မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာ ဒီကနေ့ ရက် ၁၀၀ ပြည့်ပါပြီ။ ရက် ၁၀၀ အတွင်း အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ကန့်ကွက်မှုတွေ နည်းမျိုးစုံနဲ့ ရှိနေသလို စစ်ကောင်စီဘက်ကလည်း နှိမ်နင်းဖိနှိပ်နေပါတယ်။
စစ်အာဏာသိမ်းပြီး ဒီမိုကရေစီစနစ် ချုပ်ငြိမ်းအောင် လုပ်တာကို ပြည်သူတွေက အလွယ်တကူ လက်ခံလိမ့်မယ်လို့ ထင်ခဲ့တာဟာ စစ်တပ်အတွက် အမှားကြီးမှားခဲ့တာလို့ မြန်မာ့အရေး လေ့လာသူ တချို့က သုံးသပ် ပြောဆိုကြပါတယ်။ အေပီသတင်းကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြပေးပါမယ်။
စစ်အာဏာသိမ်းပြီးနောက် လူအတော်များများဟာ လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရှိရာ ထွက်ခွာခဲ့ကြပါတယ်။CDM လှုပ်ရှားမှုမှာပါဝင်ခဲ့ပြီး အခုတော့ တိုင်းရင်းသားလက်နက်ကိုင်ဒေသ တခုမှာ စစ်ရေးသင်တန်း တက်ရောက်ဖို့ ရောက်ရှိနေတဲ့ ဒမ်နိုးလိုင်ကို မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းထားပါတယ်။
နေပြည်တော်မှာ အမှု ၆ မှုနဲ့ တရားစွဲဆိုခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မေလ ၂၄ ရက်နေ့ ရုံးချိန်ကျရင် အွန်လိုင်းကတဆင့် မဟုတ်ဘဲ တရားခွင်မှာ လူကိုယ်တိုင် ရုံးထုတ်မှာ ဖြစ်ပါတယ်။ တရားစွဲခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တရားခွင်မှာ လာရောက် အမှု ကြားနာရမယ်လို့ တရားသူကြီးက ဒီနေ့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ကျောင်းသားတွေ ကျောင်းပြန်တက်ကြဖို့နဲ့ ဆရာ၊ ဆရာမတွေ စာပြန်သင်ကြဖို့ အာဏာသိမ်းအုပ်ချုပ်နေတဲ့ န.စ.က စစ်ကောင်စီက တိုက်တွန်းလိုက်ပါတယ်။ ဒီအခြေအနေနဲ့ အခုရက်ပိုင်းပြန်ဖွင့်တဲ့ အဆင့်မြင့်ပညာတန်းတွေမှာ ကျောင်းတက်နေကြတဲ့ အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေး ကတင်ပြပါမယ်။
ဖေဖော်ဝါရီလထဲက ဖမ်းဆီးခံခဲ့ရတဲ့ Myanmar Now သတင်းဌာနက သတင်းထောက် မကေနွန်နွေး အင်းစိန်ထောင်ထဲမှာ ရက်တော်တော်ကြာ တိုက်ပိတ်ခံခဲ့ရပါတယ်။ အစာငတ်ခံဆန္ဒပြတယ်ဆိုပြီး တိုက်ပိတ်ခဲ့ကြောင်း မိခင်ဖြစ်သူက ဗွီအိုအေကိုပြောပါတယ်။
ဒီနေ့မေလ ၃ ရက်နေ့ဟာ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ဖြစ်ပါတယ်။ စစ်အာဏာသိမ်း အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာတော့ သတင်းနဲ့စာနယ်ဇင်းလွတ်လပ်ခွင့် ကျဆင်းနေတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။ ရန်ကုန်က ပေးပို့ထားတာကို မခင်ဖြူထွေးပြောပြပါမယ်။
ရန်ကုန်မြို့မှာ ဒီနေ့ မိုးတွေရွာနေတဲ့ကြားက စစ်အာဏာရှင် ဆန့်ကျင်တဲ့ ချီတက်ဆန္ဒပြပွဲတွေ ဆက်ရှိခဲ့ပါတယ်။။ ရန်ကုန်နဲ့ တခြားမြို့တွေက ဆန္ဒပြပွဲတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက ပြောပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို တနေ့နဲ့တနေ့ အသွင်မတူအောင် လုပ်နေကြတာမှာ ဒီနေ့တော့ ရန်ကုန်မြို့မှာ YBS ဘတ်စ်ကားတွေပေါ်နဲ့ လူအသွားအလာများတဲ့ ဓါတ်တိုင်တွေမှာ စာတွေကပ်ပြီး လှုပ်ရှားခဲ့ကြပါတယ်။
နိုင်ငံတစ်ဝန်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေကို လက်နက်ကိုင် စစ်ကောင်စီအဖွဲ့က အကြမ်းဖက်ပစ်ခတ်ဖြိုခွဲမှုတွေလည်း ဆက်ရှိနေသလို တချို့နေရာမှာ တပ်စွဲထားတာ ရှိနေတဲ့ကြားထဲကပဲ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်လာနေပါတယ်။
မြန်မာစစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေ ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေကြောင့် ပြည်သူတွေ ဆင်းရဲဒုက္ခ ပိုကြီးလာပြီး လူသားချင်းစာနာ အကူအညီတွေ လိုအပ်နေတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ လူသားချင်းစာနာထောက်ထားရေး ဒုဝန်ကြီး နော်ထူးဖော်က ပြောပါတယ်။ နော်ထူးဖောကို မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာ့ နိုင်ငံရေးပြဿနာတွေကို အဖြေရှာဖို့ အာဆီယံနိုင်ငံတွေကြား ဆွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ နက်ဖြန်ကျင်းပမှာပါ။ လူ့အခွင့်အရေးဆောင်ရွက်သူတွေကလည်း မေးခွန်းထုတ်နေတဲ့ဆွေးနွေးပွဲနဲ့ပတ်သက်လို့ မခင်ဖြူထွေးက ပြောပြထားပါတယ်။
မြန်မာနိုင်ငံက သတင်းမီဒီယာလုပ်ငန်းတချို့ကို စစ်တပ်နဲ့ဆိုင်တဲ့သတင်းတွေ ရေးပေးဖို့နဲ့ စစ်တပ်နဲ့ ပူးပေါင်းဖို့ တိုက်တွန်းတာတွေ ရှိနေပါတယ်။ စစ်အုပ်ချုပ်ရေးကောင်စီဟာ သတင်းမီဒီယာတွေကို ထိန်းချုပ်နေတာနဲ့တချိန်ထဲ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဖိအားပေးနေတဲ့အကြောင်း မခင်ဖြူထွေးက ပြောပြထားပါတယ်။
သဘာဝအတိုင်းရတဲ့ ပိုးချည်မျှင်နဲ့ သဘာဝဆိုးဆေးတွေကိုသာ သုံးပြီး ရက်လုပ်တဲ့ ကမ္ဘာဒီယား ပိုးထည် တထည် ဖြစ်လာဖို့ အချိန် တနှစ်နီးပါး ယူရပါတယ်။ ဒါကြောင့် ဒီပိုးထည် တထည်တန်ဖိုးကလည်း ဒေါ်လာထောင်နဲ့ချီ ရှိပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
စစ်အုပ်ချုပ်ရေးကောင်စီဘက်က ဖမ်းဆီးတာတွေ ခုရက်ပိုင်း အရှိန်မြှင့် လုပ်လာနေပါတယ်။ တပ်မတော် ပြိုကွဲအောင် လှုံ့ဆော်မှု၊ လုပ်ဆောင်မှု ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မော်ဒလ် ပိုင်တံခွန်အပါအဝင် ကျော်ကြားသူတချို့ လည်း ဖမ်းဆီးခံခဲ့ရပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက ပြောပြထားပါတယ်။
ပဲခူးမြို့မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲကို ပစ်ခတ်ဖြိုခွဲလို့ ၂ ဦးထက်မနည်း သေဆုံးခဲ့သလို တန့်ဆည်သပိတ်ကိုလည်း ဝင်ဖြိုခွဲတာကြောင့် တစ်ဦးသေဆုံးခဲ့ပါတယ်။ ထားဝယ်မြို့ သပိတ်စစ်ကြောင်းကိုလည်း အကြမ်းဖက်ဖြိုခွဲတာကြောင့် ဒဏ်ရာရသူ ဖမ်းဆီးခံရသူတွေရှိခဲ့ပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက ပြောပြထားပါတယ်။
အမေရိကန်လွှတ်တော် ရှေ့ အတားအဆီးတွေကို သံသယရှိသူ တဦး ကားနဲ့ သောကြာနေ့က ဝင်တိုက် တိုက်ခိုက်ခဲ့တာကြောင့် လွှတ်တော်ကို စောင့်ကြပ်တဲ့ ရဲအရာရှိတဦး သေဆုံးခဲံပါတယ်။ VOA လွှတ်တော်သတင်းထောက် Katherine Gypson သတင်းပေးပို့ထားတာကို မခင်ဖြူထွေး ပြောပြပါ့မယ်။
ရန်ကုန်မြို့မှာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူတွေအတွက် ပန်းတွေနဲ့ ဂုဏ်ပြုတဲ့ ပန်းသပိတ်အပါအဝင် စစ်ကောက်စီ အာဏာသိမ်းထားတဲ့ လုပ်ရပ်အပေါ်ပြည်သူတွေက ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ရန်ကုန်ကလာတဲ့ ဆန္ဒပြပွဲအခြေအနေတွေကို မခင်ဖြူထွေး ပြောပြထားပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြရင်း ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၃၀၀ ကျော်ကို ဒီကနေ့ ပြန်လွတ်ပေးလိုက်တဲ့ တချိန်ထဲမှာဘဲ ဖမ်းဆီးခံရသူတွေ လွတ်မြောက်ဖို့ ရှေ့နေအဖွဲ့အစည်း အသီးသီးက အခမဲ့ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနေကြပါတယ်။ ဒီအကြောင်း ရန်ကုန်မြို့က ပေးပို့ထားတဲ့သတင်းကိုတော့ မခင်ဖြူထွေးက ပြောပြပေးမှာပါ။
ရန်ကုန် ဆန္ဒပြပွဲတွေမှာ သတင်းရယူရင်းဖမ်းဆီးခံရတဲ့ သတင်းထောက်တွေထဲက AP သတင်းဌာနက ဓါတ်ပုံသတင်းထောက် ဦးသိန်းဇော် ပြန်လည်လွတ်မြောက်လာပါပြီ။ သူ့အပေါ် စွဲချက်တင်ထားတဲ့အမှုကိုလည်း ပြန်လည်ရုပ်သိမ်းထားတယ်လို့ သိရပါတယ်။
နောက်ထပ်ကြည့်ရှုရန်