အမေရိကန်နိုင်ငံ Texas တက္ကသိုလ် ကျန်းမာရေးသုတေသနအဖွဲ့က ကိုယ်ဝန်ဆောင်မိခင်မှာ အာဟာရနည်းနည်းလေး လျော့သွားရင်တောင် သန္ဓေသားကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း ငါးနှစ်အောက် ကလေး (၃) ယောက်မှာ (၁) ယောက်ဟာ အာဟာရချို့တဲ့နေတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ထုတ်ပြန်ခဲ့ပါတယ်။ ဒီအာဟာရချို့တဲ့မှုဟာ အာဟာရမျှတအောင် မစားတတ်တာနဲ့ ဆေးခန်းပုံမှန် မပြတာကြောင့် အဓိကဖြစ်ရတာပါ။ အာဟာရပြည့်စုံအောင် Protein လို့ခေါ်တဲ့ အသားဓာတ်ဖြစ်တဲ့ အသား၊ ငါး၊ နို့၊ ဥ၊ ပဲအမျိုးမျိုးနဲ့ Carbohydrate လို့ခေါ်တဲ့ ကဆီဓာတ် ဖြစ်တဲ့ ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး၊ ပြီးတော့ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေပါတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို မျှတအောင်စားဖို့ အရေးကြီးပါတယ်။
ဒီအကြောင်းတွေ အားလုံးကို ဗီအိုအေ (VOA) သတင်းထောက် အာ့တ် ချိုင်းမ်စ် (Art Chimes) သတင်းပို့ထားတာနဲ့ စုစည်းပြီး ကိုဝင်းမင်း က အိုင်ယာလန်နိုင်ငံက တက္ကသိုလ်တခုဖြစ်တဲ့ University Collage Cork မှာ သုတေသန လုပ်နေပြီး၊ မြန်မာနိုင်ငံမှာနှစ် (၃၀) ကြာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးငယ်တွေကို ကုသပေးခဲ့ဖူးကာ ကိုယ်ဝန်ဆောင် မိခင်တွေရဲ့ အာဟာရအကြောင်းလည်း စာရေးဖူးခဲ့တဲ့ ဆရာဝန် ဒေါက်တာမြင့်ဦးကို မေးမြန်းတင်ပြထားပါတယ်။
မိခင်အာဟာရ နဲ့ ကလေးဦးနှောက်ဖွံဖြိုးမှု
Chad Allcox, left, helps his friend Kevin McElvany, right, the home owner, clear debris away from his destroyed home from Monday's tornado, Moore, Oklahoma, May 22, 2013.