ဘရာဇီးလ်နိုင်ငံကို ချစ်မြတ်နိုးကြောင်း ရေးစပ်ထားတဲ့ တေးသီချင်း တပုဒ်နဲ့ အတူ ထောင်သောင်းချီတဲ့ ပရိတ်သတ်တွေ တက်ရောက်လာတဲ့ အိုလံပစ် အားကစားပွဲတော်ကို စတင်ဖွင့်လှစ်လိုက်ပါပြီ။
အိုလံပစ်သမိုင်းမှာ ပထမဆုံးအကြိမ် ဒုက္ခသည် အားကစားသင်းတသင်း အပါအဝင် အသင်းပေါင်း ၂၀၀ ကျော် ပါဝင်မယ့် အိုလံပစ် အားကစားပွဲတော် သောကြာနေ့က ဖွင့်ပွဲအခမ်းအနားကိုတော့ ရုပ်မြင်သံကြားက ကြည့်ရှုပေါင်း သန်း ၃ ထောင်လောက် ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။
ဒုက္ခသည် အားကစားသင်းမှာတော့ တောင်ဆူဒန်၊ အီသီယိုပီးယား၊ ဆီးရီးယားနဲ့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတ နိုင်ငံက အားကစားသမား ၁၀ ဦး ပါဝင်ပြီး၊ သူတို့အားလုံးကိုတော့ အိမ်ရှင်တိုင်းပြည်တွေဖြစ်ကြတဲ့ ကင်ညာ၊ လူဇင်ဘောဂ်၊ ဘရာဇီး၊ ဘယ်လ်ဂျီယံနဲ့ ဂျာမနီနိုင်ငံတွေက အိုလံပစ် ကော်မတီတွေ က ရွေးချယ်ခဲ့တာပါ။
အမျိုးသား ၆ ဦး၊ အမျိုးသမီး ၄ ဦး ပါဝင်တဲ့ ဒုက္ခသည်အားကစားသင်းအား အပြေး၊ ဂျုဒိုနဲ့ ရေကူးပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ဖွင့်ပွဲအခမ်းအနားကိုတော့ မီးရှုးမီးပန်းတွေ ပစ်ဖောက်ပြီး ဘရာဇီးနိုင်ငံသားတွေ သဘောကျတဲ့ တောက်တောက်ပပ အရောင်စုံ အဝတ်အစားတွေ ဝတ်စား ထားကြတဲ့ ဒါဇင်နဲ့ချီတဲ့ အကပညာရှင်တွေလည်း ဖျော်ဖြေခဲ့ကြတာပါ။ ဖွင့်ပွဲအခမ်းအနားမှာတော့ ဘရာဇီးလ်နိုင်ငံက ဂရမ်မီဆုရှင် Gilberto Gil ရေးစပ်တဲ့ Aquele Abraco သီချင်းနဲ့ ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။
၂၀၁၆ Rio အိုလံပစ် ပွဲတော်ဖွင့်ပွဲအခမ်းအနား (သတင်းဓာတ်ပုံများ)
Your browser doesn’t support HTML5
၂၀၁၆ Rio အိုလံပစ် ပွဲတော် စပြီ