ဝါရှင်တန်မြို့တော်၊ လွှတ်တော်အဆောက်အအုံ၊ ဗဟိုခန်းမကြီးမှာထားရှိတဲ့ ကွယ်လွန်သူ ၄၁ ဆက်မြောက် အမေရိကန်သမ္မတဟောင်း George H.W. Bush ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းကို သမ္မတ Donald Trump နဲ့ သမ္မတကတော် Melania Trump တို့က တိတ်ဆိတ်စွာ ဂါရ၀ ပြုခဲ့ကြပါတယ်။ အမေရိကန်ပြည်သူပြည်သားတွေကလည်း သမ္မတ George H.W. Bush ကို ဂုဏ်ပြုနေကြတာပါ။
သမ္မတ Bush ရဲ့ ရုပ်အလောင်းကို အလေးမပြုခင်မှာ သမ္မတ Trump တို့ ဇနီးမောင်နှံ ရဲ့ ရုပ်အလောင်းဘေးမှာ တမိနစ်ကြာ ရပ်ပြီးဂါရဝပြုခဲ့ကြပါတယ်။ အဲဒီလိုအလေးပြုပြီးတဲ့နောက် သမ္မတနဲ့ သမ္မတ ကတော်တို့ လွှတ်တော်ဗဟိုခန်းမကြီးကနေ ပြန်ပြီးထွက်ခွါသွားခဲ့ကြပါတယ်။ သမ္မတ Bush ရဲ့ ရုပ်အလောင်းကိုလွှတ်တော်အဆောက်အအုံမှာ အများပြည်သူတွေ နောက်ဆုံးလာရောက်ဂါရဝပြုနိုင်ဖို့ ဗုဓ္ဒဟူးနေ့ မနက်အစောပိုင်းထိ ဖွင့်လှစ်ပေးထားပါတယ်။
သမ္မတ Bush ဟာ နှစ်တွေနဲ့ချီ မကျန်းမမာဖြစ်လာခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့သောကြာနေ့က အသက် ၉၄ နှစ်အရွယ်မှာ Texas ပြည်နယ်က သူ့နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
Your browser doesn’t support HTML5
သမ္မတဟောင်း Bush ရုပ်အလောင်း သမ္မတ Trump နဲ့ သမ္မတကတော် ဂါရဝပြု