စင်္ကာပူအခြေစိုက် Interra Resources ကုမ္ပဏီဟာ မြန်မာစစ်ကောင်စီပိုင် ရေနံနဲ့ သဘာဝဓါတ်ငွေ့ လုပ်ငန်းတွေအတွက် ရေနံထောက်ပံ့ရောင်းချနေတယ်ဆိုပြီး မြန်မာ့အရေးစောင့်ကြည့်နေတဲ့ Justice for Myanmar အဖွဲ့က ဒီနေ့ရက်စွဲနဲ့ သတင်း ထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၃ နှစ်ကုန်အထိ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အတွက် ရေနံစည်ပေါင်း ၂ သန်း ၃ သိန်း ရောင်းချခဲ့တဲ့ Goldpertol Joint Operation ရဲ့ ၆၀ ရာခိုင်နှုန်းကို Interra Resources ကုမ္ပဏီဟာ ပိုင်ကြောင်း ကြေညာချက်မှာ ဖေါ်ပြပါတယ်။
SEE ALSO: ထိုင်းနယ်စပ် KK Park နဲ့ အွန်လိုင်းရာဇဝတ်လုပ်ငန်းGoldpetrol ကုမ္ပဏီဟာ ချောက်နဲ့ ရေနံချောင်း ကုန်းတွင်းပိုင်းရေနံမြေတွေက ထုတ်ယူခဲ့တဲ့ ရေနံတွေကို စစ်ကောင်စီ စွမ်းအင်ဝန်ကြီးဌာနကြီးကြပ်တဲ့ မန်းသံပုရာကန်မှာသန့်စင်ဖို့ ပေးပို့ခဲ့ပါတယ်။ Goldpetro ရဲ့ အများစုကိုပိုင်ဆိုင်ထားတဲ့ စင်္ကာပl Interra Resources ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံအတွင်း လုပ်ငန်းတွေကနေ ဝင်ငွေ ၅၅ သန်းကျော် ရရှိခဲ့တယ်လို့လည်း ကုမ္ပဏီရဲ့ Stock Exchange ကို ထုတ်ပြန်ချက်တွေ၊ Justice for Myanmar နဲ့ ယူကေ သတင်းထောက်အဖွဲ့အစည်း Finance Uncovered တို့က လေ့လာသုံးသပ်ခဲ့တဲ့ လျှို့ဝှက် ပေါက်ကြားလာတဲ့ ဘဏ္ဍာရေးအစီရင်ခံစာတွေကို ကိုးကားပြီး ပြောဆိုထားပါတယ်။
အနောက်နိုင်ငံတွေ ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ စစ်ကောင်စီလက်အောက်ခံ ရေနံလုပ်ငန်းတွေနဲ့ စီးပွားရေး ပူးပေါင်း လုပ်ဆောင်နေတာဟာ စစ်အုပ်စုကျူးလွန်တဲ့ရာဇဝတ်မှုတွေကို လောင်စာဖြည့်ပေးရာရောက်တယ်ဆိုပြီး ရပ်ဆိုင်းဖို့ Justice for Myanmar အဖွဲ့က တောင်းဆိုထားပါတယ်။
Your browser doesn’t support HTML5
စင်္ကာပူ ရေနံကုမ္ပဏီ စစ်ကောင်စီကို အားပေးနေကြောင်း Justice for Myanmar ထုတ်ပြန်