအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ Kevin Enochs သတင်းကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
တရုတ်နိုင်ငံရဲ့ သွင်းကုန်တွေအပေါ် အခွန်တိုးကောက်ဖို့ အမေရိကန်သမ္မတ Donald Trump က ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ခြိမ်းခြောက်ပြောဆိုလိုက်တာကြောင့် ကမ္ဘာ့ကုန်သွယ်ရေးဈေးကွက် မတည်မငြိမ်ဖြစ်နေပါတယ်။ အိမ်ဖြူတော်သတင်းထောက် Patsy Widakuswara ပေးပို့ထားတဲ့ သတင်းဆောင်းပါးကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
ဖမ်းဆီးခံထားရတဲ့ Reuters သတင်းထောက် ၂ ယောက်ရဲ့ အယူခံကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဒီကနေ့ ပယ်ချလိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် နိုင်ငံတကာနဲ့ ဒေသတွင်းနိုင်ငံ တချို့အပြင် လူ့အခွင့်အရေး လှုပ်ရှားသူတွေကပါ ဝေဖန်လိုက်ကြပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့က အထင်ကရ Notre Dame Cathedral ဘုရားကျောင်း အကြီးအကျယ်မီးလောင်ပျက်စီးမှုဟာ မတော်တဆမှုအဖြစ် တာဝန်ရှိသူတွေ ယူဆနေတဲ့ မီးလောင်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေစတင်နေပါပြီ။ ပါရီကနေ VOA အတွက် Lisa Bryant ပေးပို့လာတဲ့ သတင်းဆောင်းပါးကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ် မြေလွတ်၊မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေအရ တောင်သူတွေကို နှစ် ၃၀ လုပ်ကိုင်ခွင့်မှတ်ပုံတင်ဖို့ သတ်မှတ်ခဲ့ပါတယ်။ ဒီကာလ ကုန်ဆုံးသွားတဲ့အတွက် တောင်သူတွေ နယ်မြေကျုးကျော်မှုနဲ့ အရေးယူခံရမယ့် အခြေအနေ ဖြစ်နေပါတယ်။ Steve Sandford ရဲ့ သတင်းလွှာကို နန်းလောင်ဝ် တင်ပြပါမယ်။
အမေရိကန် စိုက်ပျိုးရေးနဲ့ သစ်တောဌာနရဲ့လက်အောက်က သက်တမ်းအရှည်ဆုံး ပျိုးဥယျာဉ် ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ Nebraska ပြည်နယ်မှာရှိတဲ့ ပျိုးဥယျာဉ်ကနေ နှစ်စဉ် ပျိုးပင်ပေါင်း ၁ သန်းခွဲလောက်ကို စိုက်ပျိုးထုတ်လုပ်နေပါတယ်။ VOA သတင်းထောက် Lesia Bakalets ကသတင်းပေးပို့ထားတာကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
ပလပ်စတစ်အမှိုက်ပြသနာဟာ တဖြည်းဖြည်းနဲ့ ပိုဆိုးလာနေတဲ့အတွက် ဒါကို ဖြေရှင်းနိုင်ရေး နိုင်ငံပေါင်းစုံက လူအတော်များများ စတင်လုပ်ကိုင်လာနေပါတယ်။ ဒီအကြောင်း Kevin Enochs ပေးပို့ထားတဲ့သတင်းလွှာကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
၂၀၁၆ရွေးကောက်ပွဲမှာဝင်နှောင့်ယှက်ခဲ့တဲ့ရုရှားနဲ့ Trumpမဲဆွယ်စည်းရုံးရေးအဖွဲ့တို့ကြားပူးပေါင်းမှု ရှိမရှိစုံစမ်းခဲ့တဲ့အမဲရောင်မင်နဲ့တချို့အပိုင်းကိုဖုံးထားမယ့်အစီရင်ခံစာအပြည့်အစုံကိုဒီလလယ်မှာထုတ်ပြန်ပေးမယ်လို့ရှေ့နေချုပ်Barrကပြောပါတယ်။Katherine Gypsonပေးပို့ထားတဲ့သတင်းကိုနန်းလောင်ဝ်တင်ပြထားပါတယ်။
ဖေ့ဘုတ်၊ ဂူဂဲလ်နဲ့ တွစ်တာ စတဲ့ လူမှုကွန်ယက်မီဒီယာတွေဟာဘက်လိုက်တယ်လို့စွပ်စွဲပြီးတင်းတင်းကျပ်ကျပ်ကိုင်တွယ်ဖို့လိုကြောင်း အသရေဖျက်မှုနဲ့ Twitterကို တရားစွဲဆိုထားတဲ့အောက်လွှတ်တော်ထောက်လှမ်းရေးကော်မတီရီပတ်ဘလီကန်အမတ်Devin Nunezဘက်ကရပ်တည်ပြီးTrumpပြောပါတယ်။Zlatica Hokeရဲ့သတင်းလွှာကို နန်းလောင်ဝ် ပြောပြပါမယ်။
နယူးဇီလန်နိုင်ငံ Christchurch မြို့ဗလီမှာ ပြီးခဲ့တဲ့သောကြာနေ့က ပစ်ခတ်မှုကြောင့် ကမ္ဘာတဝှမ်းက မွတ်ဆလင်တွေ ထိတ်လန့်တကြားဖြစ်ခဲ့ကြပါတယ်။ အမေရိကန်ကဗလီတွေမှာတော့ သောကြာနေ့ ဗလီတက်ချိန်အတွင်း လုံခြုံရေးကို တင်းတင်းကြပ်ကြပ်ချထားပါတယ်။ Zlatica Hoke ပေးပို့တဲ့ဆောင်းပါးကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
အီသီယိုးပီးယားလေကြောင်းလိုင်းက Boeing 737 Max 8 လေယာဉ် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပျက်ကျခဲ့တာဟာ အင်ဒိုနီးရှားမှာ ပြီးခဲ့တဲ့လပိုင်းက ပျက်ကျခဲ့တဲ့လေယာဉ်နဲ့ အမျိုးအစားတူဖြစ်တဲ့အတွက် လေယာဉ်လုံခြုံရေးပိုင်းနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေရှိလာပါတယ်။ Zlatica Hoke ရဲ့ သတင်းလွှာကို နန်းလောင်ဝ်က တင်ပြပါမယ်။
Trumpနဲ့ရုရှားကြားဘဏ္ဍာရေးအရဖြစ်စေ၊မဲဆွယ်စည်းရုံးရေးမှူးတွေနဲ့ဖြစ်စေပတ်သက်မှုတွေအပေါ်စုံစမ်းစစ်ဆေးဖို့ဒီမိုကရက်အများစုအောက်လွှတ်တော်အမတ်တွေကTrump ရဲ့ကိုယ်ရေးရှေ့နေဟောင်း Cohenလွှတ်တော်ရှေ့မှောက်ထွက်ဆိုပြီးတပတ်အကြာမှာဖိအားတိုးလုပ်ဆောင်လာနေပါတယ်။Katherine Gypsonပေးပို့တဲ့သတင်းကိုနန်းလောင်ဝ်တင်ပြပါမယ်။
မြန်မာ့လူ့အဖွဲ့အစည်းမှာ အစဉ်အလာအားဖြင့် လူသိရှင်ကြား ပြောဆိုလေ့ မရှိကြတဲ့ လိင်ပိုင်းဆိုင်ရာ ကိစ္စတွေ၊ အပျိုဖော်ဝင်လာတဲ့ မိန်းကလေးတွေရဲ့ လိင်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို ကျန်းမာရေး၊ လူမှုရေးအရ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ လှုပ်ရှားမှုတွေ အခုအခါ ထွက်ပေါ်လာပါပြီ။ အပြည့်အစုံကို နန်းလောင်က ပြောပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်