မြန်မာနိုင်ငံကို လက်နက်ရောင်းချတဲ့အတွက် နိုင်ငံတကာရဲ့ဝေဖန်မှုခံနေရတဲ့အတွက် မြန်မာနိုင်ငံအပေါ် လက်နက်တင်ပို့မှုလိုင်စင်တွေကို ထိန်းချုပ်လိုက်ပြီလို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး Abiqdor Liberman က ပြောကြားလိုက်ပါတယ်။ ဒီကိစ္စကို သိုသိုသိပ်သိပ်နဲ့ ခိုင်ခိုင်မာမာ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ ပြင်သစ်ထောက်လှမ်းရေး အွန်လိုင်းမဂ္ဂဇင်းက ဖော်ပြပါတယ်။
မြန်မာနိုင်ငံနဲ့လက်နက်အရောင်းအဝယ်လုပ်တဲ့ ကိစ္စတွေ အများအပြား ပေါ်ထွက်လာတဲ့ အချိန်ကစပြီး ဒီကိစ္စကို အစ္စရေးကာကွယ်ရေး ဝန်ကြီး ဌာနမှာ ဆွေးနွေးနေခဲ့တာဖြစ်တယ် လို့ ဆိုပါတယ်။ မြန်မာနိုင်ငံကို အစ္စရေးက လက်နက်တင်ပို့တယ်ဆိုတဲ့ သတင်းတွေ ဟာလည်း အများ အားဖြင့် မြန်မာစစ်တပ်ဘက်က ပေါ်ထွက်လာခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အစ္စရေးတို့ဆီက မြန်မာရေတပ်အတွက် ကင်းလှည့် ရေယာဉ်တွေ ဝယ်ယူခဲ့တယ်ဆိုတဲ့ကိစ္စကို မြန်မာအစိုးရရဲ့ facebook စာမျက်နှာမှာ လူသိရှင်ကြား ဖော်ပြခဲ့တာဖြစ်ပါတယ်။
အစ္စရေးလက်နက်ကုမ္ပဏီ Tar Ideals Concept ကလည်း ၉၀ ဒီဂရီ ထောင့်မှန် ပစ်ခတ်နိုင်တဲ့ CornerShot သေနတ်တွေရောင်းချပြီး မြန်မာ အထူးတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးခဲ့တယ်ဆိုတဲ့အကြောင်း အစ္စရေးရဲ့ Tar Ideals Concept ကုမ္ပဏီ ဝဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။
အစ္စရေးဟာ အမေရိကန်တို့ဆန့်ကျင်တဲ့ ဒရုန်းနည်းပညာကို တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အတွက်လည်း ဒီလက်နက်ရောင်းချမှုကို ပိတ်ပင်တဲ့ အကြောင်းရင်းတရပ် ဖြစ်နိုင်တယ်လို့ ပြင်သစ် Intelligent အွန်လိုင်းမှာ ဖော်ပြထားပါ တယ်။
Your browser doesn’t support HTML5
Foreign Minister Avigdor Liberman