[Zawgyi/Unicode]
အမေရိကန်ပြည်ထောင်စု Florida ပြည်နယ် Jacksonville မြို့မှာ August လထဲ ကျင်းပမယ့် Republican ပါတီညီလာခံကျရင် ရွေးကောက်ပွဲ ပြန်ဝင်မယ့် သမ္မတလောင်းအဖြစ် သမ္မတ Donald Trump မိန့်ခွန်းပြောကြားမယ်လို့ Republican ပါတီကော်မတီက ကြာသပတေးနေ့က ကြေညာပါတယ်။
North Carolina ပြည်နယ် Charlotte မြို့မှာလည်း ပါတီညီလာခံကို ကျင်းပမှာဖြစ်ပေမဲ့ သမ္မတလောင်း မိန့်ခွန်းပြောကြားမှုအပါအဝင် တချို့ကိစ္စတွေကို Florida ပြည်နယ်မှာလုပ်မယ်လို့ ပါတီကော်မတီက ပြောပါတယ်။
SEE ALSO: လူထုလှုပ်ရှားမှုဂယက်နှင့် Donald Trump မဲဆွယ်ခရီးCOVID-19 ကပ်ရောဂါကူးစက်မှု ထိန်းချုပ်တဲ့အနေနဲ့ လူချင်းခပ်ခွာခွာနေဖို့၊ နှာခေါင်းစည်းတပ်ဖို့ စတဲ့ ကန့်သတ်ချက်တွေ ရှိနေချိန်မှာ သမ္မတ Trump က သူမိန့်ခွန်းပြောတဲ့အခါ ဒီသတ်မှတ်ချက်တွေ မရှိဘဲ လူအပြည့်တက်ရောက်တဲ့ ခန်းမထဲမှာပဲ ပြောချင်တယ်လို့ အလေးထားပြောနေပါတယ်။
Republican ပါတီဥက္ကဋ္ဌ Ronna McDaniel
၂၀၂၀ သမ္မတရွေးကောက်ပွဲ အနိုင်ရရေးအတွက် သိပ်အရေးကြီးတဲ့ Florida ပြည်နယ်မှာ အောင်ပွဲခံပွဲကြီးကျင်းပဖို့နဲ့ စီးပွားရေး ပိုကောင်းမွန်လာဖို့ Republican တွေ စိတ်အားထက်သန်နေကြတယ်လို့ Republican ပါတီဥက္ကဋ္ဌ Ronna McDaniel က ကြေညာချက်ထဲမှာ ပြောကြားထားပါတယ်။
Your browser doesn’t support HTML5
ရီပတ်ဘလီကန်ပါတီညီလာခံ ဖလော်ရီဒါမှာ သြဂုတ်လ ကျင်းပမယ်
[Unicode Version]
အမေရိကန် သမ္မတ Donald Trump
SEE ALSO: ကန်သမ္မတရဲ့လူမျိုးခွဲခြား မှတ်ချက်အပေါ် လွှတ်တော်မဲခွဲမည်COVID-19 ကပျရောဂါကူးစကျမှု ထိနျးခြုပျတဲ့အနနေဲ့ လူခငြျးခပျခှာခှာနဖေို့၊ နှာခေါငျးစညျးတပျဖို့ စတဲ့ ကန့ျသတျခကြျတှေ ရှိနခြေိနျမှာ သမ်မတ Trump က သူမိန့ျခှနျးပွောတဲ့အခါ ဒီသတျမှတျခကြျတှေ မရှိဘဲ လူအပွည့ျတကျရောကျတဲ့ ခနျးမထဲမှာပဲ ပွောခငြျတယျလို့ အလေးထားပွောနပေါတယျ။