မက္ကဆီကို၊ ကနေဒါ ထံက ကား တင်သွင်းမှု အပေါ် အမေရိကန် သွင်းကုန်ခွန် ဆိုင်းငံ့ 

Trucks queue next to the border wall before crossing to the United States at Otay commercial port in Tijuana, Baja California state, Mexico, on Jan. 22, 2025.

မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့ထံကနေ မော်တော်ယာဉ်တင်သွင်းမှု အပေါ်မှာ သွင်းကုန်ခွန် နှုန်းထားသစ် ၂၅ ရာခိုင်နှုန်း ကောက်ယူရေးကို တလ ဆိုင်းငံ့လိုက်ကြောင်း အမေရိကန် သမ္မတ Donald Trump က ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။

အိမ်နီးချင်း နိုင်ငံတွေနဲ့ ကုန်သွယ်ရေး စစ်ပွဲ ဟာဆိုရင် အမေရိကန်ရဲ့ အဓိက မော်တော်ယာဉ် ထုတ်လုပ်တဲ့ လုပ်ငန်းကြီး သုံးခုကို ထိခိုက်နိုင်တဲ့ အပေါ် စိုးရိမ်ချက်တွေ ထွက်လာပြီးနောက်မှာ သမ္မတ Trump ရဲ့ ကြေညာချက် ထွက်ပေါ်လာတာပါ။ သွင်းကုန်ခွန် ဆိုင်းငံ့ကြောင်း မကြေညာမီမှာ သမ္မတ Trump က Ford ၊ General Motors နဲ့ Stellantis လုပ်ငန်းကြီးတွေက ထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ကြောင်း အိမ်ဖြူတော် ပြောခွင့်ရ Karoline Leavitt က သတင်းထောက်တွေကို ပြောပါတယ်။

သွင်းကုန်ခွန် အရေးတွေကို ရှောင်ရှားနိုင်ရေးအတွက် မက္ကဆီကိုနဲ့ ကနေဒါမှာ ရှိတဲ့ စက်ရုံတွေကို အမေရိကန်ကို ရွှေ့ကြဖို့လည်း သမ္မတ Trump က တိုက်တွန်းခဲ့ကြောင်း သူမကပြောပါတယ်။ ဒါပေမဲ့လို့လည်း အမေရိကန်ရဲ့ အကြီးဆုံး ကုန်သွယ်ဖက်နှစ်နိုင်ငံ ဖြစ်တဲ့ မက္ကဆီကိုနဲ့ ကနေဒါတို့ရဲ့ တခြားသော ထုတ်ကုန်တွေမှာတော့ အမေရိကန်ရဲ့ သွင်းကုန်ခွန် နှုန်းထားသစ်က ဆက်ပြီး သက်ရောက်မှု ရှိနေဆဲဖြစ်ပါတယ်။ သမ္မတ Trump အနေနဲ့ကတော့ တခြားသော ကင်းလွတ်ခွင့် အလားအလာတွေ အတွက်လည်း ကြားနာဖို့ လမ်းဖွင့်ထားပါတယ်လို့လည်း အိမ်ဖြူတော် ပြောခွင့်ရက ပြောပါတယ်။

Your browser doesn’t support HTML5

မက္ကဆီကို၊ ကနေဒါ ထံက ကား တင်သွင်းမှု အပေါ် အမေရိကန် သွင်းကုန်ခွန် ဆိုင်းငံ့