ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဝင်တချို့နဲ့ ကျောက်မဲနဲ့ နမ္မတူမြို့နယ်အတွင်း ကျေးရွာတချို့က ရွာသားတွေကို တအောင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပြီး တိုင်းပြည်မှာ ငြိမ်းချမ်းရေး ရရှိဖို့ ကြိုးစားနေတဲ့အချိန် အခုလို လုပ်ရပ်မျိုးကို လက်မခံနိုင်တဲ့အကြောင်း SNLD ပါတီက ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ဒေသတွေမှာ လူသားချင်းစာနာ ထောက်ထားရေး အကူအညီတွေ အမြန်ဆုံး ရရှိနိုင်ဖို့ ရန်ကုန်မြို့အခြေစိုက် သံရုံး ၁၄ ခုက တိုက်တွန်းလိုက်ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ရဲ့ ရခိုင်ခရီးစဉ် ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ၊ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်လို့ အကြမ်းဖက်အုပ်စုတွေအဖြစ် သတ်မှတ်ဖို့ ကာကွယ်ရေးဝန်ကြီး တိုက်တွန်း။ စသဖြင့်…
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်ဟာ မနက်ဖြန် အင်္ဂါနေ့မှာ မြန်မာနိုင်ငံကို ရောက်လာဖို့ရှိပြီး ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်က အခြေအနေတွေကို ကိုယ်တိုင် သွားရောက် လေ့လာဖို့ရှိနေပါတယ်။
ရွေးကောက်ခံသမ္မတ Donald Trump ဟာ ဇန်နဝါရီလထဲ တရားဝင်ကျမ်းသစ္စာကျိန်ဆိုပြီးရင်တော့ အမေရိကန်ပြည်ထောင်စုရဲ့ အသက်အကြီးဆုံးသမ္မတ ဖြစ်လာတော့မှာပါ။ အသက်အရွယ်ကြောင့် သမ္မတတာဝန်တွေ ထမ်းဆောင်ဖို့ ကျန်းမာကြံ့ခိုင်အားမရှိနိုင်ဘူးလို့ ပြောလို့မရကြောင်း အေပီသတင်းတပုဒ်ကိုအခြေခံပြီး မခင်ဖြူထွေးက တင်ပြထားပါတယ်။
ဒီကနေ့ဟာ အမေရိကန်ပြည်ထောင်စုမှာ Thanksgiving လို့ခေါ်တဲ့ ကျေးဇူးတော်နေ့ ဖြစ်သလို၊ နယူးယောက်မြို့မှာတော့ နှစ်စဉ်ကျင်းပနေကျ Macy အရောင်းကုမ္ပဏီကြီးရဲ့ ကျေးဇူးတော်နေ့ အလှပြလှည့်လည်ပွဲကို ဒီနှစ်မှာလည်း အကြိမ် (၉၀) မြောက် စည်စည်ကားကား ကျင်းပနေပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ WHO အကြံပြုချက်
Donald Trump အစိုးရအဖွဲ့အတွက်စိန်ခေါ်မှုများ
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) အပါအဝင် ရန်ကုန်တိုင်းအစိုးရက တရားစွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်လို့ ဆင့်ခေါ်ခံထားရတဲ့ Eleven Media Group တာဝန်ရှိသူတွေဟာ ဒီကနေ့မှာပဲ တာမွေမြို့နယ် ရဲစခန်းမှာ လာရောက် အဖမ်းခံခဲ့ကြပါတယ်။
ဒီကနေ့လုပ်မယ့် အမေရိကန်သမ္မတရွေးကောက်ပွဲဟာ မိမိတို့ခေတ်ရဲ့ စမ်းသပ်မှုဖြစ်တယ်လို့ ဒီမိုကရက်သမ္မတလောင်း ဟီလာရီ ကလင်တန်ကပြောပြီး ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကတော့ ဒီကနေ့ဟာ မိမိတို့ရဲ့ လွတ်လပ်ရေးနေ့ဖြစ်တယ်လို့ ပြောပါတယ်။
ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင် Donald Trump ဟာ သမားရိုးကျ အခြေအနေအတိုင်း သမ္မတလောင်း ဖြစ်လာသူတော့ မဟုတ်ပါဘူး။ သူ ဘာ့ကြောင့် ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတလောင်းဖြစ်လာတယ်၊ ဘယ်လိုဖြစ်လာတယ်ဆိုတာတွေကို ဗွီအိုအေသတင်းထောက် Katherine Gypson က သတင်းဆောင်းပါးရေးထားပါတယ်။ မခင်ဖြူထွေးက တင်ပြထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ မျောက်ဝံတွေကို လိုက်လံကယ်တင်တဲ့ အဖွဲ့တခုက ဒီကနေ့ မျောက်ဝံ ၁၂ ကောင်ကို လူတွေ ဖန်တီးထားတဲ့ တောအုပ်အတုထဲကို လွှတ်ပေးလိုက်ပါတယ်။ ဒီတောအုပ်အတုထဲမှာ ကျင်လည်ပြီး သူတို့ဖာသာ သွားလာကျက်စား နေထိုင်နိုင်တဲ့ အခြေအနေ ရောက်ရင်တော့ သူတို့ကို သဘာဝတောအုပ်ထဲကို ပြန်လွှတ်ပေးမှာပါ။
အမေရိကန်သမ္မတလောင်းတွေကိုယ်တိုင်ရော သူတို့ကို ထောက်ခံသူအသီးသီးကပါ အပြင်းအထန် မဲဆွယ် စည်းရုံးနေ၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ပြီး မြန်မာနိုင်ငံကို အကူအညီပေးရေး ကိစ္စတွေ ဆွေးနွေး၊ ကုလသမဂ္ဂနဲ့ နိုင်ငံခြားသံတမန်တွေ ဒီကနေ့ နှစ်ရက်မြောက်အဖြစ် ရခိုင်မှာ ဆက်လေ့လာ စသည် …
အစိုးရသစ်လက်ထက် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ တိုးတက်လာဖို့ စိန်ခေါ်မှုတွေ ရင်ဆိုင်နေဆဲပဲလို့ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် ပြောကြား၊ မြန်မာနိုင်ငံတွင်း ဇီကာရောဂါပိုးကူးစက်မှု သတိပေး။ မြစ်ဆုံစီမံကိန်း အပြီးတိုင် အဆုံးသတ်ရေး လှုပ်ရှားမှု၊ စသဖြင့်…
ရခိုင်ပြည်နယ် မောင်တောဒေသမှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုပေမဲ့ ခိုင်မာတဲ့ သက်သေအထောက်အထား ရဖို့အတွက် အခက်အခဲတွေ ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောလိုက်ပါတယ်။
မိခင်နို့ဟာ ကလေးရဲ့ကျန်းမာရေးအတွက်သာမက မိခင်ရဲ့ကျန်းမာရေးအတွက်ပါ အရေးကြီးတဲ့အကြောင်း သုတေသနစာတမ်းအသစ်တခုကို Maternal and Child Nutrition မိခင်နဲ့ကလေး အဟာရအကြောင်း စာစောင်မှာ ဖော်ပြထားပါတယ်။ Kevin Enochs ရဲ့သတင်းလွှာကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
ရခိုင်ပြည်နယ် မောင်တောဒေသခံလူထုအတွက် လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်ဖို့ ကန့်သတ်ထားတာတွေကို ဖယ်ရှားပေးပါလို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အကူအညီပေးအဖွဲ့တွေက တောင်းဆိုပါတယ်။
အနောက်နိုင်ငံတွေအပေါ် ဆန့်ကျင်သူတွေက ဝါဒဖြန့် တိုက်ခိုက်နေတာတွေကို တန်ပြန် တိုက်ဖျက်တာတွေ အရှိန်မြှင့် လုပ်ဆောင်ဖို့ မြောက်အတ္တလန္တိတ်စာချုပ် NATO အဖွဲ့ တပ်မှူးတွေက အနောက်နိုင်ငံတွေကို တိုက်တွန်းပြောဆိုနေပါတယ်။ Henry Ridgwell ရဲ့သတင်းလွှာကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
ကလေးငယ်တွေရဲ့ သံစုံတီးဝိုင်း
နောက်ထပ်ကြည့်ရှုရန်