ပြင်သစ်နိုင်ငံ နော်မန်ဒီ (Normandy) ကမ်းခြေမှာ ၇၉ ကြိမ်မြောက် D-Day ကမ်းတက်အောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ဒီကနေ့ မနက် စောစောမှာပဲ လူတွေ အများအပြား စုဝေးခဲ့ကြပါတယ်။ အမေရိကန် အလံတွေ၊ ပန်းတွေ ကိုင်ဆောင်ရင်း တချိန်က စစ်ဝတ်စုံတွေနဲ့ အိုမဟာ (Omaha) ကမ်းခြေမှာ စုဝေး ရောက်နေကြတာပါ။ ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၄ ခုနှစ် ဇွန်လ ၆ ရက်နေ့က မဟာမိတ်တပ်ဖွဲ့တွေ နော်မန်ဒီ ကမ်းခြေကို ချီတက်ပြီး ဂျာမနီလက်အောက် ရောက်နေတဲ့ အနောက်ဥရောပနိုင်ငံတွေ လွတ်မြောက်ရေး ကမ်းတက် တိုက်ပွဲ စတင်တဲ့ နှစ်ပတ်လည်နေ့အဖြစ် နှစ်စဉ် ဇွန်လ ၆ ရက်နေ့မှာ ခုလို D-Day အထိမ်းအမှတ် ကျင်းပတာဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံ နော်မန်ဒီ (Normandy) ကမ်းခြေမှာကျင်းပတဲ့ ၇၉ နှစ်မြောက် D-Day ကမ်းတက်အောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားတွင်းတွေ့ရတဲ့ အမေရိကန်စစ်ပြန်ဟောင်းများ (ဇွန် ၆၊ ၂၀၂၃)
D-Day ကမ်းတက်တိုက်ပွဲ စတင်တဲ့ ပထမဆုံးနေ့ တရက်တည်းမှာပဲ မဟာမိတ်တပ်ဖွဲ့ဝင် ၄,၄၁၄ သေဆုံးခဲ့ရပြီး ဒီအထဲမှာ ၂,၅၀၁ ယောက်က အမေရိကန် စစ်သားတွေ ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရ ရသူကတော့ ၅၀၀၀ ကျော် ရှိခဲ့တာပါ။ ဂျာမနီတပ်ဖွဲ့တွေ ဘက်မှာလည်း သေဆုံးသူနဲ့ ဒဏ်ရာရသူတွေ ထောင်ပေါင်းများစွာ ရှိခဲ့ပါတယ်။
Your browser doesn’t support HTML5
၇၉ ကြိမ်မြောက် D-Day နေ့ ပြင်သစ်မှာ ကျင်းပ