အမေရိကန်ပြည်ထောင်စုက အမျိုးသမီးတဦးကို ထောက်လှမ်းရေး အကြီးအကဲအဖြစ် ပထမဦးဆုံး ခန့်အပ်လိုက်တာဟာ အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ ဒီလိုခန့်အပ်တာအတွက် ထောက်လှမ်းရေး အသိုင်းအဝိုင်းရဲ့ ဂုဏ်ပြုချီးကြူးမှု အများအပြား ရခဲ့သလို တချို့ကလည်း သူ့အပေါ် သံသယရှိကြပြီး စစ်ဆေးမေးမြန်းရာမှာ ပြင်းထန်တဲ့ ညှင်းပမ်းနှိပ်စက်မှု နည်းတချို့သုံးခဲ့တဲ့ သူမရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး မေးခွန်းတွေ ထုတ်နေကြတာပါ။
အမေရိကန်သမ္မတ Donald Trump ကတော့ သူဟာ Gina Haspel ကို CIA အမေရိကန် ဗဟိုထောက်လှမ်းရေး အဖွဲ့ရဲ့ အကြီးအကဲအဖြစ်အမည်စာရင်းတင်သွင်းလိုက်ပြီး လက်ရှိ CIA ဒါရိုက်တာ Mike Pompeo ကိုတော့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမည်တင်သွင်းလိုက်ကြောင်း သူ့တွစ်တာမှာ ရေးပါတယ်။
Gina Haspel ဟာ ထူူးချွန်တဲ့ ပုဂ္ဂိုလ်တဦးဖြစ်ကြောင်း ကယ်လီဖိုးနီးယားပြည်နယ်ကို ခရီးထွက်ဖို့ ပြင်ဆင်နေချိန်မှာပဲ သမ္မတအိမ်ဖြူ အပြင်ဖက်မှာ သတင်းထောက်တွေကို ပြောပါတယ်။ သူမအကြောင်းကိုလည်း ကောင်းကောင်း သိတယ်လို့ ဆိုပါတယ်။
Haspel ဟာ CIA ဒုတိယညွှန်မှုးဖြစ်ပြီး CIA မှာတာဝန်ထမ်းဆောင်နေတာ အနှစ် ၃၀ ရှိတဲ့ ဝါရင့်တဲ့ပုဂ္ဂိုလ် တဦးပါ။ လန်ဒန်လိုနေရာမျိုးမှာ CIA အကြီးအကဲအဖြစ်တာဝန်ယူရင်း လျှို့ဝှက်တာဝန်တွေကိုပါ ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
သမ္မတ Trump က သူ့အပေါ်ယုံကြည်ပြီး ဒီလိုတာဝန်ပေးတာအတွက် ဝမ်းမြောက်ကြောင်း အင်္ဂါနေ့ သမ္မတအိမ်ဖြူက ထုတ်ပြန်တဲ့ ကြေညာချက်မှာ Haspel က ပြောပါတယ်။ ဒီတာဝန်ပေးအပ်မှု အတည်ပြုခဲ့ရင် သမ္မတ Trump ရဲ့ ထောက်လှန်းရေးအဖွဲ့ပေါ် မျှော်လင့်ချက်ထားတဲ့ အတိုင်း အကောင်းဆုံး ဖြစ်အောင် သူလုပ်ဆောင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
Your browser doesn’t support HTML5
CIA အကြီးအကဲအဖြစ် အမျိုးသမီးတဦးကို Trump ရွေးချယ်