စပိန်နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင်ရ ကာတာလိုနီးယား ဒေသရဲ့ သမ္မတဟောင်း Carles Puigdemont ကို ဒီကနေ့ ဂျာမနီ နိုင်ငံမှာ ဖမ်းဆီးလိုက်ပါတယ်။ ဒိန်းမတ်နိုင်ငံကနေ ဂျာမနီနိုင်ငံကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာချိန်မှာ ဖမ်းဆီးလိုက်တာလို့ ဂျာမနီ ရဲ အဖွဲ့က ပြောပါတယ်။
မစ္စတာ Puigdemotn ဖမ်းခံရတာကို သူ့ ရဲ့ ရှေ့နေ Jaume Alonso-Cuevillas က တွစ်တာ လူမှုကွန်ယက်မှာ အတည်ပြု ရေးသားထားပြီး မစ္စတာ Puigdemotn က ဘယ်လ်ဂျီယံကို သွားရောက်ခဲ့တာလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလက ကာတာလိုနီးယား လွတ်လပ်ရေး လူထုဆန္ဒခံယူပွဲမှာ သူရဲ့ အခန်းဏ္ဍနဲ့ ပတ်သက်ပြီး စပိန် အစိုးရက ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် ဘယ်လ်ဂျီယံကို ကနဦး ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်အတွင်း စပိန်နိုင်ငံကနေ ခွဲထွက်ရေး ကြေညာဖို့ ကြိုးစားမှု အတွက် သူပုန်ထမှုနောက် တခြား ပြစ်မှုတွေနဲ့ ကာတာလန် ခွဲထွက်ရေး ခေါင်းဆောင် ၁၃ ဦးကို စွဲချက်တင်ဖို့ စပိန် တရားရုံးချုပ်က ပြီးခဲ့တဲ့ သောကြာနေ့က ဆုံးဖြတ်ခဲ့ပြီးနောက်မှာ အခုလို ဖမ်းဆီးတာ ဖြစ်ပါတယ်။ စပိန်နိုင်ငံက ထုတ်ထားတဲ့ နိုင်ငံတကာ ဖမ်းဝရမ်းနဲ့ ဂျာမနီ ရဲက မစ္စတာ Puigdemont ကို ဖမ်းဆီးခဲ့တာပါ။ ရာထူးက ဖယ်ရှားခံရတဲ့ ကာတာလန် ခေါင်းဆောင် အနေနဲ့ စပိန်မှာ ထောင်ဒဏ် ၂၅ နှစ် ကျခံရနိုင်တဲ့ အရေးနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
Your browser doesn’t support HTML5
စပိန် Catalonia သမ္မတဟောင်း ဂျာမဏီမှာ ဖမ်းဆီးခံရ