ထိုင်း-မြန်မာနယ်စပ်တလျှောက် ဒုက္ခသည်စခန်းတွေထဲမှာ မြန်မာနိုင်ငံကနေ ထွက်ပြေးခိုလှုံနေကြရတဲ့ ဒုက္ခသည် တွေကို အမေရိကန်ပြည်ထောင်စု မှာ ရွှေ့ပြောင်းအခြေစိုက် ခွင့်ပြုတဲ့ အစီအစဉ်ကို အဆုံးသတ်လိုက်ပြီလို့ ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပါတယ်။
ဇန်နဝါရီ ၃၀၊ ၂၀၁၄ - မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ဖို့ နှေးကွေးစေတဲ့ အကြောင်းရင်းတွေထဲမှာ အဂတိလိုက်စားမှုလည်း ပါဝင်ပါတယ်။ အဂတိလိုက်စားမှု များလေလေ ပြုပြင်ရေးအောင်မြင်ဖို့ ခက်ခဲလေလေ ဖြစ်နေပုံကို သုံးသပ်တင်ပြထားပါတယ်။
“ကျနော်တို့မှာရှိတဲ့ တခုတည်းသော ထင်ရှားတဲ့ အထောက်အထားကတော့ ရဲတပ်ကြပ်ကြီးတဦး အသတ်ခံခဲ့ရတယ်ဆိုတာပါပဲ။ အဲဒါဟာ ကျနော်တို့ရထားတဲ့ တခုတည်းသော ထင်ရှားတဲ့ အထောက်အထား ဖြစ်ပါတယ်။” - ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင်
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ဒုချီးရားတန်းကျေးရွာမှာ ဖြစ်ခဲ့တယ်ဆိုတဲ့ အကြမ်းဖက်မှုတွေအပေါ် အမေရိကန်ပြည်ထောင်စု၊ EU ဥရောပသမဂ္ဂနဲ့ ကုလသမဂ္ဂက စိုးရိမ်ပူပင်ကြောင်းနဲ့ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ခု ချက်ခြင်းလုပ်ဖို့နဲ့ ကျူးလွန်သူတွေကို အရေးယူဖို့ မြန်မာအစိုးရကို တိုက်တွန်းလိုက်ကြပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ဒုချီးရားတန်းကျေးရွာမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် လူအတော်များများသေဆုံးခဲ့တယ်ဆိုတဲ့ ကိစ္စရပ်ကို စုံစမ်းစစ်ဆေးမှု ချက်ချင်းလုပ်ဖို့ ကုလသမဂ္ဂနဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနတို့က မြန်မာအစိုးရကို တောင်းဆိုခဲ့ကြပါတယ်။
ဇန်နဝါရီ ၂၃၊ ၂၀၁၄ - လွှတ်တော်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပြဌာန်းထားပေမယ့် လုပ်ပိုင်ခွင့်အာဏာရှိသူတွေရဲ့ ပိုင်ဆိုင်မှုကို ကြေညာဖို့ကိစ္စမှာ မဝံ့မရဲဖြစ်နေပုံကို သုံးသပ်တင်ပြထားပါတယ်။
ဇန်နဝါရီ ၁၆၊ ၂၀၁၄ - ဥပဒေပြုလွှတ်တော်ဟာ လှုပ်ရှားတက်ကြွနေပေမယ့် တရားဥပဒေစိုးမိုးရေးမှာ အဓိကပါဝင်တဲ့ ရှေ့နေတွေက တော့ လှုပ်ရှားတက်ကြွမှု အလွန်နည်းပါးနေကြောင်း သုံးသပ်ထားပါတယ်။
"လုံခြုံရေးကိုတော့ တော်တော်လေး ယူထားတာ တွေ့ရပါတယ်။ တွေ့ရတယ် ဆိုတာက ဒေသခံတွေ အပြောအရကိုက မနေ့က ၁၃ ရက်နေ့ကစပြီး ပုဂံကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကနေပြီးတော့ ကားသစ်တွေနဲ့ ၃၀-၄၀ လောက် တန်းစီပြီး ရောက်လာတယ်။ နောက်ပြီး လုံခြုံရေးကားတွေ ရောက်လာတယ်။"
လွန်ခဲ့တဲ့ နှစ်အတော်ကြာအချိန်တွေအတွင်း ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်တွေကို ကမောက်ကမဖြစ်စေခဲ့တဲ့ စီးပွားရေးကျဆင်းမှုကနေ ပြန်ပြီး ထူထောင်လာတာနဲ့အတူ ကမ္ဘာ့စီးပွားရေးအတွက် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်လာနေရပြီ ဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်က ပြစ်ဒဏ် လွတ်ငြိမ်းခွင့်တွေ ထုတ်ပြန်ပြီး လွှတ်ပေးခဲ့ပေမဲ့ လွတ်လာသူတွေထဲမှာ နိုင်ငံရေး အကျဉ်းသားက နည်းနည်းပဲ ပါပြီးတော့ ရာဇဝတ်ပြစ်မှုတွေနဲ့ အကျဉ်းကျသူက အများစု ဖြစ်နေတယ်လို့ ပြင်သစ် အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ FIDHနဲ့ ဒေသတွင်း အခြေစိုက် ALTSEAN Burma တို့က ဝေဖန်လိုက်ပါတယ်။
ဇန်နဝါရီ ၉၊ ၂၀၁၄ - မူးယစ်ဆေး နဲ့ အခြားမှောင်ခိုလုပ်ငန်းများကရတဲ့ ငွေမဲတွေကို ခဝါချတဲ့ပြဿနာ မြန်မာပြည်မှာ ရှိနေသေးတဲ့အတွက် နိုင်ငံခြားအကူအညီနဲ့ တိုက်ဖျက်ဖို့ ကြိုးပမ်းနေရပုံကို သုံးသပ်တင်ပြထားပါတယ်။
၂၀၁၄ ခုနှစ်မှာ ရလာတဲ့အခွင့်အလန်းတွေကို အသုံးချ၊ စိန်ခေါ်မှုတွေကို ဖြေရှင်းရင် စီးပွားရေးအတွက် အလားအလာကောင်းမယ်လို့ သုံးသပ်တာမျိုးရှိပါတယ်။
"၂၀၁၃ နှစ်ကုန်ပိုင်းမှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်နဲ့ အကျဉ်းသားတချို့ကို ပြန်လွှတ်ပေးခဲ့ပြီးတဲ့နောက် အခုတစ်ခါ ၂၀၁၄ နှစ်သစ် အတွက် ပထမဆုံး ပြစ်ဒဏ် လွတ်ငြိမ်းခွင့် အမိန့်ကို ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ထုတ်ပြန်လိုက်ပါတယ်။"
ဇန်နဝါရီ ၂၊ ၂၀၁၃ - ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တွေးပုံခေါ်ပုံ လုပ်ပုံကိုင်ပုံ အမျိုးမျိုးဖြစ်ပေါ်နေတာကို ဦးအောင်ခင် နဲ့ ကိုကျော်ကျော်သိန်းတို့က သုံးသပ်တင်ပြထားပါတယ်။
"နိုင်ငံတော်သမ္မတရုံးက အမိန့်ထုတ်လိုက်တယ်။ အမိန့်ထုတ်လိုက်တဲ့အပေါ်မှာ မူတည်ပြီးတော့ အဲဒါတွေနဲ့ အကျုံးဝင်တဲ့ လူတွေကို အကျဉ်းဦးစီးတွေက ပြန်ပြီးတော့စစ်နေတယ်။ ဒီဟာနဲ့ပတ်သက်ပြီး ကျနော်တို့ ပြောလိုက်တဲ့ ပုဒ်မတွေနဲ့ ပတ်သက်ပြီးတော့ အကျုံးဝင်တဲ့ လူတွေပေါ့နော် အကုန်လုံး သူတို့ပြန်ပြီးတော့လုပ်နေတယ်..."
၂၀၁၄ ခုနှစ်အတွင်း မြန်မာ့စီးပွားရေးအလားအလာဟာ သိပ်မြန်မြန်ကြီး တိုးတက်မှာ မဟုတ်သလို လက်ရှိ ထက် ပိုကျသွားမှာလည်း မဟုတ်ဘူးလို့ သုံးသပ်တာမျိုးရှိပါတယ်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို မပြင်ဘဲနဲ့ တန်းတူညီမျှတဲ့ အခွင့်အရေးမပေးဘဲနဲ့ ဝင်တဲ့ပုဂ္ဂိုလ်တွေကသာ သိက္ခာပိုင်းအရ ဒီလို မပြင်ပေးရင် မဝင်သင့်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောခွင့်ရသူတွေက ပြောပါတယ်။
ဒီဇင်ဘာ ၂၆၊ ၂၀၁၃ - အခြား အာဆီယံနိုင်ငံတွေကို အမီလိုက်နိုင်ဖို့အတွက် မြန်မာနိုင်ငံမှာ စက်မှုလုပ်ငန်းတိုးတက်ဖွံ့ဖြိုးဖို့ လိုပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်မှာ စက်မှုလုပ်ငန်းထွန်းကားအောင် မလုပ်နိုင်ခဲ့ကြောင်း ဦးအောင်ခင် နဲ့ ကိုကျော်ကျော်သိန်းတို့က သုံးသပ်တင်ပြထားပါတယ်။
၂၀၁၃ ခုနှစ်အတွင်း စီးပွားရေးကဏ္ဍ အတော်များများမှာ တိုးတက်မှုမရှိဘူးလို့ သုံးသပ်တာမျိုး ရှိပါတယ်။
"တက်ကြွလှုပ်ရှားသူ အများအပြားဟာ လည်း ဘာမှကျူးလွန်တာမဟုတ်ဘဲ သူတို့ရဲ့လူ့အခွင့်အရေးကို ကျင့်သုံးရုံသက်သက်နဲ့ ဖမ်းဆီးခံထားရတာ၊ တရားရင်ဆိုင်နေရ တာတွေရှိနေပါတယ်။ ဒါကြောင့် နှစ်မကုန်ခင်မှာ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးမယ်လို့ မြန်မာအစိုးရက ကတိပေး ထားတဲ့အတိုင်း လုပ်ဆောင်ဖို့ ကျနော်တို့လိုလားပါတယ်။”
နောက်ထပ်ကြည့်ရှုရန်