မြန်မာစစ်တပ်က အာဏာသိမ်းပြီး ၂ လကျော်ကြာခဲ့ပြီး စစ်ကောင်စီက အကြမ်းဖက်ဖြိုခွဲမှုတွေ ဆက်လက် လုပ်ဆောင်နေပေမဲ့ လူထုအများစုကတော့ စစ်အာဏာရှင်ကို ဆက်ပြီး ဆန့်ကျင်သွားမယ်လို့ ပြောနေကြဆဲပါ။ ပြီးခဲ့တဲ့ သတင်းပတ်အတွင်း ဖြစ်ပေါ်ခဲ့တာတွေကို နန်းလောင်ဝ် စုစည်း တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကောင်စီက နိုင်ငံတဝှမ်း ဆန္ဒပြပြည်သူတွေကို အကြမ်းဖက် နှိမ်နင်းနေတာကြောင့် မြို့ကြီးအတော်များများမှာ အခြေအနေတွေ မတည်မငြိမ်ဖြစ်နေသလို တိုင်းရင်းသားဒေသတချို့မှာလည်း စစ်ရေးအခြေအနေ တင်းမာနေပါတယ်။ ဒေသခံတွေလည်း အိုးအိမ်စွန့်ခွာ ပြေးနေကြရတာပါ။ နန်းလောင်ဝ် တင်ပြထားပါတယ်။
မြန်မာအများအပြားရှိတဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် နယ်စပ်မြို့ ၂ခုမှာ ကိုဗစ်ရောဂါ တကြော့ပြန်ဖြစ်ပွားနေပြီး မြန်မာတချို့လည်း ကူစက်ခံရကြောင်း ယူနန်ပြည်နယ် ကျန်းမာရေးကော်မရှင်က ဒီကနေ့ သတင်းထုတ်ပြန် ထားပါတယ်။
မြန်မာစစ်တပ်က အာဏာသိမ်းပြီး တလခွဲကျော်လာတဲ့အထိ နိုင်ငံအနှံ့ စစ်အာဏာသိမ်းဆန့်ကျင် ဆန္ဒပြမှုတွေ ပုံစံအမျိုးမျိုးဆက်လက်ရှိနေပါတယ်။ ရဲနဲ့ စစ်တပ်ဘက်ကလည်း ပိုပြီးပြင်းပြင်းထန်ထန် နှိမ်နင်းမှုတွေကြောင့် ပြည်သူတွေ နေ့စဉ် သေကြေထိခိုက်ရပါတယ်။ တပတ်အတွင်းသတင်းများ စုစည်းမှုကို နန်းလောင်ဝ် တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်ကနေ မြန်မာအရပ်သားအစိုးရကိုဖြုတ်ချတဲ့အပေါ် အပြင်းအထန်ရှုတ်ချထားတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို ကန့်ကွက်သူမရှိ၊ မဲမခွဲဘဲ လူ့အခွင့်အရေးကောင်စီကနေ တညီတည်း ဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် မတ်လအစ ရက်ပိုင်းတွေအတွင်းဖြစ်ခဲ့တဲ့ နိုင်ငံတလွှားဆန္ဒပြမှုတွေ၊ ရဲနဲ့ စစ်တပ်ရဲ့ အင်အားသုံးနှိမ်နင်းမှု၊ နိုင်ငံတကာရဲ့ ဖိအား၊ ဒါတွေအပါအဝင် တပတ်အတွင်း သတင်းများစုစည်းမှုကို နန်းလောင်ဝ် တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နှင်းနေတာ၊ ဖမ်းဆီးအရေးယူနေတာတွေ ရပ်ဖို့ နိုင်ငံတကာက ဝိုင်းဝန်းတိုက်တွန်းနေ အာဏာသိမ်းမှုမှာ အဓိကတာဝန်ရှိတဲ့စစ်ဗိုလ်ချုပ်တွေကိုလည်း နိုင်ငံတကာက အရေးယူဒဏ်ခတ်တာတွေ တိုးလုပ်လာနေပါတယ်။ နိုင်ငံတကာတုံ့ပြန်ချက်တွေကို နန်းလောင်ဝ် တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ အရပ်သားအစိုးရအဖွဲ့ကို ဖယ်ရှားပြီး စစ်တပ်က အာဏာရယူလိုက်တဲ့အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တုံ့ပြန်မှုတွေ မတူညီတာတွေရှိပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံရေးအရ ကွဲပြားမှုတွေနဲ့ရော ကမ္ဘာ့ကပ်ရောဂါဒဏ်နဲ့ပါ အလူးအလဲ ရင်ဆိုင်နေရချိန်မှာပဲ သမ္မတ Joe Biden နိုင်ငံခေါင်းဆောင် ဖြစ်လာပါတယ်။ အသက် ၇၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သမ္မတ Biden ဟာ အမေရိကန်ပြည်ထောင်စုကြီးကို လာမယ့် ၄ နှစ်တာ ဦးဆောင်တော့မှာပါ။
ဂျိုးဘိုင်ဒန်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲဟာ အမေရိကန်ပြည်ထောင်စုသာမက ကမ္ဘာကြီးအတွက်ပါ စာမျက်နှာသစ်ဖွင့်လိုက်တဲ့ လက္ခဏာ ဆောင်ပါတယ်။ အမေရိကန်မဟာမိတ် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ရော ရန်ဘက်နိုင်ငံတွေနဲ့ပါ ဆက်ဆံရေးသစ်တွေ စပြီးအသက်ဝင်နေပါပြီ။ ဥရောပဘက်မှာတော့ အကောင်းမြင်မေ ျှာ်လင့်နေကြပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှာ ဇန်နဝါရီလ ၂၀ ရက်နေ့ကျရင် ကျမ်းသစ္စာကျိန်ဆိုပြီးတာနဲ့ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်းဒန်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတသစ်တဦးအဖြစ်စတင်တာဝန်ယူမှာ ဖြစ်ပါတယ်။
အမေရိကန်သမိုင်းတလေ ျှာက် သမ္မတသစ်တဦးကို အာဏာလွှဲပြောင်းပေးတာဟာ အမေရိကန်ဒီမိုကရေစီစနစ်ရဲ့ သူမတူတဲ့ အရည်အသွေးတခုဖြစ်ပါတယ်။ တခါတလေမှာတော့ နိုင်ငံရေးပါတီတခုကနေ အခြားပါတီတခုကို ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးတာပါ။
အမေရိကန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန် ကျမ်းသစ္စာကျိန်ဆိုမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့မတိုင်ခင်မှာပဲ ဝါရှင်တန်ဒီစီကတာဝန်ရှိသူတွေနဲ့ တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူတေ လုံခြုံရေးအရ ကြိုတင်ပြင်ဆင်မှုတွေလုပ်နေကြပါတယ်။
အမေရိကန်လွှတ်တော်အဆောက်အအုံထဲ လူတွေအတင်းချိုးဖောက်ဝင်ရောက်ပြီး တရားဥပေးမဲ့ အကြမ်းဖက်ပြီး ဖျက်လိုဖျက်ဆီးလုပ်ခဲ့တဲ့ လုပ်ရပ်ပေါ်ပေါက်စေခဲ့တဲ့အတွက်ဆိုပြီး သမ္မတTrump ကိုရာထူးကဖယ်ရှားပေးဖို့ ပါတီနှစ်ရပ်စလုံးကတောင်းဆိုမှုတွေတိုးလာနေပါတယ်။
လူဦးရေသန်းပေါင်း ၆၅၀ ကျော်ရှိတဲ့ အရှေ့တောင်အာရှနိုင်ငံတွေ အနေနဲ့ သူတို့အတွက် အရေးကြီးတဲ့ ကိစ္စရပ်တွေမှာ အမေရိကန်ရွေးကောက်ခံသမ္မတ Joe Biden က ပါဝင်ဆောင်ရွက်လာမယ်ဆိုရင် တရုတ်နိုင်ငံကို ဘေးဖယ်ပြီး အမေရိကန်နဲ့ ရေရှည်သဘောတူညီမှုရဖို့ လုပ်ကိုင်မယ့်ပုံရှိတယ်လို့ ဒေသတွင်း လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ပါတယ်။
ကမ္ဘာမှာ ဆီအုန်းတွေအဓိကထုတ်လုပ်နေတဲ့ အာရှတိုက်ထဲက ဆီအုန်း လုပ်ငန်းခွင်မှာလုပ်ကိုင်နေကြတဲ့ ကလေးတွေရဲ့အလုပ်ချိန်ရှည်လွန်းသလို အဆိပ်ရှိတဲ့ ပိုးမွှားတိရိစ္တာန်တွေ အကိုက်ခံရမယ့် ဘေး နဲ့လည်းနေ့စဉ်ရင်ဆိုင်နေကြရပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲရဲ့အဓိကအခန်းကဏ္ဍမှာရှိတဲ့ ဒေသန္တရရွေးကောက် ပွဲအရာရှိတွေဟာ မဲပေးခွင့် ရှိသူတွေ ကျိန်းသေမဲပေးနိုင်အောင်လုပ်ကိုင်ရသလို မဲရလဒ်တွေကိုလည်း ထုတ်ပြန်ကြရပါတယ်။
မကြာသေးခင်က ကျင်းပခဲ့တဲ့ အမေရိကန် ဒုသမ္မတ Mike Pence နဲ့ အထက်လွှတ်တော်အမတ် Kamala Harris တို့ရဲ့ စကားစစ်ထိုးပွဲမှာ မတူညီတဲ့ နိုငံခြားရေး မှုဝါဒတွေကို တွေ့မြင်ခဲ့ရပါတယ်။ အိမ်ဖြူတော်သတင်းထောက် Patsy Widakuswara ရဲ့ သတင်းလွှာကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
သမ္မတအိမ်ဖြူတော်ဘေးက ပန်းခြံထဲမှာ သမ္မတ ဟောင်း Andrew Jackson ရဲ့ ရုပ်တုကို တနင်္လာနေ့က ဖြိုချဖို့ ကြိုးစားတဲ့ ဆန္ဒပြသူတွေကို ဝါရှင်တန်ရဲတပ်ဖွဲ့က အင်အားသုံးဖယ်ရှားခဲ့ပါတယ်။ Lafayette ရင်ပြင်မှာဆန္ဒပြနေကြတဲ့လူအုပ်ကြီးက Jackson ရုပ်တုကို ကြိုးတွေနဲ့ တုပ်ပြီး ဖြိုချဖို့ လုပ်ခဲ့ကြတာဖြစ်ပါတယ်။
ပလတ်စတစ်အမှိုက် ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ ကမ္ဘာ့ပင်လယ်သမုဒ္ဒရာ ရေထုဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကာကွယ်ရေးအတွက် အသုံးပြုရတဲ့ တခါသုံး နှာခေါင်းစည်း အမှိုက်အန္တရာယ်ကိုပါ စတင် ရင်ဆိုင်နေရတဲ့အတွက် သဘာဝပတ်ဝန်းကျင်ရေး လှုပ်ရှားသူတွေ စိုးရိမ်နေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်