အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်း ရွာလေးတရွာမှာ ၁၄ ပေကျော်ရှည်တဲ့ မိချောင်းကြီးတကောင်ကို ကြိုးကွင်းစွပ်ဖမ်းမိ၊ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ ကမ္ဘာ့ရုပ်အဆိုးဆုံး ခွေးပြိုင်ပွဲကျင်းပ၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြား သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
“အဓိကတော့ costal shipping line ပေါ့နော်၊ အဲတာဖြစ်တော့မှ ဘင်္ဂလားဒေရှ့်ရဲ့ အတွင်းပိုင်းလောက်အထိ ကျနော်တို့ ကုန်သွယ်မှုရနိုင်မယ့် အနေအထားပါ။ အခုကတော့ ကျနော်တို့ နယ်စပ်လောက်မှာပဲ ရပ်ရတဲ့အတွက် အဲဒီကို တဆင့်ကနေ တဆင့်သယ်ရတဲ့ အခါကျတော့ သူတို့မှာလည်း ကုန်ကျစရိတ်တွေများတယ်။ ” (ဦးတင်အောင်ဦး-လုပ်ငန်းရှင်)
“တစ် အချက်က လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ပတ်သက်တဲ့အမြင်ပေါ့ဗျာ။ နောက်- လက်ရှိအနောက်နိုင်ငံများရဲ့ SAC အပေါ်မှာ ချဉ်းကပ်ပုံနဲ့ သူတို့ရဲ့ရည်မှန်းချက် အပေါ်မှာ ကျနော်တို့ သုံးသပ်ချက်ပေ့ါ။ တတိယအချက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ကဏ္ဍပေါ့။ ...” (ဒေါက်တာအေးမောင်-ရခိုင့်ဦးဆောင်ပါတီ AFP)
မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးသံတမန်ဖြစ်တဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonnရဲ့ ဒုတိယမြောက် မြန်မာနိုင်ငံခရီးစဉ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဇူလိုင်လ ၁ ရက်နေ့ နေပြည်တော် မှာ တွေ့ဆုံဖို့ ရှိပါတယ်။
"အဖွဲ့ပေါင်းစုံကတိုက်ခိုက်တာ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အရိုးခံသက်သက်ပါဆိုရင် ဘာမှစစ်တပ်နဲ့ရဲကို လုံခြုံရေးယူခိုင်းစရာ အကြောင်းမရှိပါဘူး။ လုံခြုံရေးကုမ္ပဏီတွေရှိတယ် ငှားပါ၊ ကျနော်တို့က စစ်တပ်နဲ့ရဲကလွဲပြီးတော့ ကျန်တဲ့ဟာတွေကို ကျနော်တို့စိတ်မဝင်စားဘူး။"(ဗိုလ်စစ်နိုင်- ဆားလင်းကြီး PDF)
“သူတို့တွေက ဒီ ရှမ်းနီနဲ့ စစ်ကောင်စီပေါင်းပြီးမှ စစ်ကြောင်း ထိုးနေတာပေါ့နော။ ဒေသခံကာကွယ်ရေး တပ်တွေနဲ့ ထိတွေ့မှုတွေ ဖြစ်နေတာပေါ့။ ဗန်းမောက်မြို့နယ်ထဲမှာ ဖြစ်နေတာအခုက။ အင်းတော်နဲ့ ဗန်းမောက်အစပ်ပေ့ါ။ ဒီနေ့လည်း လက်နက်ကြီးနဲ့ ထုတာ သူတို့က သောင်ကြီးရွာသားတယောက်တော့ သေသွားတယ်။“ (ဒေသခံရွာသား)
မက္ကဆီကိုမှာ လူပေါင်းသောင်းကျော်တက်တဲ့ လက်ဝှေ့သင်တန်း ကမ္ဘာ့ဂင်းနစ်စံချိန်ချိုး၊ သြစတြေးလျမှာတော့ သိပ်ရိုင်းတဲ့ ဘာဂါဆိုင် လူကြိုက်များ၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြား သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
“တဘက်နဲ့တဘက် ဖမ်းတဲ့နေရာမှာ သက်ဆိုင်သူတွေကို ဖမ်းတာကောင်းပါတယ်၊ ပြည်သူတွေကိုတော့ အဲလို အစုလိုက် အပြုံလိုက်ဖမ်းပြီးတော့ ခြိမ်းခြောက်တဲ့ အနေနဲ့ အကြပ်ကိုင်တဲ့အနေနဲ့ ULA AA မလုပ်ရဲအောင် ပြည်သူကို ဓားစာခံထားတယ်ဆိုတာကတော့ မလုပ်သင့်ဘူးလို့မြင်ပါတယ်။” (ဦးဖေသန်း- မြေပုံ လွှတ်တော်ကိုယ်စားလှယ်ဟောင်း)
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ပြန်ပေးဆွဲခံထားရတဲ့ ပညာရေးဝန်ထမ်းနှစ် ဦးကို ဒီကနေ့ ဇွန်လ ၂၃ ရက် မနက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇာခရိုင်၊ ခြံချောင်းကျေးရွာအနီးမှာ ပြန်လွှတ်ပေးလိုက်ပေမယ့် စစ်ဆေးမေးမြန်းဖို့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက ဆက်လက် ခေါ်ယူထားပါတယ်။
“ဒီနေ့လည်း ပိုက်ဆံလွှဲပေးဖို့ ပြောနေတယ်၊ မိသားစုဝင်တွေကလည်း ပိုက်ဆံလွှဲပေးဖို့ လုပ်နေတယ်။ ပိုက်ဆံကတော့ ရှာကြံပြီးတော့ မိသားစုဝင်တွေကလည်း ပါမယ်။ ပညာရေးကလည်းပါမယ်၊ နောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ယာယီခဏချေးပြီးတော့မှ အဲလိုမျိုးတွေတော့ ပြောတယ်။” (ဦးဘထွီးစိန်-ရခိုင်ပြည်နယ်ပညာရေးမှူး)
ချီလီနိုင်ငံသူ ထိစပ်နေရာမှာ အမြန်ဆုံးရေကူးနိုင်သူအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင်၊ အိန္ဒိယက အမျိုးသမီး မိမိကိုယ်ကို မင်္ဂလာပြန်ဆောင်တာ ဘာ့ကြောင့်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြား သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ ငါးနိုင်ငံက အကြပ်အတည်းတွေကြောင့် ပေါ်လာတဲ့ ဒုက္ခသည်တွေရဲ့ အရေအတွက်ဟာ ကမ္ဘာ့တဝှမ်း ဒုက္ခသည် စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းရှိတဲ့အကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ ကိုငြိမ်းချမ်း ပြောပြပါလိမ့်မယ်။
ကိုဗစ်ကြောင့်ဖြစ်လာတဲ့ လုပ်သားပြတ်လပ်မှုကို ဖြည့်ဆည်းသွားဖို့အတွက် မြန်မာအပါအဝင် နိုင်ငံသုံးခုက MoU လုပ်သား ၇၀,၀၀၀ ကျော်ကို အခုနှစ်ထဲမှာ ခေါ်ယူသွားမယ်လို့ ကိုရီးယားအစိုးရက ပြောပါတယ်။
“သူတို့ဟာ တရားမဝင် အာဏာသိမ်းထားတဲ့အတွက် တရားမဝင်တဲ့သူတွေဖြစ်တဲ့အတွက် တရားမဝင်တဲ့အဖွဲ့အစည်းနဲ့ စကားပြောဖို့ဆိုတာ အရမ်းခက်သွားပြီလေ။ သူတို့နိုင်ငံရေးက မထွက်ဘဲ ကျနောတို့ သွားစကားပြောရင် ၂၀၀၈ ထဲမှာ ပြန်ဝင်နေရမယ်ဆိုတော့ ကျနော်တို့လည်း မလုပ်နိုင်တော့ဘူးဗျ။” (ဖဒိုစောတောနီး- KNU ပြောခွင့်ရ)
အမေရိကန်မှာ သေနတ်ကိုင်ဆောင်ခွင့် ဘေးကင်းလုံခြုံဖို့ ရီပတ်ဗလစ်ကန်နဲ့ ဒီမိုကရက် ပါတီနှစ်ရပ်အကြား အခြေခံမူဘောင် သဘောတူညီချက် ထွက်လာပြီး ဥပဒေ အဖြစ် ပြဌာန်းနိုင်အောင် အမြန်ဆုံးဆောင်ရွက်သွားမယ့်အကြောင်းအထက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင် Chuck Schumer ကပြောပါတယ်။ ကိုငြိမ်းချမ်း ဆက်ပြီး ပြောပြပါလိမ့်မယ်။
“AA ဆီ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေ အရေအတွက်အားဖြင့် ရာနဲ့ချီပြီးတော့ ရှိပါတယ်။ အဲဒီလူတွေကို ကျနော်တို့က တတ်နိုင်သမျှ လူသားစာနာမှုအပြည့်နဲ့ ကူညီပေးနေတာရှိပါတယ်။ ကျနော်တို့ဆီ ကို ရောက်လာတယ်ဆိုရင် အတတ်နိုင်ဆုံး အကောင်းဆုံး ကူညီတာတွေ၊ နေရာချပေးတာတွေ လုပ်ဆောင်ပေးနေပါတယ်။ (ခိုင်သုခ- AA ပြောခွင့်ရ)
“ပလက်ဝဒေသခံ နှစ်ယောက်လောက် အဖမ်းခံထားရတယ်။ ရာအိမ် မှူးတယောက်နဲ့ အရပ်သားတယောက်ပေါ့နော်၊ လက်ရှိအခြေအနေကလည်း နေ့တိုင်း ဧည့်စာရင်းတွေ ဘာတွေစစ်တယ်၊ ရဲတွေလည်း၊ စစ်သားတွေလည်း သွားနေတော့ ကျနော်တို့ မြို့ခံတွေက ကြောက်နေရတာပေါ့၊ ဘယ်သူအဖမ်းခံရမလဲ၊ နေ့တိုင်း အဲဒီစိတ်နဲ့ ကြောက်လန့်နေရတာပေါ့။” (ပလက်ဝဒေသခံ)
အိန္ဒိယနိုင်ငံမှာ ၄၆ မိုင် အရှည် အဝေးပြေးလမ်းမကြီးကို ၅ ရက်အတွင်း အပြီးခင်းလို့ ဂင်းနစ် ကမ္ဘာ့မှတ်တမ်း စံချိန်ဝင်၊ နှလုံးရုတ်တရက်ရပ်လို့ ဖြစ်တဲ့ ဒဏ်ရာတွေအတွက် အထူးလိမ်းဆေး ယူကေသုတေသီတွေ စမ်းသပ်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြား သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ဒေသခံကာကွယ်ရေး CDF အဖွဲ့တို့ကြား မနေ့ကရော ဒီနေ့ဇွန်လ (၁၀) ရက်နေ့မှာပါ တိုက်ပွဲဖြစ်နေပြီး တိုက်ပွဲအတွင်း ရွာသားတချို့အဖမ်းဆီးခံနေရသလို ထန်တလန်မြို့အတွင်းမှာလည်း သက်တမ်းအရင့်ဆုံး နှစ်ခြင်းဘုရားကျောင်းကြီး မီးရှို့ ဖျက်ဆီးခံရပါတယ်။
နောက်ထပ်ကြည့်ရှုရန်