(Zawgyi/Unicode)
ဘဏ်လုပ်ငန်းဟာ အများပြည်သူရဲ့ ယုံကြည်မှုပေါ်မှာ ရပ်တည်ရတာဖြစ်ပြီး အပြန်အလှန်အားဖြင့် အများပြည်သူကိုလည်း မယုံဘူးဆိုရင် မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ ဘဏ်လုပ်ငန်းအကျပ်အတည်း ပြေလည်ဖို့ ခက်လိမ့်မယ်လို့ စီးပွားရေးပညာရှင်တဦးက သုံးသပ်ပါတယ်။
လုပ်ငန်းရှင်တွေအနေနဲ့ ဘဏ်ကနေ ငွေအလုံအလောက် ထုတ်လို့မရတဲ့အတွက် ဝန်ထမ်းတွေကို လစာပေးဖို့ကိစ္စက အဓိက အခက်အခဲတရပ် ဖြစ်နေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တဦးကလည်း ပြောပါတယ်။ ဒါ့အပြင် ကုန်သွယ်ရေးပိုင်းမှာ ကြီးမားတဲ့ရိုက်ခတ်မှု ဖြစ်နေတယ်လို့လည်းပြောပါတယ်။
လက်ရှိဖြစ်နေတဲ့ ဘဏ်နဲ့ငွေကြေးအကျပ်အတည်း အခြေအနေအရပ်ရပ်နဲ့ပတ်သက်ပြီး စီးပွားရေးပညာရှင် ဦးမင်းခင်၊ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းတို့နဲ့ ကိုကျော်ကျော်သိန်းက မေးမြန်း ဆွေးနွေးထားပါတယ်။
Your browser doesn’t support HTML5
ဘဏ်နဲ့ငွေကြေးအကျပ်အတည်း ပြေလည်နိုင်ခြေရှိပါရဲ့လား
......................
(Unicode)
Your browser doesn’t support HTML5
ဘဏ်အကျပ်အတည်း ပြေလည်နိုင်ပါ့မလား