ဘတ်ဂျက်ကို လွှတ်တော် အတည်မပြုလျှင် ကန်အစိုးရလုပ်ငန်းတချို့ ရပ်ဆိုင်းရနိုင်

အမေရိကန် လွှတ်တော်အဆောက်အဦး။ (ဖေဖော်ဝါရီ ၂၅၊​ ၂၀၂၅) (AFP)

အစိုးရလုပ်ငန်းတွေ တပိုင်းတစ ရပ်မသွားနိုင်အောင် ဘတ်ဂျက် ချထားနိုင်ဖို့အတွက် အောက်လွှတ်တော်ဥက္ကဋ္ဌဟာ ရီပတ်ဘလီကန်အမတ်တွေရဲ့ မဲတွေကို ရနိုင်အောင် အင်္ဂါနေ့မှာ ကြိုးစားနေပါတယ်။

အောက်လွှတ်တော်မှာ ရီပတ်ဘလီကန်အမတ် သုံးယောက်ပဲ အသာရတာမို့ မဲတိုင်းဟာ အစိုးရ ဘတ်ဂျက်ကျဖို့ အရေးကြီးနေတာပါ။

သမ္မတထရမ့်ရဲ့ အစီအစဥ်တွေကို တပိုင်းလောက်မဟုတ်ဘဲ အပြည့်အဝလုပ်နိုင်အောင် ဘတ်ဂျက် ချထားပေးချင်ပါတယ်လို့ ဥက္ကဋ္ဌ Mike Johnson က သတင်းထောက်တွေကို အင်္ဂါနေ့မှာ ပြောပါတယ်။

အထက်လွှတ်တော် အဆိုပြုဘတ်ဂျက်က မတတ်နိုင်သူတွေအတွက် ကျန်းမာရေး အထောက်အပံ့ medicaid အစီအစဥ်ကို မထိပေမဲ့ အောက်လွှတ်တော် အဆိုပြုဘတ်ဂျက်မှာတော့ ဖြတ်တောက်ထားတာပါ။

ထရမ့်ကတော့ အောက်လွှတ်တော် အဆိုပြုချက်ကို ပိုကြိုက်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ရီပတ်ဘလီကန် အောက်လွှတ်တော် အမတ်တယောက်ဖြစ်တဲ့ Thomas Massie ကတော့ လက်ရှိ အဆိုပြု ဘတ်ဂျက်ကို ကန့်ကွက်မဲပေးမယ်လို့ ပြောထားပါတယ်။

Medicaid, အစားအသောက် ထောက်ပံ့ရေးအစီအစဥ်နဲ့ တခြား လူမှုဖူလုံရေး အစီအစဥ်တွေကို မဖြတ်တောက်ဖို့ ရီပတ်ဘလီကန် အောက်လွှတ်တော်အမတ် ၇ ယောက်က တောင်းဆိုနေကြတာကြောင့် အောက်လွှတ်တော်ဥက္ကဋ္ဌအတွက် သူတို့မဲတွေက အရေးကြီးနေပါတယ်။

Your browser doesn’t support HTML5

ဘတ်ဂျက်ကို လွှတ်တော် အတည်မပြုလျှင် ကန်အစိုးရလုပ်ငန်းတချို့ ရပ်ဆိုင်းရနိုင်