[Zawgyi/Unicode]
မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အကြောင်း ရေးထားတဲ့ အတ္ထုပတ္တိစာအုပ်သစ်မှာ သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un တို့အကြား ပေးစာပေါင်း ၂၅ စာင် ရှိတဲ့အကြောင်းကို ဖော်ပြထားပြီး အဲဒီ စာတွေက သူတို့နှစ်ဦးအကြားမှာ ရှိတဲ့ အမှန်တကယ် ဆက်ဆံရေးကို ဖော်ထုတ် ပြောပြနိုင်တယ်လို့ ဆိုပါတယ်။
အမေရိကန် နိုင်ငံရေး သတင်းထောက် Bob Woodward ရေးသားတဲ့ အဲဒီ ထရမ့် အတ္ထုပတ္တိစာအုပ်သစ်ရဲ့ ခေါင်းစဉ်ကို “Rage” “ ဒေါသမာန်ဟုန်” လို့ နာမည် ပေးထား တယ်လို့ ဗုဒ္ဓဟူးနေ့က အွန်လိုင်း အရောင်းအဝယ် အမေဇုန် ဝက်ဘ်ဆိုဒ် မှာဖော်ပြထားပါတယ်။
သမ္မတ ထရမ့်နဲ့ မြောက်ကိုရီယား ခေါင်းဆောင် Kim တို့အကြား အပြန်အလှန် ပေးပို့ထားတဲ့ ပေးစာ ၂၅ စောင်နဲ့ ပတ်သက်လို့ ဒီစာအုပ်ထဲမှာ ဘယ်လောက်အထိ ဖော်ပြထားသလဲဆိုတာတော့ မသိရသေးပါဘူး။
SEE ALSO: နျူကလီးယားအရေး အမေရိကန်နဲ့ ဆွေးနွေးဖို့မရှိ - မြောက်ကိုရီးယားအမေရိကန်နဲ့ မြောက်ကိုရီးယားတို့ တရားဝင် ထုတ်ဖော် ပြောကြားတဲ့ ခေါင်းဆောင်နှစ်ဦး အပြန်အလှန် ပေးပို့တဲ့ စာတွေရဲ့ အရေအတွက်က အနည်းဆုံး ၁၀ စောင်ရှိခဲ့ပေမဲ့ ထွက်ရှိလာမယ် စာအုပ်သစ်အရ သူတို့အကြား ပုဂ္ဂိုလ်ရေးအရ ပေးပို့ခဲ့ကြတဲ့ စာအရေအတွက် ၂၅ စောင် ရှိတယ်ဆိုတာ အခုမှ သိကြရတာ ဖြစ်ပါတယ်။
သမ္မတ ထရမ့်ရဲ အတ္ထုပတ္တိ စာအုပ်သစ်ကို စက်တင်ဘာ ၁၅ ရက်နေ့မှာ တရားဝင် စတင် ဖြန့်ချိမှာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5
အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ၂ ဦးကြား ပေးစာတွေ ထပ်မံထွက်ပေါ်
[Unicode Version]
အမေရိကန် နိုင်ငံရေး သတင်းထောက် Bob Woodward
သမ်မတ ထရမ့ျရဲ အတ်ထုပတ်တိ စာအုပျသဈကို စကျတငျဘာ ၁၅ ရကျနေ့မှာ တရားဝငျ စတငျ ဖွန့ျခြိမှာ ဖွဈပါတယျ။