အသည်းအတုနဲ့ အစားထိုး ကုသဖို့ကအစ မျိုးရိုးဗီဇပြောင်းထားတဲ့ ဝက်အသည်းကို အစားထိုးကုသဖို့ ကြိုးစားတာအဆုံး စမ်းသပ်ခဲ့ကြတာမှာ နည်းလမ်းသစ်တစ်ခုကို မစ်ဇူရီတက္ကသိုလ်မှာ စမ်းသပ်နေတဲ့ အကြောင်းကိုတော့ Carol Pearson သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြပေးပါလိမ့်မယ်။
မကြာခင်မှာ ကျင်းပတော့မယ် အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump ရဲ့ သမ္မတအဖြစ် တရားဝင်ကျမ်းသစ္စာကျိန်ဆိုပွဲကြောင့် မစ္စတာ Trumpရဲ့ ဇနီးဖြစ်သူ Melania Trump မွေးဖွားရာ Slovenia နိုင်ငံငယ်လေးကို ပိုပြီး ထင်ပေါ်လာစေပါတယ်။ VOA သတင်းထောက် Luis Ramirez ပေးပို့တဲ့သတင်းလွှာကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အောက်တိုဘာလ ၉ ရက်နေ့က လုံခြုံရေးစခန်းသုံးခု တိုက်ခိုက်ခံရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့ရပြီး တဲ့နောက် ပုံမှန် သွားလာခွင့်တွေ ပိတ်ပင်ထားတဲ့ အကြမ်းဖက် ပဋိပက္ခ ဖြစ်ပွားရာ ဒေသတွေ ကို မြန်မာအစိုးရက ဒီကနေ့ ပထမဆုံးအကြိမ် ပြည်တွင်းပြည်ပ သတင်းထောက် တချို့ကို ဝင်ရောက်ခွင့် ပြုခဲ့ပါတယ်။
ရခိုင်ပြည်နယ်တွင်း နယ်မြေစစ်ဆင်ရေး ဆောင်ရွက်ရာမှာ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာမူစလင်တွေကို ပစ်မှတ်ထားပြီး လူ့အခွင့်အရေး ချိုးဖောက်တာတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နေပေမဲ့ ဒီအခြေအနေကို ရပ်တန့်ဖို့ အစိုးရဘက်က ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်း မရှိဘူးလို့ လူ့အခွင့်အရေးအဖွဲ့တခု ဖြစ်တဲ့ Amnesty International (AI) အဖွဲ့က ဝေဖန်လိုက်ပါတယ်။
ကမ္ဘာတဝှမ်း ပြန်ပြည့်မြဲစွမ်းအင် အသုံးပြုမှုတွေဟာ ပိုပိုပြီးများလာနေပါတယ်။ အိန္ဒိယနိုင်ငံမှာဆိုရင်လည်း ကမ္ဘာ့အကြီးဆုံး နေရောင်ခြည် စွမ်းအင်ထုတ် စက်ရုံတခုကို လွန်ခဲ့တဲ့လအနည်းငယ်ကပဲ ဖွင့်လှစ်ခဲ့ပါတယ်။ ဒီအကြောင်း Kevin Enochs ရဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
ငှက်ဖျားရောဂါကာကွယ်ဆေးတိုက်တဲ့ အစီအစဉ်အများစုဟာ ငါးနှစ်အောက်ကလေးငယ်တွေအတွက်သာ ဖြစ်ပေမယ့် ဒီအသက်အရွယ်ကန့်သတ်ချက်ကို တိုးလိုက်မယ်ဆိုရင် ငှက်ဖျားရောဂါဖြစ်ပွားတဲ့အရေအတွက် ပိုပြီးကျဆင်းသွားနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒီအကြောင်း Henry Ridgwell ပေးပို့တဲ့ သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
အမေရိကန်-ကျူးဘား ဆက်ဆံရေး ပြန်လည်စတင်ခဲ့ပြီး၂ နှစ်အကြာမှာရွေးကာက်ခံသမ္မတ Donald Trumpသမ္မတတာဝန်စယူတော့မယ့်အချိန်၊ရီပါဘလီကန်အများစုလွှမ်းမိုးမယ့်လွှတ်တော်ဖြစ်လာတော့ မယ့်အချိန်မှာ Fidel Castro ကွယ်လွန်သွားတာကြောင့်ဘယ်လိုအပြောင်းအလဲတွေဖြစ်လာနိုင်ပါသလဲ။Katherine Gypson ရဲ့သတင်းကို မခင်ဖြူထွေးကတင်ပြပေးပါမယ်။
Donald Trump နဲ့ CBS ရုပ်သံမေးမြန်းခန်း ကောက်နှုတ်ချက်
အမေရိကန်ပြည်ထောင်စုက ပြည်နယ်တခုချင်းစီမှာ မဲပေးတဲ့ လုပ်ငန်းစဉ်တွေ တခုနဲ့တခု မတူညီကြပါဘူး။ ဒါပေမဲ့ ပြည်နယ် အားလုံးကရတဲ့ မဲရလာဒ်တွေ အားလုံးပေါင်းပြီး သမ္မတရွေးကောက်ပွဲ အနိုင်အရှုံးကို သတ်မှတ်ကြတာပါ။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ Great Lakes ရေကန်ကြီးရှိတဲ့ဒေသက အသုံးမဝင်တော့တဲ့ မီးပြတိုက်တွေကို အခမဲ့နီးပါးဈေးနဲ့ ဝယ်ယူလို့ရပါတယ်။ အင်ဒိုနီးရှားမှာတော့ ကိုယ့်ရဲ့ပုံတူကို အရုပ်လေးတွေအဖြစ် အမှတ်တရသိမ်းထားနိုင်တဲ့အကြောင်း ဒီလိုထူးထူးခြားခြား သတင်းတွေကို မခင်ဖြူထွေးနဲ့ ကိုငြိမ်းချမ်းတို့က တင်ပြပါလိမ့်မယ်။
ထူးခြားဆန်းပြားသတင်းများ
အရင်အစိုးတွေလက်ထက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ် အရေးယူရာမှာ သုံးခဲ့တဲ့ အရေးပေါ်စီမံမှု အက်ဥပဒေကို အစိုးရက ရုပ်သိမ်းလိုက်တဲ့အပေါ် လူ့အခွင့်အရေးလှုပ်ရှားသူတွေက ကြိုဆိုကြပါတယ်။
ဒီကနေ့ စတင်ကျင်းပတဲ့ ၂၁ ရာစု ပြည်ထောင်စုငြိမ်းချမ်းရေး ပင်လုံညီလာခံနဲ့ ပတ်သက်လို့ အများစုကတော့ ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတဲ့ အစပျိုးခြေလှမ်းဖြစ်တယ် လို့ ပြောဆိုကြပါတယ်။
တူရကီနိုင်ငံအနေနဲ့ ဆီးရီးယားနိုင်ငံထဲက IS စစ်သွေးကြွတွေကိုတိုက်ခိုက်နေတဲ့ အမေရိကန်ရဲ့ မဟာမိတ် ကာ့ဒ်တပ်ဖွဲ့အပေါ် တိုက်ခိုက်တာတွေမလုပ်ဘဲ IS အဖွဲ့ ချေမှုန်းရေးတွေကိုသာ အာရုံထားလုပ်ဖို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။ VOA သတင်းထောက် Carla Babb ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အစဉ်အဆက်ကျင့်သုံးလာခဲ့တဲ့ ဘက်မလိုက် နိုင်ငံခြားရေးမူဝါဒကို ဆက်လက်ကျင့်သုံးသွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တရုတ် နိုင်ငံတော်ခရီးစဉ်အတွင်း ဘေဂျင်းမြို့တော်မှာ ပြောဆိုသွားပါတယ်။ အပြည့်အစုံကိုတော့ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့မှာ Zika ဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားစေတဲ့ ခြင်တွေပေါက်ဖွားတဲ့ နေရာတခုကို ရှာတွေ့ပြီးနောက် ဒီဗိုင်းရပ်စ်ပိုးမပျံ့နှံ့အောင် ကာကွယ်ရာမှာ ဖက်ဒရယ်အစိုးရက ကူညီပေးဖို့ ဖလော်ရီဒါပြည်နယ် အစိုးရက တောင်းဆိုထားကြောင်း Zlatica Hoke ရဲ့သတင်းလွှာကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
ရီပတ်ဗလစ်ကန်သမ္မတလောင်း ဖြစ်လာလိမ့်မယ်လို့ တချိန်က ယူဆမခံခဲ့ရတဲ့ Donald Trump ကို အမေရိကန်မူစလင်တွေက ထောက်ခံလိမ့်မယ်လို့လည်း ထင်မထားခဲ့ကြပေမယ့် ခုတော့ အမေရိကန်မူစလင်တချို့ထောက်ခံလာနေကြပါပြီ။ နိုင်ငံလုံးဆိုင်ရာပါတီ ညီလာခံကနေ Katherine Gypson ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက ပြောပြပေးပါမယ်။
ဥရောပသမဂ္ဂကနေ နှုတ်ထွက်ဖို့ ဥရောပမှာရှိတဲ့နိုင်ငံတချို့ တိုက်တွန်းကြပေမဲ့ အဲဒီထဲမှာ ပိုလန်နိုင်ငံမပါပါဘူး။ ဒါပေမဲ့ ပိုလန်အမျိုးသားလုပ်ရှားမှုကနေ EUအတွင်း ပြုပြင်ပြောင်းလဲမှုတွေ ထိရောက်အောင်လုပ်ဖို့ တောင်းဆိုမှုတွေ ပိုရှိလာပါတယ်။ VOA သတင်းထောက် Luis Ramirez ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
နှစ်နိုင်ငံဆက်ဆံရေး ၆ နှစ်ကြာ တင်းမာနေခဲ့တဲ့ တူရကီနဲ့ အစ္စရေးတို့ကြား ပြီးခဲ့တဲ့သီတင်းပတ်က စလို့ ပုံမှန်ဆက်ဆံရေး ပြန်လည် စတင်လာနိုင်ခဲ့ပါတယ်။ အစ္စရေး-တူရကီ ဆက်ဆံရေး နောက်ဆုံး အခြေအနေအကြောင်း VOA သတင်းထောက် Zlatica Hoke သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက ပြောပြထားပါတယ်။
အမေရိကန် ပြည်ထောင်စုက ရီပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်းဖြစ်လာဖို့ သေချာသလောက် ရှိနေတဲ့ ကုဋေကြွယ်သူဌေး Donald Trump ဟာ နိုင်ငံရေးမှာ ထင်ပေါ်လာတာနဲ့အမျှ သူပိုင်ဆိုင်တဲ့ နယူးယောက်မြို့က Trump Tower ဟာလည်း အများအာရုံစိုက်စရာ ဖြစ်လာနေပါတယ်။ AFP ဆောင်းပါးကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်