မစန္ဒီစိန်သိန်းဟာ “Digital ကဝေ” လို့ခေါ်တဲ့ Digital အေဂျင်စီရဲ့CEO အပြင် ပူးတွဲမတည်သူလဲဖြစ်ပါတယ်။ Digital လူမှုဆက်သွယ်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး သူရဲ့လုပ်ဆောင်မှုကြောင့် အထင်ကရ Forbes စီးပွားရေးမဂ္ဂဇင်းက ၂၀၁၇ခုနှစ် ကမ္ဘာ့အောင်မြင်တဲ့ လူငယ် စွန့်ဦးတည်ထွင်သူ ၆၀၀ စာရင်းမှာ မြန်မာနိုင်ငံက အမျိုးသမီး ၂ ဦးပါဝင်ခဲ့ရာမှာ သူလဲ တဦးအပါအဝင်ဖြစ်ပါတယ်။
Sandi Sein Thein, Greek Girls Myanmar
ခေတ်မှီနည်းပညာကို နှစ်သက်တဲ့ Geek Girls Myanmar ဆိုတဲ့အဖွဲ့ကိုလဲ သူဟာ ၂၀၁၄ ခုနှစ် စက်တင်ဘာလက မတည်ခဲ့သူဖြစ်ပါတယ်။ အဖွဲ့ဝင် ၁၀၀၀ ကျော်ရှိတဲ့ Geek Girls Myanmar အဖွဲ့နဲ့ ပတ်သက်လို့ သူနဲ့ ဆက်သွယ်မေးမြန်းထားတာကို ဒီသတင်းပတ် အမျိုးသမီးများကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။
Your browser doesn’t support HTML5
Sandi Sein Thein
နောက်သတင်းပတ်မှာလဲ မစန္ဒီစိန်သိန်းနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ဒုတိယပိုင်းကို တင်ပြပေးမှာမို့ စောင့်မျှော်နားဆင်ကြပါ။