အောက်တိုဘာ ၀၅၊ ၂၀၁၄ - ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကုလသမဂ္ဂရုံးချုပ်ကို ရောက်ချိန်မှာ ကိုကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်းထားပါတယ်။
အောက်တိုဘာ ၂၊ ၂၀၁၄ - မြန်မာပြည် တိုးတက်ဖွံ့ဖြိုးဖို့အတွက် ဆောင်ရန်ရှောင်ရန်ကိစ္စတွေကို အာရှဖွံ့ဖြိုးရေးဘဏ်က သုံးသပ်ထားပါ တယ်။ ဒီအကြောင်းကို ဦးအောင်ခင်နဲ့ ကိုကျော်ကျော်သိန်းတို့က ကောက်နုတ်တင်ပြထားပါတယ်။
"အမေရိကန်အနေနဲ့ တခုကျန်နေတဲ့ အခက်အခဲလေးကတော့ လွှတ်တော်ပိုင်းကနေပြီးတော့ ချမှတ်ထားခဲ့တဲ့ ဥပဒေတွေ ပြန်လည် ရုပ်သိမ်းပေးဖို့၊ ပယ်ဖျက်ပေးဖို့၊ ဒါတွေ ကျန်ပါတယ်။ ဒါတွေသာ ဖယ်ရှားနိုင်မယ်ဆိုရင် မြန်မာနဲ့ အမေရိကန်ရဲ့ ဆက်ဆံရေးဟာ ဒီထက်မက အများကြီး အရှိန်အဟုန်နဲ့ တိုးတက်လာမယ်လို့ မျှော်လင့်ရပါတယ်"
“ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံးနိုင်ငံ LDC အဖြစ် သတ်မှတ်ခံထားရတာကနေ ပယ်ဖျက်ဖို့အတွက် မြန်မာနိုင်ငံအနေနဲ့ အပြည့်အ၀ သန္နိဋ္ဌာန် ချထားပြီး လုပ်ငန်းစဉ်တွေ စတင်နေပြီဆိုတာကို ဒီနေရာမှာ ကျနော်ကြေညာလိုပါတယ်။" (နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်)
စက်တင်ဘာ ၂၅၊ ၂၀၁၄ - ဈေးကွက်စီးပွားရေး ကျင့်သုံးလာတာ အနှစ်အစိတ်လောက်ရှိပြီး ဖြစ်ပေမဲ့ မြန်မာပြည်မှာ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း ထွန်းကားဖို့ အခက်အခဲရှိနေသေးတာကို ဦးအောင်ခင် နဲ့ ကိုကျော်ကျော်သိန်းတို့က သုံးသပ်တင်ပြထားပါတယ်။
စက်တင်ဘာ ၁၈၊ ၂၀၁၄ - အာဆီယံစီးပွားရေးအသိုက်အဝန်း အကောင်အထည်ပေါ်ရေးဟာ ဗမာအစိုးရရဲ့ စိတ်ကူးယဉ်အိပ်မက်လို ဖြစ်နေပုံကို ဦးအောင်ခင်နဲ့ ကိုကျော်ကျော်သိန်းတို့က သုံးသပ် တင်ပြထားပါတယ်။
စက်တင်ဘာ ၁၁၊ ၂၀၁၄ - အလွန်ခေတ်နောက်ကျနေတဲ့ မြန်မာ့ဘဏ်လုပ်ငန်းကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်ကြောင်း ကမ္ဘာ့ဘဏ် အရာရှိဟောင်းတဦးရေးသားတဲ့ အစီရင်ခံစာကို ဦးအောင်ခင်နဲ့ ကိုကျော်ကျော်သိန်းတို့က အကျဉ်းချုံး တင်ပြထားပါတယ်။
စက်တင်ဘာ ၄၊ ၂၀၁၄ - ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက် အစီအစဉ်မှာ ပြန်လည်ရှင်သန်လာတဲ့ မြန်မာ့ဘဏ်လုပ်ငန်းနဲ့ ငွေမဲခဝါချမှုအကြောင်း ဦးအောင်ခင်နဲ့ ကိုကျော်ကျော်သိန်းတို့က အကျဉ်းချုံး တင်ပြထားပါတယ်။
သြဂုတ် ၂၈၊ ၂၀၁၄ - စစ်အာဏာရှင်တွေ ကြီးစိုးစဉ်က ငွေစက္ကူတွေကို လိုသလို ရိုက်နှိပ်သုံးစွဲခဲ့လို့ ငွေကြေးဖောင်းပွပြီး ကျပ်ငွေတန်ဖိုး ကျဆင်းရပုံကို ဦးအောင်ခင်နဲ့ ကိုကျော်ကျော်သိန်းတို့က အကျဉ်းချုံး တင်ပြထားပါတယ်။
သြဂုတ် ၂၁၊ ၂၀၁၄ - ဖွံ့ဖြိုးတိုးတက်လာအောင် အကြံအဖန်လုပ်လို့ မရပါဘူး။ ကျင့်သားရနေတဲ့ ခြယ်လှယ်သွေးစုတ် ထုတ်ယူတဲ့စနစ် ပျောက်ကွယ်ပြီး အားလုံးပါဝင်နိုင်တဲ့ ဖွဲ့စည်းတည်ထောင်မှု ရှိဖို့လိုအပ်ကြောင်း သုံးသပ်ထားတဲ့စာအုပ်ကို ဦးအောင်ခင်နဲ့ ကိုကျော်ကျော်သိန်းတို့က အကျဉ်းချုံး တင်ပြထားပါတယ်။
တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်း ဗီယက်နမ်နိုင်ငံရဲ့ စီးပွားရေးနဲ့ ရင်းနှီး မြှုပ်နှံမှုအခြေအနေ ဘယ်လိုရှိနေပါပြီလည်း …
သြဂုတ် ၁၄၊ ၂၀၁၄ - မြန်မာ့ပြုပြင်ရေးမှာ အင်အားစုတွေ စုပေါင်းပြီး လက်တွဲမလုပ်နိုင်ရင် အတိုင်းမသိတဲ့ နစ်နာဆုံးရှုံးမှုတွေကို ရင်ဆိုင်ရဖွယ်ရှိတယ်လို့ ဟားဗတ်တက္ကသိုလ်က ပညာရှင်နှစ်ဦး သုံးသပ်ထားတာကို ဦးအောင်ခင်နဲ့ ကိုကျော်ကျော်သိန်းတို့က အကျဉ်းချုံး တင်ပြထားပါတယ်။
သြဂုတ် ၀၇၊ ၂၀၁၄ - ကမ္ဘာ့ဈေးကွက်မှာ စီးပွားရှာနေကြတဲ့ ကုမ္ပဏီကြီးငယ်တွေဟာ အစိုးရအကူအညီကို ရကြပါတယ်။ ဒါပေမဲ့ စစ်အစိုးရဖိနှိပ်တာကို အနှစ် (၅၀) လောက်ခံခဲ့ရတဲ့ မြန်မာကုမ္ပဏီတွေဟာ ယှဉ်ပြိုင်မှုစွမ်းရည် ကင်းမဲ့နေကြောင်း ဦးအောင်ခင်နဲ့ ကိုကျော်ကျော်သိန်းတို့က သုံးသပ်တင်ပြထားပါတယ်။
အမေရိကန်စီးပွားရေး ပုံမှန်ပြန်ဖြစ်လာနေပြီး အလုပ်အကိုင်အရေအတွက် တိုးလာနေတယ်ဆိုပေမယ့် အလုပ်အကိုင်ပိုင်းမှာ အမျိုးသမီး အမျိုးသားကွာခြားချက် ရှိနေတုန်းပါပဲ။
ဇူလိုင် ၃၁၊ ၂၀၁၄ - အစိုးရနဲ့ ခရိုနီလုပ်ငန်းတွေ ကြီးစိုးခဲ့တဲ့ အာဆီယံနိုင်ငံတွေမှာ တရားမျှတစွာ စီးပွားရေး ပြိုင်ဆိုင်လုပ်ကိုင်နိုင်အောင် မူဝါဒချမှတ်ပြီး ဥပဒေတွေ ပြုစုပြဌာန်းလာတာ တွေ့ရပါတယ်။ ဒီကိစ္စဟာ အပြောလွယ်သလောက် လက်တွေ့လုပ်ရ ခက်ခဲကြောင်း ဦးအောင်ခင်နဲ့ ကိုကျော်ကျော်သိန်းတို့က သုံးသပ်တင်ပြထားပါတယ်။
ဇူလိုင် ၂၄၊ ၂၀၁၄ - တိုင်းပြည်ရဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ရှင်သန်ကြီးထွားလာတာကို တရားမျှတတဲ့ တိုးတက်ဖွံ့ဖြိုးမှုလို့ ASEAN အသင်းက အဓိပ္ပါယ်ဖွင့်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ မြန်မာပြည်ဟာ အောက်ဆုံးအဆင့်မှာ ရောက်နေကြောင်း ဦးအောင်ခင်နဲ့ ကိုကျော်ကျော်သိန်းတို့က သုံးသပ်တင်ပြထားပါတယ်။
BRICS လို့ခေါ်တဲ့ စီးပွားရေးထွန်းသစ်စ ငါးနိုင်ငံအကြား ကမ္ဘာ့ဘဏ်၊ IMF တို့နဲ့အပြိုင် ဘဏ်တခုနဲ့ ရန်ပုံငွေအစီအစဉ်တခု ထူထောင်ဖို့ သဘောတူထားကြပါတယ်။
ဇူလိုင် ၁၇၊ ၂၀၁၄ - အာဆီယံ စီးပွားရေးအသိုက်အဝန်းဆိုတဲ့ စီမံကိန်းကြီး စတင်အကောင်အထည်ဖော်ဖို့ တနှစ်ခွဲပဲ လိုပါတော့တယ်။ ဒါပေမဲ့ မျှော်လင့်ထားသလို ဖြစ်လာဖို့ အလားအလာနည်းနေကြောင်း ဦးအောင်ခင် နဲ့ ကိုကျော်ကျော်သိန်းတို့က သုံးသပ်တင်ပြထားပါတယ်။
အိန္ဒိယနိုင်ငံရဲ့ တုန့်ဆိုင်းနေတဲ့စီးပွားရေးကို ပြန်ပြီးအသက်သွင်းဖို့ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နေပါတယ်။
ဇူလိုင် ၁၀၊ ၂၀၁၄ - ဘိန်းဘုရင်အဖြစ် နံမည်ကြီးခဲ့တဲ့ပုဂ္ဂိုလ်တွေ ကွယ်လွန်သွားကြပေမယ့် မူးယစ်ဆေးလုပ်ငန်းဟာ မြန်မာပြည်မှာ ရှင်သန်ကြီးထွားနေပါတယ်။ တဦးတည်း၊ တဖွဲ့တည်းကို တရားခံသတ်မှတ်ပြီး အရေးယူရုံနဲ့ ဖြေရှင်းနိုင်တဲ့ ပြဿနာမဟုတ်ကြောင်း ဦးအောင်ခင် နဲ့ ကိုကျော်ကျော်သိန်းတို့က သုံးသပ်တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်