သတင်းသမား သတ်ဖြတ်မှုနဲ့ ဖိလစ်ပိုင်အကျဉ်းဦးစီး အကြီးအကဲ အရေးယူခံရ
{{Zawgyi/Unicode}}
ဖိလစ်ပိုင် အာဏာပိုင်တို့က အကျဉ်းထောင် ဦးစီးဌာန အကြီးအကဲနဲ့ ဝန်ထမ်း တဦးကို လူသတ်မှု စွပ်စွဲချက်နဲ့ အမှုဖွင့်လိုက်ပြီး ဖိလစ်ပိုင် ရေဒီယို အစီအစဉ် တင်ဆက်သူ တဦးကို ကြံစည်သတ်ဖြတ်ခံရမှုမှာ သူတို့ စီစဉ်ခဲ့တာလို့ စွပ်စွဲထားသလို နိုင်ငံရဲ့ အကျဉ်းထောင် စနစ်ကို ရာဇဝတ်ဂိုဏ်း တခုအသွင် ဖြစ်စေတယ်လို့လည်း ပြောဆိုထားပါတယ်။
ရာထူးက ဆိုင်းငံ့ခံထားရတဲ့ အကျဉ်းဦးစီးဌာန အကြီးအကဲ Gerald Bantag ၊ နောက် အကျဉ်းထောင် လုံခြုံရေး အရာရှိ Ricardo Zulueta နဲ့ အောက်တိုဘာလ ၃ ရက်နေ့က Percival Mabasa ကို သေနတ်နဲ့ ပစ်ခတ်မှုမှာ အဓိက သံသယ ရှိသူတွေကိုလည်း အမှုဖွင့်ထားတာ ဖြစ်ပါတယ်။
မူမမှန်တဲ့ လုပ်ရပ်တွေနဲ့ အဂတိ လိုက်စားမှု စွပ်စွဲချက်တွေနဲ့ Bantag နဲ့ တခြားသော တာဝန်ရှိသူတွေကို သတင်းထောက် Mabasa က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာပါ။ Percy Lapid ဆိုတဲ့ နာမည်နဲ့ အသံလွှွင့်တဲ့ သတင်းထောက် Mabasa က ဖိလစ်ပိုင်မှာ အခု နောက်ဆုံးသတ်ဖြတ်ခံရတဲ့ မီဒီယာ သမား တဦး ဖြစ်ပါတယ်။
ဖိလစ်ပိုင်ဟာ ဆိုရင် ကမ ္ဘာမှာ သတင်းထောက်တွေ အတွက် အန္တရာယ် အကြီးဆုံး နိုင်ငံ တခု ဖြစ်ပါတယ်။
အကျဉ်းဦးစီးဌာန အကြီးအကဲ Bantag ရဲ့ အုပ်ချုပ်မှု အောက်က အကြီးဆုံး အကျဉ်းထောင်မှာ ထောင်ကျနေတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင် သုံးဦးကို ဒေါ်လာ ၉,၃၀၀ သဘောတူညီချက်နဲ့ Mabasa ကို သတ်ဖြတ်ရေး သေနတ်သမား တဦးရှာဖွေခိုင်းခဲ့ကြောင်း ဖော်ပြထားတဲ့ တရားရေး၊ ပြည်ထဲရေးနဲ့ ရဲတပ်ဖွဲ့ ထိပ်တန်း တာဝန်ရှိသူတွေရဲ့ ပူးတွဲ ကြေညာချက်က ဖော်ပြပါတယ်။
သတင်းထောက်ကို သတ်ဖြတ်ပြီးနောက် သေနတ်သမားလို့ ရဲက ပြောတဲ့ Joel Escorial က ကြောက်ရွံ့ပြီး အဖမ်းခံခဲ့ပြီးနောက် သူ့ကို ခိုင်းစေသူက အကျဉ်းသား တဦး ဖြစ်တဲ့ Jun Villamor ဖြစ်ကြောင်း ဖော်ထုတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အကျဉ်းသား Villamor ကို လူဆိုးဂိုဏ်းခေါင်းဆောင်တွေက အကျဉ်းထောင်တွင်းမှာ သတ်ဖြတ်ခဲ့ပြီး ဒါဟာ အကျဉ်းဦးစီးဌာန အကြီးအကဲ Bantag နဲ့ လုံခြုံရေး တာဝန်ရှိသူ Zulueta တို့က ခိုင်းစေတာလို့ စွပ်စွဲကြောင်းလည်း တာဝန်ရှိသူတွေက ပြောပါတယ်။
Your browser doesn’t support HTML5
သတင်းသမား သတ်ဖြတ်မှုနဲ့ ဖိလစ်ပိုင်အကျဉ်းဦးစီး အကြီးအကဲ အရေးယူခံရ
..........................................
{{Zawgyi/Unicode}}