အစ္စလာမ်ဘာသာဝင်တို့ရဲ့ အမြင့်မြတ်ဆုံးနေရာတွေတည်ရှိရာ ဆော်ဒီအာရေဗျနိုင်ငံရဲ့ကောင်းကင်ယံမှာ တနင်္ဂနွေနေ့ညက လခြမ်းကိုတွေ့မြင်ခဲ့ရတာကြောင့် ကမ္ဘာတဝန်းက မွတ်ဆလင် ၁.၈ ဘီလီယံထဲက အများအပြားတို့အတွက်
ရာမာဒန် ဥပုသ်လစတင်ပါပြီ။
SPA သတင်းဌာနကနေမတ်လ ၁၁ ရက်၊ တနင်္လာနေ့ မှာ ဥပုသ်လစတင်ကြောင်း အာဏာပိုင်တွေရဲ့ကြေညာချက်ကို ထုတ်လွှင့်ခဲ့တာပါ။ ရာမာဒန်ဥပုသ်လကို လကိုမြင်တွေ့ရမှ စတင်တဲ့အတွက် နိုင်ငံတခုနဲ့တခုကြား ဥပုသ်ရက် စတာချင်းတော့ မတူညီကြပါဘူး။ ဒါကြောင့်လည်း အာရှတိုက်နိုင်ငံတွေဖြစ်ကြတဲ့ သြစတေးလျ၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်္ကာပူနိုင်ငံတို့မှာတော့ တနင်္လာနေ့မှာ လခြမ်းကိုမတွေ့ရသေးတဲ့အတွက် ဥပုသ်လကို အင်္ဂါနေ့မှာ စဝင်မှာပါ။
ဂါဇာဒေသက အစ္စရေးလ်နဲ့ ဟာမတ်စ်တို့ကြား စစ်ပွဲတွေကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ စိတ်ဆိုးဒေါသဖြစ်နေကြချိန်မှာပဲ မွတ်ဆလင်တို့ရဲ့ ဒီနှစ် ဥပုသ်လရာသီ စတင်တာဖြစ်ပါတယ်။ ဂါဇာဒေသက စစ်ပွဲတွေနဲ့ မတည်အငြိမ်အခြေအနေတွေ ကူးစက်လာမှာကိုလည်း စိုးရိမ်မှုတွေရှိနေကြပါတယ်။
ကိုဗစ်ကပ်ရောဂါနောက်ပိုင်း ငွေကြေးဖောင်းပွမှုမြင့်တက်လာတဲ့အတွက် ကုန်စျေးနှုန်းတွေလည်း တရိပ်ရိပ်တက်နေလာနေပါတယ်။
Your browser doesn’t support HTML5
ကမ္ဘာ့မွတ်ဆလင်အများအပြားတို့အတွက် ရာမဒန်ဥပုသ်ကာလ စတင်