နိုင်ငံရေးအင်အားဆိုတာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဘဲဖြစ်တယ်၊ တိုင်းရင်းသားတွေရဲ့ လူမှုဘ၀ မြင့်မားအောင် မြင့်တင်ပေးပြီး ညီညွတ်ရေးတည်ဆောက်ရမယ်လို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြား သွားပါတယ်။ သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အမှန်တကယ် တည်ဆောက် နိုင်လိမ့်မယ်လို့ ထင်ကြပါသလား ဆိုတာကို CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မီ အတွင်းရေးမှူး ဦးအေးသာအောင်၊ ရှမ်းသတင်းဌာနက အယ်ဒီတာ ဦးခွန်ဆိုင်း၊ NDF ထွေထွေအတွင်းရေးမှူး ခွန်ဥက္ကာ၊ SNDP ပါတီက သီပေါမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်းတို့နဲ့ ဦးကျော်ဇံသာက ဆွေးနွေးထားပါတယ်။
တိုင်းရင်းသား စည်းလုံးရေး အစိုးရသစ် ဖော်ဆောင်နိုင်မည်လား
Thai police escort a group of Myanmar refugees crossing to Myawaddi town at the Thai-Myanmar border town of Mae Sot (File Photo)