အသွင်သဏ္ဍာန်ရော အနှစ်သာရပါ ပြောင်းလဲရမယ့် ရဲတပ်ဖွဲ့

စစ်ကိုင်းတိုင်းဒေသကြီးကနေ နေပြည်တော်ကို ချီတက်လာတဲ့ အလုပ်သမား သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့မှ တားဆီးစဉ်။ (၁၈ မေလ၊ ၂၀၁၆)

အစိုးရသစ် လက်ထက်မှာ လုပ်ပုံကိုင်ပုံ ပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံမှု ပုံစံ ပြောင်းလဲစ ပြုလာတဲ့ ရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်တွေ အပေါ် ပြည်သူလူထုရဲ့ ချီးကျူးသံတွေ ထွက်ပေါ်လာနေပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ ပြည်သူလူထု အားထားရတဲ့ အဖွဲ့အစည်း တခုအဖြစ် ပြုပြင် ပြောင်းလဲနိုင်ဖို့ လမ်းကြောင်းမှန် ပေါ်ရောက် ရှိနေပါပြီလား၊ ဘာတွေကို ဘယ်လို ဆက်ပြီး ပြောင်းလဲဖို့ လိုအပ်ပါသလဲ ဆိုတာကို ရှေ့နေကြီး ဦးသိန်းသန်းဦး၊ အာရှလူ့အခွင့်အရေး ကော်မရှင်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ တာဝန်ခံ ဦးမင်းလွင်ဦးတို့ နဲ့ အတူ VOA - အမေရိကန် အသံ ရဲ့ သောတရှင်တွေ ပါဝင်ဆွေးနွေးထားပါတယ်။မသိင်္ဂ ီထိုက် စီစဉ်ပြီး ထုတ်လုပ်သူ မဆုမွန်နဲ့ အတူ တင်ဆက်ထားတဲ့ အင်္ဂါနေ့ ညချမ်း တိုက်ရိုက်လေလှိုင်း အစီအစဉ်ကို နားဆင်နိုင်ပါတယ်။

Your browser doesn’t support HTML5

အစိုးရသစ် လက်ထက် မြန်မာ့ ရဲတပ်ဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ချက်