မပြေမလည်ဖြစ်နေတဲ့ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်တိုးတက်အောင် ကျိုးပမ်းနေကြတဲ့ ဂျပန်နဲ့ တောင်ကိုရီးယားတို့က နှစ်နိုင်ငံဆက်ဆံရေး အပြင် အမေရိကန်နဲ့ သုံးဦးသုံးဖလှယ် ဆက်ဆံရေး ကောင်းမွန်ဖို့ အရေးကြီးကြောင်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေက ထပ်လောင်းအတည်ပြုခဲ့ကြပါတယ်။
မြောက်ကိုရီးယားရဲ့နျူကလီးယားခြိမ်းချောက်မှုအပါအဝင် ကိုလိုနီခေတ်က ကိုရီးယားအလုပ်သမားတွေကို ဂျပန်တို့ အတင်းအကြပ်ခိုင်းစေခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွါးနေတဲ့ကိစ္စကိုလည်း နှစ်နိုင်ငံ ပူးတွဲအဖြေရှာဖို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Park Jin နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi တို့ သဘောတူညီခဲ့ကြပါတယ်။
ဒုတိယကမ္ဘာစစ်ကာလနဲ့ ဂျပန်တို့ရဲ့ အတင်းအကြပ် ခိုင်းစေ ရွှေ့ပြောင်းမှုတွေ အပါအဝင် ဂျပန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံကြားသမိုင်းဝင်ကိစ္စရပ်တွေကြောင့် ဆက်ဆံရေးတွေမပြေမလည်ဖြစ်နေတာမှာ Nippon Steel နဲ့ Mitsubishi Heavy Industries ဂျပန်ကုမ္ပဏီ ၂ ခုကိုရောင်းချပြီး ဂျပန်တို့ဖိအားပေး အခိုင်းစေခံခဲ့ရတဲ့ တောင်ကိုရီးယား အလုပ်သမားတွေကို လျော်ကြေးပေးဖို့ တောင်ကိုရီးယားတရားရုံးတခုက ၂၀၁၈ ခုနှစ်မှာ ဆုံးဖြတ်ချက်ချထားတာက အဓိကဖြစ်နေတာပါ။
အဲဒီကုမ္ပဏီတွေကို မရောင်းခင် ဒီကိစ္စကို အဖြေရှာဖို့ ကျိုးပမ်းသွားမယ်လို့လည်း ဝန်ကြီး Park က ပြောကြားသလို ဒီပြဿနာကို အစောဆုံး ဖြေရှင်းရမှာ ဖြစ်ကြောင်း ၂ နိုင်ငံစလုံးက လက်ခံတယ်လို့ တောင်ကိုရီးယားနိုင်ငံခြားရေးဌာနက ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။
Your browser doesn’t support HTML5
ဆက်ဆံရေး တိုးတက်အောင်လုပ်ဖို့ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတွေ သဘောတူ
Unicode