ပြီးခဲ့တဲ့နှစ်က အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တဲ့ လူမည်းအမျိုးသား George Floyd သေဆုံးမှုမှာ လူဖြူရဲအရာရှိ Derek Chauvin ကို စွဲဆိုထားတဲ့ အမှု သုံးခုလုံး လူသတ်မှု၊ ကြိုတင်ကြံရွယ်ခြင်း မရှိဘဲ သတ်ဖြတ်မှုစတဲ့ စွဲချက်တွေ အားလုံးအတွက် အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ တပ်မတော်နဲ့ KIA အကြား တိုက်ပွဲဖြစ်နေတာ ၃ ရက်ဆက်တိုက် ရှိနေပြီး ဒီကနေ့ ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA က တပ်မတော် တပ်စခန်းတစ်ခုကို ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ မြင်းခြံမြို့မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ မနေ့ညက ဖမ်းဆီးသွားသူ ၁ ယောက်ကိုလည်း ဒီကနေ့ မနက်မှာ ရုပ်အလောင်းကို လာရောက် ထုတ်ယူခိုင်းပါတယ်။ ဒီအကြောင်းအပြည့်အစုံ မန္တလေးကလာတဲ့ သတင်းကို ကိုငြိမ်းချမ်း ကပြောပြပါမယ်။
အမေရိကန် တပ်တွေကို အာဖဂန်နစ္စတန်ကနေ စက်တင်ဘာလ ၁၁ ရက် နောက်ဆုံးထားပြီး ရုပ်သိမ်းမယ့် အစီအစဉ်ကို သမ္မတ Joe Biden က ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်က တာလီဘန်နဲ့ ထရမ့်ပ် အစိုးရကြား သဘောတူထားတဲ့ မေလ ၁ ရက်နေ့ထက် လပေါင်းများစွာ နောက်ကျပြီးမှ ရုပ်သိမ်းမှာပါ။ ကိုငြိမ်းချမ်းက တင်ပြပါမယ်။
Free Burma Rangers အဖွဲ့ဟာ လူမျိုးပေါင်းစုံပါဝင်တဲ့အဖွဲ့တခုဖြစ်ပြီး မြန်မာနိုင်ငံတွင်းက အဖိနှိပ်ခံနေရတဲ့ တိုင်းရင်းသားတွေကိုကူညီနေတဲ့အဖွဲ့တခုဖြစ်ပါတယ်။ ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ပဋိပက္ခတွေမှာ အဓိကကူညီနေတာ၂၅ နှစ်ကျော်ရှိနေပြီဖြစ်ပြီး မြေပြင်ပေါ်ကအခြေအနေတွေကို ကမ္ဘာကသိရှိအောင်သတင်းထုတ်ပြန်ပေးနေတာပါ။
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ထဲက ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတစ်ယောက်ကို ဧပြီ လ ၁၄ ရက်နေ့ မနက်အစောပိုင်းမှာ လူလေးယောက်က သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်မှုဖြစ်ခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြထားပါတယ်။
Free Burma Rangers အဖွဲ့ဟာ လူမျိုးပေါင်းစုံ ပါဝင်တဲ့ အဖွဲ့တခုဖြစ်ပြီး မြန်မာနိုင်ငံတွင်းက အဖိနှိပ်ခံနေရတဲ့ တိုင်းရင်းသားတွေကို ကူညီနေတဲ့ အဖွဲ့တခုဖြစ်ပါတယ်။
အာဏာသိမ်း အုပ်ချုပ်နေတဲ့ မြန်မာစစ်တပ်နဲ့ ဂျပန်လုပ်ငန်းတွေ စီးပွားရေးလုပ်နေတာ ရပ်ထားဖို့ အပါအဝင် မြန်မာ့အရေးကို ဂျပန်အစိုးရက တိုက်တိုက်တွန်းတွန်းလုပ်ဖို့ ဂျပန်ရောက် မြန်မာ့အရေးလှုပ်ရှားသူတွေ ကြိုးစားနေကြပါတယ်။
စစ်အုပ်ချုပ်မှုဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေကို တပ်တွေက ဒီနေ့လည်း ပစ်ခတ်ဖြိုခွဲခဲ့တဲ့အတွက် တမူးမြို့မှာ အသက် ၇ နှစ်အရွယ် ကလေးငယ် တဦးသေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း ၈၀ ထက်မနည်းသေဆုံးခဲ့တဲ့ ပဲခူးမြို့မှာ သေဆုံးသူတွေရဲ့ အလောင်းတွေကို မိသားစုဝင်တွေ အခကြေးငွေပေးပြီး ရွေးယူနေရပါတယ်။
ဒီသီတင်းပတ်အတွင်းမှာ မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ဝင် နေတိုး နိုင်ငံတွေ ဖွဲ့စည်းခဲ့တဲ့ ၇၂ နှစ်မြောက် နှစ်ပတ်လည်နေ့ ကျရောက်မှာပါ။ နေတိုး မဟာမိတ်တွေ အနေနဲ့ ဘယ်လို စိန်ခေါ်မှုအသစ်တွေ၊ ခြိမ်းခြောက်မှုအဟောင်းတွေကိုရင်ဆိုင်နေတဲ့အကြောင်း Henry Ridgwell သတင်းပေးပို့ထားပါတယ်။ ကိုငြိမ်းချမ်းက ပြောပြမှာပါ။
COVID-19 ကပ်ရောဂါ အစဦးပိုင်းကာလနဲ့ အခုတနှစ်အကြာမှာတော့ အမေရိကန်နိုင်ငံ နယူးယောက်မြို့က ဆရာဝန်၊ သူနာပြုတွေနဲ့ တွေ့ဆုံမေးမြန်းခဲ့ပြီး သူတို့ ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံကို ဗွီအိုအေ သတင်းထောက် Nina Vishneva က တင်ပြထားပါတယ်။ ကိုငြိမ်းချမ်းက ပြောပြပါလိမ့်မယ်။
မြန်မာနိုင်ငံတဝှမ်း စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြတာတွေကို ဆက်ပြီး အရှိန်မပြတ် ပြုလုပ်နေကြသလို တချို့နေရာတွေမှာ မျက်ရည်ယိုဗုံးသုံးပြီး ပစ်ခတ်ဖြိုခွင်းတာတွေ လုပ်နေသလို မနေ့ည အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ခဲ့တဲ့ ပင်လယ်ဘူး မြို့မှာတော့ ဈေးဆိုင်တွေလည်း ပိတ်ထားပြီး ထွက်ပြေး တိမ်းရှောင်ရသူတွေလည်း ရှိပါတယ်။
လူမည်းအမျိုးသား George Floyd သေဆုံးမှု ကြောင့် တရားစွဲဆိုခံရတဲ့ ရဲအရာရှိဟောင်း Derek Chauvin ကို အမေရိကန် ပြည်ထောင်စု မင်နီဆိုးတာပြည်နယ် တရားခွင်မှာ တတိယနေ့ အဖြစ် ဆက်လက် စစ်ဆေးခဲ့ပါတယ်။ Jesusemen Oni သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြပါ့မယ်။
ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုပွဲတွေအပေါ် အကြမ်းဖက်ဖြိုခွင်း နေတာတွေ ရပ်တန့်ပြီး ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုဖို့၊ အရပ်သားအစိုးရကို အာဏာပြန်အပ်ဖို့ မနေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံက သံအမတ်ကြီးတွေက မြန်မာစစ်တပ်ကို တိုက်တွန်းခဲ့ပါတယ်။ ကိုငြိမ်းချမ်းက တင်ပြပါလိမ့်မယ်။
အီတလီတောင်ပိုင်း ပြတိုက်တခုကခိုးသွားတဲ့ ရှေးဟောင်းပစ္စည်း အကြွေစေ့တွေကို သူခိုးက ပြန်ပေးခဲ့ ပါတယ်။ အာဂျင်တီးနားမှာ ကမ္ဘာ့အကြီးဆုံး ဒိုင်နိုဆောအရိုးစု ကျောက်ဖြစ်ရုပ်ကြွင်းကို တူးဖော် တွေ့ရှိခဲ့ပါတယ်။ ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ ပြည်နယ်တွင်း နေသူတွေ ပဲ Covid-19 ကာကွယ်ဆေး ထိုးလို့ရမယ်လို့သတ်မှတ်လိုက်ပါတယ်။ Liliya Anisimova မိုင်ယာမီမြို့ကနေ သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။ Florida Announces Residency Requirements for COVID Vaccine Recipients
ကိုဗစ် 19 ရောဂါကူးစက်မှုတွေ ကြုံနေရတဲ့အချိန်ကာလမှာ သူနာပြုသင်တန်း တက်တဲ့သူတွေ၊ ဆေးကျောင်းသားတွေအတွက် အွန်လိုင်းက ဖန်တီးထားတဲ့ လူနာတွေနဲ့ ကုသတဲ့ လေ့ကျင့်သင့်ကြားမှုတွေ ပေါ်လာခဲ့ပါတယ်။ ဒီလူနာတွေဟာ လေ့ကျင့်ရေးအတွက် အထောက်အကူပြုတဲ့အကြောင်းTina Trinhရဲ့ သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းပြောပြပါလိမ့်မယ်။
ခရီးသွားလုပ်ငန်း အားထားနေရတဲ့ ထိုင်းနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အထိအနာဆုံးနိုင်ငံတွေထဲတနိုင်ငံ ဖြစ်ပါတယ်။ အခုအခါ ကိုဗစ်ဒုတိယလှိုင်းနဲ့ ကြုံနေရပြီး စီးပွားရေး ထိခိုက်မှုတွေ ထပ်မဖြစ်အောင် ကြိုးပမ်းနေရပါတယ်။ Vijitra Duangdee ဘန်ကောက်နေ သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပါ့မယ်။
၂၀၂၀ နွေဦးရာသီမှာ နယူးယောက်မြို့ကြီးဟာ ကိုရိုနာကပ်ရောဂါရဲ့ ဒဏ်ကို အပြင်းအထန်ခံစားရတဲ့ ပထမဦးဆုံး အမေရိကန်မြို့ကြီး တခုဖြစ်ခဲ့ပါတယ်။ ကပ်ရောဂါကာလ ပိတ်ဆို့မှုတွေ လုပ်ခဲ့တာအပြင် လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်မှုတွေကိုလည်း မြင်ခဲ့ကြရပါတယ်။ Evgeny Maslo သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်း က ပြောပြမှာပါ။
ဟောင်ကောင်မှာ ဘီးတပ်ကုလားထိုင်နဲ့ မသန်စွမ်းအမျိုးသားတဦး မိုးမျှော် အဆောက်အဦးကြီးကို ကြိုးနဲ့ တွယ်တက်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံကတော့ တရုတ်နဲ့မတည့်လို့ နဂါးမောက်သီးကို ကာမလန်လို့ ပါဠိနာမည် ပြောင်းလိုက်ပါတယ်။ ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်