လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးသွားတဲ့ ပီရူးက ဘောလုံးခြေစွမ်းပြတဲ့ မိန်းကလေး။ ဆိုက်ဘေးရီးယားက ဆပ်ကပ်ထဲမှာ ထူးထူးခြားခြားတေ့ွရတဲ့ ရေမြင်းကြီးတွေ၊ ဒီလို ထူးခြား ဆန်းပြားနေတဲ့ သတင်းတွေကို မခင်ဖြူထွေးနဲ့ ကိုငြိမ်းချမ်းတို့က တင်ပြထားပါတယ်။
ဝိညာဉ်လောကကို လှည့်စားဖို့အတွက်ဆောက်လုပ်ထားတဲ့ Winchester လျှို့ဝှက်ဆန်းကြယ် စံအိမ်ကြီးကို အကွေ့အကောက်များတဲ့ ခန်းမကြီးတွေ၊ ထူးဆန်းတဲ့ အပြင်အဆင်တွေနဲ့ တည်ဆောက်ထားပါတယ်။ San Jose မြို့မှာရှိတဲ့ ဒီသမိုင်းဝင်စံအိမ်ကြီးအကြောင်း Lin Yang နဲ့ Joseph Mok တို့ရဲ့သတင်းလွှာကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံ မဟာချိုင်ဒေသက မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ မနေ့က သွားရောက်တွေ့ဆုံပါတယ်။ ဒါပေမဲ့ ထိုင်းအာဏာပိုင်တွေရဲ့ ကန့်သတ်မှုတွေကြောင့် အလုပ်သမားအများစုနဲ့ တွေ့ခွင့်မရခဲ့ပါဘူး။ ကိုဇင်လတ် ရိုက်ကူးတဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၃ ရက်ကြာ ထိုင်းနိုင်ငံခရီးစဉ် ဒီကနေ့ စတင်ပါတယ်။ Samut Sakhon ခရိုင်မှာ မြန်မာအလုပ်သမား ကလေးငယ်တွေကို စာသင်ကြား ပေးနေတဲ့ စာသင်ကျောင်းတခုက ကျောင်းသားတွေနဲ့ဆရာတွေရဲ့ မျှော်လင့်ချက်တွေကို AFP သတင်းကိုအခြေခံပြီး ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
သုဘရာဇာတွေ စုစည်းပြီး နိုင်ငံတကာ ကျင်းတူးပြိုင်ပွဲ ကို ဟန်ဂရီနိုင်ငံ အရှေ့ဘက်မှာ ကျင်းပခဲ့ကြပါတယ်။ ကျောင်းသားတွေ ရဲ့ အာရုံစိုက်မှု ကို ထိန်းထားနိုင်ဖို့ (Mexico) မက်ဆီကို က ပါမောက္ခတစ်ယောက်ကတော့ Spiderman ပင့်ကူလူသားဝတ်စုံ ဝတ်ဆင်ပြီး စာသင်နေပါတယ်။
ဗြိတိန်နိုင်ငံအနေနဲ့ အီးယူအဖွဲ့ဝင် နိုင်ငံအဖြစ်ကနေ နှုတ်ထွက်သင့်မသင့် လူထုဆန္ဒခံယူပွဲ ကျင်းပဖို့ ပြင်ဆင်နေတာနဲ့အမျှ ဗြိတိန်အစိုးရပိုင် နယ်မြေတခုဖြစ်တဲ့ Gibraltar ကျွန်းမှာ နေထိုင်နေကြသူတွေ အတွက် ထိခိုက်လာနိုင်စရာ အခြေအနေတွေ ရှိနေပါတယ်။ Henary Ridgwell ရဲ့ဆောင်းပါးကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
မြန်မာနိုင်ငံသားတွေ ဗီဇာလျှောက်ထားစရာမလိုပဲ စင်္ကာပူနိုင်ငံကို ရက်ပေါင်း ၃၀ နေထိုင်ခွင့်ရမယ့် အစီအစဉ်ကြောင့် မြန်မာလူငယ်တွေ ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပိုမိုရရှိလာလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။
ငြင်သာတဲ့ စက်ရုပ်လက်
အိန္ဒိယနိုင်ငံက အက်ဆစ်နဲ့ တိုက်ခိုက်ခံရသူများ
ကနေဒါက အသားအရည်ပြုပြင်ခန်းများ
မျက်မမြင်တွေခံစားနိုင်မယ့် ပန်းချီကားများ
ဥရုဂွေးနိုင်ငံရဲ့ အကျဉ်းသားပြုပြင်နည်း
အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံသားတွေ သေနတ် ပိုင်ဆိုင်ခွင့်နဲ့ပတ်သတ်ပြီး အပြင်းအထန် အငြင်းအခုံဖြစ်နေတဲ့ ကြားထဲမှာ Washington မြို့တော် ဆင်ခြေဖုံးမှာ သေနတ်ဆိုင်သစ် ဖွင့်လိုက်တာကြောင့် ထောက်ခံသူ ကန့်ကွက်သူ ၂ ဘက်လုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားရတာပါ။ VOA သတင်းကို ကိုငြိမ်းချမ်းတင်ပြထားပါတယ်။
စိတ်ပျော်ရွှင်စေမယ့် လေဆိပ်ကခွေးလေးတွေ
"ပါတီက ခန့်လိုက်တဲ့ သမ္မတဟာလည်း ပါတီရဲ့မူဝါဒအတိုင်းပဲ တိုင်းပြည်ကို ဆက်ပြီးတော့ အုပ်ချုပ်မယ်၊ သူကိုယ်၌ကလည်း သမ္မတကို အနီးကပ် ညွှန်ကြားနိုင်မယ်ဆိုရင် သူ့အတွက် သမ္မတဖြစ်ချင်း၊ မဖြစ်ချင်းက အရေးမကြီးပါဘူး"
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်က မြန်မာသံရုံးမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန် အောက်တိုဘာ ၁၇ နဲ့ ၁၈ ရက်တွေက မနက် ၉ နာရီကန ညနေ ၅ နာရီအတွင်း မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးခဲ့ကြပါတယ်။ အကြောင်းစုံကို ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
နှစ်၂၀ကျော် ကျွန်ပြုခံရတဲ့ ကိုမြင့်နိုင်အပါအဝင် ငါးဖမ်းလှေတွေ ပေါ်မှာ ကျွန်တွေလို ဖမ်းဆီးချုပ်နှောင်ပြီး အတင်းအဓမ္မ ခိုင်းစေခံခဲ့ ရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၈၀၀ လောက် အင်ဒိုနီးရှား ကနေ မြန်မာပြည် ကို ပြန်ပို့ခဲ့ပြီးဖြစ်ပါတယ်။
"အမေရိကန်အခြေစိုက် ACO ရင်းနှီးမြုပ်နှံမှုကုမ္ပဏီက ဒေါ်လာသန်း ၄၈၀ တန် ၁၅၀ မဂ္ဂါဝက်ထုတ်ပေးနိုင်တဲ့ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ နှစ်ရုံကို မန္တလေးတိုင်း မြင်းခြံနဲ့ မိတ္တီလာမြို့နယ်တွေမှာ လျှပ်စစ်ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး နှစ်သုံးဆယ်စာချုပ်နဲ့ ထုတ်လုပ်မည်။"