(Zawgyi/Unicode)
စစ်အာဏာသိမ်းပြီးတဲ့နောက် လူထုကို တတ်နိုင်သလောက် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တဲ့ ဆေးရုံဆေးခန်းတွေကို စစ်ကောင်စီက ပိတ်ပစ်ပြီး လုပ်ကိုင်နေတဲ့ ဆေးဝန်ထမ်းတွေကိုလည်း ဖမ်းဆီးခဲ့တာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ အားနည်းသွားတယ်လို့ မန္တလေးမြို့က ဆရာဝန်တဦးက ဗွီအိုအေကိုပြောပါတယ်။
လက်ရှိအားဖြင့် ဆေးပညာကို ဆက်ပြီး သင်ယူလေ့လာချင်ကြတဲ့ ဆေးဝန်ထမ်းတွေနဲ့ ကျောင်းသူကျောင်းသားတွေအတွက် အွန်လိုင်းကနေ ဆွေးနွေးပို့ချတာတွေ လုပ်ပေးနေတယ်လို့ လုံခြုံရေးအရ နာမည်ထုတ်မပြောနိုင်တဲ့ Medical Family-Mandalay အဖွဲ့က CDM ဆရာဝန်တဦးက ဗွီအိုအေကိုပြောပါတယ်။ ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
Your browser doesn’t support HTML5
Medical Family-Mandalay ဘာတွေလုပ်နေလဲ ...
.............................
Medical Family-Mandalay ဘာတှလေုပျနလေဲ ...
(Unicode)