ဗင်နီဇွဲလားနိုင်ငံက အတိုက်အခံခေါင်းဆောင် Juan Guaido ကို ဗင်နီဇွဲလားသမ္မတ အဖြစ် ကမ္ဘာ့နိုင်ငံ အားလုံး က အသိအမှတ်ပြုဖို့နဲ့ လွတ်မြောက်ရေးဘက်မှာ ရပ်တည်ကြ ဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းတောင်းဆိုကြောင်း အမေရိကန်ဒုသမ္မတ Mike Pence ကပြောလိုက်ပါတယ်။
နိုင်ငံရေးတင်းမာမှုတွေ တနေ့တခြားမြင့်မားလာနေတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ လက်ရှိသမ္မတ Nicolas Maduroနဲ့ သူ့ကိုယ်သူ ကြားဖြတ်သမ္မတအဖြစ်ကြေညာထားတဲ့ အတိုက်အခံ ခေါင်းဆောင် Juan Guaido အကြား အာဏာ အားပြိုင်မှုတွေကြီးမားနေပြီး အမေရိကန် ပြည်ထောင်စုအနေနဲ့ ဗင်နီဇွဲလားပြည်သူတွေဘက်က ရပ်တည်ကြောင်း အမေရိကန် ဒုသမ္မတ Mike Pence ကပြောပါတယ်။ အမေရိကန်ပြည်ထောင်စု တောင်ပိုင်း ဖလော် ရီဒါပြည်နယ်မှာ ရှိနေကြတဲ့ ပြည်ပရောက်ဗင်နီဇွဲလားနိုင်ငံသားတွေ၊ လူထုအဖွဲ့ အစည်း ခေါင်းဆောင် တွေနဲ့ ဒုသမ္မတ Mike Pence တို့ မနေ့က သောကြာနေ့မှာ တွေ့ဆုံ ခဲ့ကြတုန်း အမေရိကန်ရဲ့ရပ်တည်ချက်ကို ပြောဆိုခဲ့တာပါ။
ဗင်နီဇွဲလားနိုင်ငံမှာ လွတ်လပ် မှု ပြန်ရှိလာတဲ့အထိ အမေရိကန်အစိုးရအနေနဲ့ ဗင်နီဇွဲလား ပြည်သူတွေနဲ့အတူ ရပ်တည် သွားမှာဖြစ်ကြောင်းလည်း ဒုသမ္မတ ပန့်စ် ကပြောပါတယ်။ ဗင်နီဇွဲလားနိုင်ငံ လွတ်မြောက်ရေး ရုန်းကန်မှှုမှာ ဘက်နှစ်ဘက်ကိုရပ်မယ့်သူတွေ မလိုဘူး လို့ ကမ္ဘာ့ခေါင်းဆောင်တွေကို အသိပေးလို ကြောင်းလည်း ဒုသမ္မတပန့်စ်ကပြောပါတယ်။
သူ့ကိုယ်သူ ကြားဖြတ် သမ္မတအဖြစ် ကြေငြာထားတဲ့ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် Juan Guaido
အမေရိကန် ပြည်ထောင်စု အမျိုးသားလုံခြုံရေးအကြံပေး John Bolton ကတော့ ဗင်နီ ဇွဲလားနိုင်ငံက အာဏာလွှဲပြောင်းမှုဟာ ငြိမ်းချမ်းတဲ့ အကူးအပြောင်းအဖြစ် အမေရိကန် ဘက်က ရည်ရွယ်ကြောင်းနဲ့ အမေရိကန်က စစ်ရေးနဲ့ ဝင်ရောက်လုပ်ဆောင်မှာ မဟုတ် ဘူးလို့ မနေ့ကပြုလုပ်တဲ့ရေဒီယိုမေးမြန်းခန်းတခုမှာ ပြောခဲ့ပါတယ်။ အတိုက်အခံ ခေါင်းဆောင် Juan Guaido ကလည်း ပြည်ပက စစ်ရေးလုပ်ဆောင်မှုတွေ ရှိလာမယ့် အရေးကို ကန့်ကွက်တယ်လို့ အာဂျင်တီးနားသတင်းစာတစောင် ကိုပြောထားပါတယ်။
Your browser doesn’t support HTML5
Juan Gauido ကို ဗင်နီဇွဲလား သမ္မတ အဖြစ်အသိအမှတ်ပြုဖို့ ကန်နှိုးဆော်